အာဖရိကတိုက်၏ စီးပွားရေးအင် အားကြီးနိုင်ငံတစ်ခုဖြစ်သော တောင် အာဖရိကနိုင်ငံတွင် လေးဘီးယက် စွမ်းအားမြင့် ယာဉ်အမျိုးအစား SUV ရောင်းအားမှာ မြင့်တက် လျက်ရှိပြီး အရောင်းရဆုံး SUV မှာ ဂျာမန်ကုမ္ပဏီ BMW မှထုတ် လုပ်သော ဌ၅ မိုဒယ်ဖြစ်သည်ဟု ဇူလိုင် ၂ ရက်တွင် wheels24.co.za ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇွန်လတစ်လတာ အတွင်း တောင်အာဖရိက SUV စျေးကွက်၌ BMW X5 က အစီးရေ ၁၄၃ စီးရောင်းချခဲ့ရပြီး ပြိုင်ဘက် Toyota Land Cruiser 200 က ၈၉ စီးသာ ရောင်းချနိုင်ခဲ့သည်။
တတိယ ရောင်းအားအကောင်း ဆုံးကုမ္ပဏီမှာ ဗြိတိန်ကုမ္ပဏီ Land Rover မှထုတ်လုပ်သော Range Rover/PR Sport Slip ဖြစ်ကာ ၈၁ စီးရောင်းချခဲ့ရသလို Toyota Prado က ၇၅ စီးဖြင့် စတုတ္ဃ ရောင်းအားအကောင်းဆုံး မိုဒယ်အ ဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပဥ္စမ ရောင်းအားအကောင်းဆုံးမှာ ဆွီဒင် ကုမ္ပဏီ Volvo မှ ထုတ်လုပ်သော XC90 ဖြစ်ကာ ၄၅ စီး ရောင်းချ နိုင်ခဲ့ပြီး Range Rover Velar က အစီး လေးဆယ် ရောင်းချနိုင်ခဲ့သည်။
ထို့နောက်တွင် Land Rover Discovery က ၃၄ စီး၊ Jaguar F-Pace က အစီး သုံးဆယ်၊ BMW X7 ၊ Volkswagen Touareg တို့က ၂၅ စီးတို့ဖြင့် အသီးသီးရောင်းချ ခဲ့ရသည်။ ၂ဝ၁၈ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံတွင် ရောင်း အားအကောင်းဆုံး Large SUV မိုဒယ်မှာ Toyota Fortuner သမအကညနမ ဖြစ် ပြီး တစ်နှစ်အတွင်း အစီးရေ ၁၃, ဝ၉၉ စီး ရောင်းချနိုင်ခဲ့သည်။
Ref: wheels24.co.za