တောင်ငူတွင် CPM ဆိုင်ကယ်ဝယ်ယူသူများကို အနည်းဆုံး ကျပ်သုံးသောင်းမှ နှစ်သိန်းခွဲအထိ ဈေးလျှော့ရောင်းချ

310

တောင်ငူ၊ ဇွန် ၂၂

ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစုအကြီးဆုံး CP Group မှ မြန်မာနိုင်ငံတွင် Assembly စက်ရုံတည်ဆောက်ကာ CPM အမှတ်တံဆိပ်ဖြင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ဖြန့်ချိနေသည့် CP Myanmar ကုမ္ပဏီသည် တောင်ငူမြို့တွင် အထူး Promotion အနေဖြင့် CPM ဆိုင်ကယ်ဝယ်ယူသူများကို အနည်းဆုံး ကျပ်သုံးသောင်းမှ ကျပ် နှစ်သိန်းခွဲအထိ ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“အဓိက ကုမ္ပဏီက အစီအစဉ်နဲ့ ဈေးလျှော့ရောင်းချပေးဖြစ်တာ၊ Promotion ကာလကတော့ တစ်လပေါ့၊ Promotion ကာလအတွင်း စရန်ငွေ ပေးသွင်းထားတယ်ဆိုရင်ကို တစ်လအတွင်း အကျိုးခံစားခွင့်ရှိပါတယ်” ဟု တောင်ငူမြို့၏ CPM ဆိုင်ကယ် အရောင်းကိုယ်စားလှယ် ရရှိထားသူ ကိုကျော်ဇင်လတ်က ပြောကြားသည်။

CPM ဆိုင်ကယ်များကို အထူး Promotion အစီအစဉ်ဖြင့် ဈေးလျှော့ရောင်းချပေးရာတွင် Sawasdee 115 ဆိုင်ကယ်သည် ယခင် ကျပ် ၁,၀၃၀,၀၀၀ ကျပ်ရောင်းချနေရာမှ ယခု ကျပ် ၁၀ သိန်း၊ Smile 125 ကို ယခင် ကျပ် ၁,၁၉၀,၀၀၀ ရောင်းချနေရာမှ ယခု ကျပ် ၉၄၀၀၀၀၊ Sawasdee 125 ဆိုင်ကယ်ကို ယခင် ကျပ် ၁,၁၅၀,၀၀၀ ရောင်းချပေးခဲ့ရာမှ ယခု ကျပ် ကိုးသိန်း၊ Classy 125 ဆိုင်ကယ်ကို ယခင် ကျပ် ၁,၀၅၀,၀၀၀ ရောင်းချခဲ့ရာမှ ယခု ကျပ် ၈၄၅,၀၀၀၊ Classy 110 ဆိုင်ကယ်ကို ယခင် ကျပ် ၉၅၀,၀၀၀ ရောင်းချခဲ့ရာမှ ယခု ကျပ် ၇၅၀,၀၀၀ စသော နှုန်းထားများဖြင့် ရောင်းချေပေးလျက်ရှိကြောင်း တောင်ငူမြို့၏ CPM အရောင်းကိုယ်စားလှယ် Ko Zin Point Company Limited မှ သိရသည်။

“CPM Sawasdee 115 တစ်မျိုးပဲ ကျပ်သုံးသောင်းဈေးလျှော့တာ၊ ကျန်တဲ့အမျိုးအစားတွေက ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းခွဲအထိ ဈေးလျှော့ရောင်းချပေးထားတာ” ဟု ယင်းကုမ္ပဏီမှ Managing Director ကိုကျော်ဇင်လတ်က ထပ်မံဆိုသည်။

CPM ဆိုင်ကယ်များကို အင်ဂျင် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ နှစ်သောင်းအထိ အာမခံပေးထား၍ ဘက်ထရီကိုလည်း ခြောက်လ၊ ရှေ့ဖောက်နောက်ဖောက် ခြောက်လ၊ သို့မဟုတ် ကီလိုမီတာ ခြောက်ထောင် အာမခံပေးထားသည့်အပြင် တစ်နှစ်အတွင်း လက်ခအခမဲ့ပြုပြင်၍ ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here