တောင်ငူ၊ အောက်တိုဘာ ၈
တောင်ငူမြို့တွင် သီတင်းကျွတ်ပွဲ တော် အထိမ်းအမှတ်အနေဖြင့် အောက် တိုဘာလအတွင်း Haojue 115 ဆိုင်ကယ် ဝယ်ယူသူများကို ကျပ် တစ်သိန်းခွဲတန် ရေခဲသေတ္တာနှင့် တန်ဖိုးကြီးပစ္စည်းများ လက်ဆောင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
‘‘သီတင်းကျွတ်ပွဲတော် အထိမ်း အမှတ်အနေနဲ့ Haojue 115 ဆိုင် ကယ် ဝယ်ယူသူတိုင်းအတွက် အထူး အစီအစဉ်အနေနဲ့ အခုလို စီစဉ်ဖြစ် တာပါ၊ မဲနှိုက်စရာ မလိုဘဲနဲ့ Haojue 115 ဆိုင်ကယ်ဝယ်တာနဲ့ ကျပ်တစ်သိန်းခွဲ တန်ဖိုးရှိတဲ့ ရေခဲ သေတ္တာတစ်လုံးနဲ့ ဆိုင်ကယ်ဦး ထုပ်၊ အကျီတို့ပါ တစ်ပါတည်း လက်ဆောင်ပေးသွားမယ်၊ သီ တင်းကျွတ် အထိမ်းအမှတ်ဖြစ်တဲ့အ တွက် Promotion အစီအစဉ်က တော့ အောက်တိုဘာလ တစ်လပါ ပဲ’’ဟု Haojue ဆိုင်ကယ်၏တောင်ငူမြို့ကိုယ်စားလှယ် KoZin Point Company Limited မှ Managing Director ဖြစ်သူ ကိုကျော်ဇင်လတ်က ပြောကြား သည်။
Haojue ဆိုင်ကယ် Brand အောက်တွင် Haojue ဆိုင်ကယ် အမျိုးအစားများစွာ ရှိသည့်အနက် Haojue 115 သည် အရည်အ သွေး အကောင်းဆုံးဖြစ်သည့်အ တွက် တောင်ငူမြို့သူမြို့သားများ စီးနင်းစေလိုသည့် စေတနာဖြင့် ယခုကဲ့သို့ အထူး Promotion လုပ် ၍ ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ Haojue 115 သည် အရည်အသွေး ကောင်းလွန်းသဖြင့် ကုမ္ပဏီမှ အင်ဂျင် ၂ နှစ် အာမခံပေးသော် လည်း တောင်ငူမြို့တွင် ယင်းဆိုင် ကယ်အင်ဂျင်ကို ငါးနှစ် အာမခံပေး ၍ ရောင်းချပေးနေကြောင်း Ko Zin Point Company Limited မှ သိရသည်။
Haojue 115 ဆိုင်ကယ် သည် အင်ဂျင်ပါဝါ ၁၁၅ ဃဃ ဖြင့် ထုတ်လုပ်ထားသည့်အပြင် ရှေ့/ နောက်တာယာတို့ကိုလည်း ပုံမှန် ဆိုဒ်ထက် အနည်းငယ်ကြီးအောင် တပ်ဆင်ပေးထားသဖြင့် လမ်းကြမ်း၊ လမ်းချောများတွင်ပါ အန္တရာယ် ကင်းစွာ မောင်းနှင်နိုင်မည် ဖြစ် သည်။ ထို့ပြင် ခြေတင်ခုံတွင်လည်း ရော်ဘာအပျော့ကို သုံးထားသည့် အပြင် အိပ်ဇောပူဒဏ် ကင်းဝေးရန် ခြေတင်ပြားကို နှစ်ခုတပ်ဆင်ပေး ထားကာ ဆီတိုင်ကီကိုလည်း ၄ ဒသမ ၁ လီတာဆံ့အောင် ထုတ် လုပ်ပေးထားကြောင်း သိရသည်။
တောင်ငူမြို့တွင် Haojue 115 ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁၃ သိန်း ခွဲဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်
(ကေလးြမို့)