တောင်ကိုရီးယား လျှပ်စစ်ကားဈေးကွက်ကို Tesla ဦးဆောင်လျက်ရှိ

169

ထိပ်တန်း အမေရိကန်လျှပ်စစ်ကား ကုမ္ပဏီ Tesla သည် တောင်ကိုရီးယားနိုင်ငံတွင် ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအမှတ် တံဆိပ်အဖြစ် ဦးဆောင်လျက်ရှိ ကြောင်း cleantechnica ဝက်ဘ်ဆိုက်က သြဂုတ် ၂၄ ရက်တွင် ဖော်ပြသည်။

၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ပထမခုနစ်လတာအ တွင်း အာရှစီးပွားရေးအင်အားကြီး နိုင်ငံတောင်ကိုရီးယားတွင် ရောင်း ချထားသော လျှပ်စစ်ကားအရေ အတွက်ကို Tesla Model 3 က အစီးရေ ၆,၈၈၈ စီးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေခြင်းဖြစ်ပြီး ဥရောပ နှင့် အခြားကားအမှတ်တံဆိပ်များ က ၅,၂ဝ၆ စီးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ တောင်ကိုရီးယား၏ အကြီးဆုံးကားကုမ္ပဏီ Hyundai မှထုတ်လုပ်သော Kona EV မိုဒယ်က ၅,၁၂ဝ စီးဖြင့် တတိယနေ ရာမှရပ်တည်နေပြီး KIA Niro EV မိုဒယ်က ၂,၃၁၅ စီးဖြင့် စတုတ္ထနေ ရာတွင် ရှိနေသည်။
ထို့နောက် အမေရိကန်အမှတ် တံဆိပ် Chevy Bolt က ၁,၃၅၇ စီး၊ ဂျာမန်အမှတ်တံဆိပ် BMW 530e က ၁,၁၆၈ စီးရောင်းချကာ ပဉ္စမနှင့် ဆဋ္ဌမရောင်းအားအ ကောင်းဆုံး လျှပ်စစ်ကားအမှတ် တံဆိပ်များအဖြစ် ရပ်တည်နေ သည်။ Tesla Model 3 ၏ ရောင်း အားက ဈေးကွက်ဝေစု ၃၁ ရာခိုင် နှုန်းရှိပြီး Hyundai Kona EV ရောင်းအားက ၂၃ ရာခိုင်နှုန်းရှိရာ ၎င်းတို့နှစ်ခုပေါင်းပမာဏကတောင် ကိုရီးယားဈေးကွက်ကို ၅၄ ရာခိုင် နှုန်းအထိ လွမ်းမိုးထားခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယားသည် အနာဂတ်တွင် လျှပ်စစ်ကားများပိုမို အသုံးပြုရန် ရည်ရွယ်ထားသော် လည်း လက်ရှိအချိန်တွင်မူ လျှပ် စစ်ကားရောင်းအားက မျှော်မှန်း ထားသလောက် မြင့်တက်လာခြင်း မရှိသေးဘဲ စုစုပေါင်း ၂ ရာခိုင်နှုန်း သာရှိသေးသည်။ အဆိုပါရောင်း အားသည် ဗြိတိန် ၈ ရာခိုင်နှုန်း၊ ဂျာမနီ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ် ၉ ဒသမ ၂ ရာခိုင်နှုန်း၊ ပေါ်တူဂီ ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ နယ်သာလန် ၁၂ ဒသမ ၁ ရာခိုင် နှုန်း၊ ဖင်လန် ၁၅ ဒသမ ၇ ရာ ခိုင်နှုန်း၊ ဆွီဒင် ၂၅ ဒသမ ၈ ရာ ခိုင်နှုန်း၊ အိုက်စလန် ၅၃ ရာခိုင် နှုန်း၊ နော်ဝေ ၇ဝ ရာခိုင်နှုန်းတို့ ထက်စာလျှင် များစွာလျော့နည်း နေသေးသည်။

Ref:cleantechnica

LEAVE A REPLY

Please enter your comment!
Please enter your name here