တိုးပွားလာသော ယာဉ်မတော်တဆမှုအန္တရာယ်နှင့် သတိပြုဆင်ခြင်ဖွယ်ရာများ

200

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂ဝ ပြည်နှစ်၊ ဇန်နဝါရီလအတွင်း ယာဉ် မတော်တဆမှု ၂ဝ၃ မှု ဖြစ်ပွားခဲ့ကာ ဦးရေ ၆၂ ဦး သေဆုံးခဲ့ပြီး ဖေဖော် ဝါရီလအတွင်း၌ ၂ဝ၄ မှု ဖြစ်ပွားခဲ့ကာ ၇၃ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ် စဉ်များသည် နှစ်လတာကာလအတွင်း သေဆုံးသူဦးရေ ၁၃၅ ဦးရှိခဲ့သော ကြောင့် တစ်ရက်ပျမ်းမျှ နှစ်ဦးကျော်သေဆုံးနေပြီး ဒဏ်ရာရရှိမှုမှာလည်း နှစ်လတာအတွင်း ၄၂၉ ဦးရှိခဲ့ကာ ဒဏ်ရာရသူဦးရေမှာ တစ်ရက်ပျမ်းမျှ ခုနစ်ဦးကျော် ဖြစ်နေသည်။ ယာဉ်မတော်တဆမှု အများစုသည် ယာဉ် မောင်းများ မဆင်မခြင်မောင်းနှင်မှုကြောင့်ဖြစ်ပြီး ညပိုင်းတွင် အဖြစ်များ သည်။
ထို့ကြောင့် ညပိုင်းတွင် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့များ၊ ရပ်ကွက် တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ယာဉ်ပိတ်ဆို့ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် အရိုးအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများကို လူဦးရေများပြားပြီး အချက်အချာကျသည့် မြို့ကြီးများရှိ ခုတင် ငါးရာဆံ့ ဆေးရုံကြီးများ၌ တာဝန်ချထားရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်မတော်တဆမှုအန္တရာယ် ကြောက်မက်ဖွယ်
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝ၁၅ ခုနှစ် ထုတ်ပြန်ချက်အရ ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးနှုန်းတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဒုတိယအများဆုံးဖြစ်ကြောင်း ဝမ်းနည်းဖွယ်သိရသည်။ သေဆုံးသူများကို လေ့လာကြည့်ရာတွင် အသက် ၁၅ နှစ်မှ ၄၅ နှစ်အကြား အလုပ်လုပ်နိုင်သော အရွယ်အများဆုံးဖြစ်ပြီး လူငယ်နှင့် လူလတ်ပိုင်းများဖြစ်သည့်အတွက် မိသားစုဝင်ငွေအတွက်သာ မက နိုင်ငံတော်အတွက်လည်း များစွာထိိခိုက်သည်။
မြန်မာနိုင်ငံတွင် မကူးစက်တတ်သောရောဂါများ၏ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးနှုန်းများသည်၊ ကူးစက်ရောဂါများကြောင့် ဖြစ်ပွားနှုန်းနှင့် သေ ဆုံးနှုန်းတို့ထက် ပိုမိုမြင့်မားလာနေကြောင်း၊ မကူးစက်တတ်သော ရောဂါ များကြောင့် သေဆုံးနှုန်းသည် သေဆုံးမှုအားလုံး၏ ရာခိုင်နှုန်း ၆ဝ ဖြစ်နေ ကြောင်းနှင့် ယာဉ်မတော်တဆမှုကြောင့် ဖြစ်သည့်ရောဂါများသည် မကူး စက်တတ်သော ရောဂါများတွင်ပါဝင်ပြီး ယာဉ်အန္တရာယ်သည်လည်း မြန်မာ နိုင်ငံ၏လူမှုစီးပွားတိုးတက်သည်နှင့်အမျှ မြင့်မားလာလျက်ရှိကြောင်း သိရ သည်။

ယာဉ်မောင်းရန် ကြောက်နေခြင်းနှင့် ယာဉ်အန္တရာယ်
ပထမဦးဆုံး ကားမောင်းဖူးသူ၊ သို့မဟုတ် ကားမောင်းစဉ် မတော် တဆမှုဖြစ်ခဲ့ဖူးသူများသည် လမ်းပေါ်တက်ပြီး ကားမောင်းသောအခါ မိမိ ကိုယ်ကို ယုံကြည်မှုမရှိဘဲ ကြောက်စိတ်ဝင်တတ်ကြသလို လူအချို့ကလည်း ကားမောင်းခြင်းပညာနှင့် ယာဉ်လမ်းကြောင်းအနေအထားကို ဂဃနဏ မသိကြဘဲ အတင့်ရဲစွာ လမ်းပေါ်တက်မောင်းနှင်နေကြသည်။ မည်သို့ပင် ဆိုစေကာမူ ယာဉ်မောင်သင်တန်းကို စနစ်တကျ လေ့လာသင်ကြားပြီးမှသာ ကားမောင်းသင့်သည်။ ဖော်ပြပါပုဂိ္ဂုလ်များအနေဖြင့် အန္တရာယ်ကင်းစွာ ယာဉ်မောင်းနိုင်ဖို့အတွက် လင်းလင်းရှင်းရှင်းမြင်နိုင်သည့် နေ့ဘက်အချိန် မှာသာ မောင်းသင့်သည်။ တစ်ဦးထည်း ကားမမောင်းဘဲ တစ်စုံတစ် ယောက်ကို အဖော်ပြုပါ။ တွန့်ဆုတ်တွန့်ဆုတ် မောင်းနှင်ခြင်းက မိမိ အတွက်ရော အခြားသောမော်တော်ယာဉ်များအတွက်ကိုပါ အန္တရာယ်ဖြစ် စေနိုင်၍ အထူးသတိရှိစေလိုပါသည်။

ကားစီးခြင်းနှင့် ဘေးအန္တရာယ်
ယေဘုယျအားဖြင့် ကားတစ်စီးတွင် ယာဉ်မောင်းသူနေရာ၊ ယာဉ် မောင်းသူ၏ ဘေးဘက်ထိုင်ခုံနေရာ၊ ယာဉ်မောင်းသူ၏ အနောက်ဘက် တည့်တည့်နေရာ၊ ယာဉ်မောင်းထိုင်ခုံဘေး၏ အနောက်ဘက်နေရာဆိုပြီး လေးနေရာရှိသည်။ ယင်းတို့အနက် ယဉ်မောင်းသူ၏ဘေးတွင် လိုက်ပါလာ သော ခရီးသည်က အန္တရာယ်အများဆုံးဖြစ်ပြီး ယာဉ်မောင်းသူက ဒုတိယ အန္တရာယ်အများဆုံး ဖြစ်သည်။ တတိယ အန္တရာယ်အများဆုံးသူမှာ ယာဉ် မောင်းထိုင်ခုံဘေး၏ အနောက်ဘက်တည့်တည့်နေရာဖြစ်ပြီး ယာဉ်မောင်း သူ၏ အနောက်ဘက်တည့်တည့်နေရာကို အန္တရာယ်အနည်းဆုံးနေရာဟု သတ်မှတ်သည်။ ထို့ကြောင့် ခရီးသည်များအနေဖြင့် ထိုင်ခုံနေရာရွေး ချယ်ရာတွင် ယာဉ်မောင်းသူ၏ အနောက်ဘက်တည့်တည့်ခုံတွင် ထိုင် သင့်သည်။ သို့သော် ယာဉ်တစ်စီးလုံး အန္တရာယ်ကင်းစေဖို့အတွက် ယာဉ် မောင်းသူတွင် တာဝန်အပြည့်အဝရှိနေပြီး ယာဉ်တိုက်မှု ကင်းဝေးစေရန် မိုင်ကျော်၍ မမောင်းပါနှင့်၊ ကားပြိုင်မမောင်းပါနှင့်၊ မူးယစ် အရက်သေစာ သောက်သုံးပြီး မမောင်းပါနှင့်၊ အာရုံလွင့်ပျံ့ရင်း မမောင်းပါနှင့်၊ ဖုန်း ပြောရင်း မမောင်းပါနှင့်၊ အိပ်ငိုက်ရင်း မမောင်းပါနှင့်၊ ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပါ။

ကလေး အသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုရေး
မြန်မာနိုင်ငံအတွင်း ပြည်သူများ မော်တော်ယာဉ် စီးနင်းအသုံးပြု သွားလာမှု မြင့်တက်လာသော်လည်း အတူလိုက်ပါသည့် အသက် ၁ဝ နှစ်အောက် ကလေးငယ်များအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကလေးအသက်ကယ် ထိုင်ခုံခါးပတ် အသုံးပြုမှု နည်းပါးနေကြသည်။ ယနေ့ မြန်မာနိုင်ငံတွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား လူကြီးတစ်ဦးဦးက ရင်ခွင်ပိုက်စီးနင်းခြင်း၊ အသက် ၂ နှစ်မှ ၁ဝ နှစ်ကြားရှိ ကလေးငယ်များအား လူကြီး အသက်ကယ်ထိုင်ခုံ ခါးပတ်များကို လုံးဝအသုံးမပြုဘဲ လိုက်ပါခြင်းတို့ဖြင့် ခရီးသွားလျက် ရှိကြသည်။ ထိုသို့ပြုမူခြင်းက ယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်စဉ် များတွင် ကလေးငယ်သည် လူကြီး၏ရင်ခွင်မှ လွတ်ထွက်ခြင်း၊ ထိုင်ခုံမှ လွင့်စဉ်ခြင်းဖြင့် ကလေးများ အသက်ဆုံးရံှုးမှုနှင့် ပြင်းထန်စွာထိခိုက် ဒဏ်ရာရမှုတို့ တွေ့ကြုံရနိုင်သည်။
နိုင်ငံတကာတွင် ကလေးငယ်များ၏ အသက်အရွယ်နှင့် အရပ် အမြင့်အလိုက် ထုတ်လုပ်ထားသည့် ကလေးအသက်ကယ် ထိုင်ခုံခါး ပတ်များကို နည်းစနစ်မှန်ကန်စွာအသုံးပြုလျက် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များတွင် ကလေးငယ်များ အသက်ဆုံးရံှုးမှုနှင့် ပြင်းထန်စွာထိခိုက်မှု မရှိရအောင် ကာကွယ်စောင့်ရှောက်လျက် ရှိသည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် လက်ရှိပြင်ဆင်ရေးဆွဲပြီး အတည်ပြုပြဌာန်းနိုင်ရန် ဆောင်ရွက် လျက်ရှိသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(မူကြမ်း)၌ ‘မည်သူမျှ သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါရှိသော အသက် ၁ဝ နှစ်အောက် ကလေး ငယ်များအား ကလေးအသက်ကယ်ထိုင်ခုံကို အသုံးမပြုဘဲ စီးနင်းစေခြင်း မပြုရ’ဟူ၍ ထည့်သွင်းရေးဆွဲထားပြီး နည်းဥပဒေများတွင်လည်း ကလေး အသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုခြင်းဆိုင်ရာများကို ထည့်သွင်းပြဌာန်း သွားမည် ဖြစ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ လေ့လာသိရှိရသည်။

ယာဉ်ကြံ့ခိုင်မှု အထူးသတိပြု
အိမ်စီးကားမှ မဟုတ်။ စက်တပ် မော်တော်ယာဉ်အားလုံးအတွက် အရေးကြီးဆုံးသော အချက်တစ်ခုမှာ ကြံ့ခိုင်မှုအခြေအနေ အကောင်းဆုံးရှိ ရေးဖြစ်သည်။ ကြံ့ခိုင်မှုအကောင်းဆုံး အခြေအနေရှိမှသာ မောင်းနှင်ရာတွင် သက်သောင့်သက်သာ ဖြစ်စေပြီး အန္တရာယ်ကင်းဝေးမှု၊ ယာဉ်ပျက်စီးဆုံး ရံှုးခြင်းအတွက်ကိုလည်း စီးပွားရေးအရတွက်ခြေကိုက်မှု စသည့် အချက် များကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ မော်တော်ယာဉ်တစ်စီး ကြံ့ခိုင်မှုအခြေ အနေ အကောင်းဆုံးရှိနေစေဖို့အတွက် ပညာရှင်များက အောက်ပါ အတိုင်း အကြံပြုထားကြသည်။

မော်တော်ယာဉ်တစ်စီး နေ့စဉ်စစ်ဆေးရမည့် အစိတ်အပိုင်းများ
ကားဒက်ရှ်ဘုတ်ပေါ်ရှိ ကားအခြေအနေပြ ဒိုင်ခွက်များနှင့် မီးများ၊ ရှေ့မီး၊ ဘရိတ်မီးနှင့် အချက်ပြမီးများ၊ ကားဘီးတာယာများ၊ အင်ဂျင်ဝိုင် အခြေအနေ၊ ဘရိတ် စသည်တို့ဖြစ်သည်။

သုံးလတစ်ကြိမ်၊ သို့မဟုတ် မိုင် သုံးထောင် မောင်းနှင်ပြီးတိုင်း
စစ်ဆေးလဲလှယ်ရမည့် အစိတ်အပိုင်းများ
ဘက်ထရီနှင့် ဆက်သွယ်ကြိုးများ၊ အင်ဂျင်ခန်းရှိ ခါးပတ်ကြိုးများ၊ အင်ဂျင်လေစစ်ဆန်ခါ၊ အင်ဂျင်ဝိုင် အခြေအနေ၊ အိပ်ဇော၊ ရေတိုင်ကီ နှင့် ရေပိုက်များ၊ ရှေ့မီးနှင့် အခြားမီးများ၊ ပါဝါ စတီယာရင်ဆီ၊ ရေသုတ် တံသုံး ဆပ်ပြာရည်၊ တာယာအခြေအနေ စသည်တို့ဖြစ်သည်။

ခြောက်လတစ်ကြိမ်၊ သို့မဟုတ် မိုင် ခြောက်ထောင် မောင်းနှင်ပြီးတိုင်း
စစ်ဆေးလဲလှယ်ရမည့် အစိတ်အပိုင်းများ
ဘော်ဒီအစိတ်အပိုင်းများနှင့် သက်ဆိုင်သော ချောဆီ၊ အင်ဂျင် လေစစ်ဆန်ခါ၊ အင်ဂျင်ဝိုင်အခြေအနေ၊ ဘက်ထရီ အခြေအနေ၊ ရေ သုတ်တံရှိ ရော်ဘာအဖုံးများ၊ ရှေ့မီးများ စသည်တို့ဖြစ်သည်။

ကိုးလတစ်ကြိမ်၊ သို့မဟုတ် မိုင် ကိုးထောင်မောင်းနှင်ပြီးတိုင်း
စစ်ဆေးလဲလှယ်ရမည့် အစိတ်အပိုင်းများ
ဘက်ထရီနှင့် ဘက်ထရီကြိုးများ၊ ဒိုင်နမိုနှင့် လျှပ်စစ်မိုတာများ၊ ဒက်ရှ်ဘုတ်ပေါ်ရှိ ဒိုင်ခွက်များ၊ ညအချိန်တွင်ဖော်ပြသော မီးများ၊ အိပ်ဇောနှင့် ကာဗွန်ဒိုင်အောက်ဆိုက်စစ် ဆန်ခါများ၊ ရေတိုင်ကီ၊ ရေ တိုင်ကီ ဆန်ခါများ၊ ရေပိုက်များ၊ ပါဝါစတီယာရင်ဆီ၊ ရှေ့မီးနှင့် ဘရိတ်မီးများ၊ အင်ဂျင် လေစစ်ဆန်ခါ စသည်တို့ဖြစ်သည်။

၁၂ လ၊ သို့မဟုတ် မိုင် ၁၂၈,ဝဝဝ မောင်းနှင်ပြီးတိုင်း
စစ်ဆေးလဲလှယ်ရမည့် အစိတ်အပိုင်းများ
မီးခိုးထုတ်လွတ်မှုကို ထိန်းညှိပေးသည့်စနစ်များ၊ အင်ဂျင်ခန်းရှိ ခါးပတ် ကြိုးများ၊ ကားရှေ့ခန်း လေစစ်ဆန်ခါများ၊ ကားဘော်ဒီနှင့်ဆိုင်သော ချောဆီနှင့် အမဲဆီများ၊ လေအေးပေးစက်နှင့် အပူပေးစနစ်များ၊ အင်ဂျင် လေစစ်ဆန်ခါ၊ ဆီပေးစနစ်ဆိုင်ရာ ကိရိယာများ၊ ဘီးအလိုင်းမန့်၊ ရေသုတ်တံ ရော်ဘာအဖုံးများ၊ ဂီယာဘောက်စ်နှင့် ဂီယာဝိုင် အခြေအနေ စသည်တို့ ဖြစ်သည်။
နှိုးဆော်ချက်
ထူးခြားဖြစ်စဉ်များအနေဖြင့် အောက်ပါနည်းနာများကို လေ့လာ၍ အလိုရှိသလို အသုံးချတတ်ပါစေ။

  • ATF(Automatic Transmission Fluid) ဆီသည် အင်ဂျင်၊ ပါဝါစတီယာရင် လုပ်ဆောင်ချက်များတွင် အဓိကအကျဆုံး ကြားခံ ပစ္စည်းဖြစ်၍ မိုင် ၂၄,ဝဝဝ မှ ၃၆,ဝဝဝ ကြား မောင်းနှင်ပြီးတိုင်း ATF ဆီ လဲလှယ်ရန် လိုအပ်သည်။
  • ဘက်ထရီအိုးများ ယိုစိမ့်မှု ရှိမရှိ၊ ဆက်သွယ်ထားသောကြိုးများ သန့်ရှင်းမှု၊ သေချာမှု ရှိမရှိ၊ သံချေးတက်ခြင်းရှိမရှိ စသည်ဖြင့် ပုံမှန် စစ်ဆေးသင့်သည်။ ဘက်ထရီအိုးများကို သုံးနှစ်ထက်ပို၍ မသုံးစွဲသင့်ပေ။
  • အင်ဂျင်၊ ဒိုင်နမိုနှင့် မိုတာများအကြား ဆက်သွယ်ထားသော ခါးပတ်ကြိုးများ လျော့နေခြင်း၊ ပုံမှန်အခြေအနေ မရှိခြင်းများဖြစ်နေပါက အင်ဂျင်ခန်းအတွင်းမှ ဆူညံသံများ ထွက်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ခါးပတ်ကြိုးများကို စနစ်တကျရှိစေရန် စစ်ဆေးပြုပြင်ပါ။ ခရီးမိုင် ခြောက် သောင်းနှင့် ကိုးသောင်းကြား မောင်းနှင်ပြီးပါက ခါးပတ်ကြိုးများကို လဲလှယ် ပေးပါ။
  • ဘရိတ်စနစ်တစ်ခုလုံးတွင် ပါဝင်သော ရှူးများ၊ ဆုံများ၊ ဒရမ်များ နှင့် အစိတ်အပိုင်းအားလုံးကို ခြောက်လတစ်ကြိမ် ကျွမ်းကျင်သူများနှင့် စစ်ဆေးပါ။ ဘရိတ်ဆီကို မိုင် ၂၄,ဝဝဝ မောင်းနှင်ပြီးတိုင်း အသစ်လဲလှယ်ပါ။
  • ကားအင်ဂျင်အတွက် အဓိကကျသော စနစ်တစ်ခုဖြစ်ပြီး ရေတိုင် ကီအတွင်းရှိ ရေပမာဏကို အမြဲစစ်ဆေးပေးရမည်။ ရေဆုံးရံှုးမှုပမာဏ များပြားနေခြင်းက ရေတိုင်ကီယိုစိမ့်ခြင်း၊ သို့မဟုတ် ရေပို်က်များ ပေါက် နေခြင်းတို့ဖြစ်တတ်၍ စစ်ဆေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ ပြုလုပ် ပေးပါ။
  • အင်ဂျင်ဝိုင်ကို ကားမိုဒယ်အမျိုးအစားအပေါ် မူတည်၍ အနည်း ဆုံး မိုင် သုံးထောင်မှ အများဆုံးမိုင် ငါးထောင် မောင်းနှင်ပြီးတိုင်း လဲ လှယ်သင့်သည်။ ဆီစစ်ဆန်ခါများကိုလည်း အလားတူပင် လဲလှယ် သင့်သည်။
  • ပုံမှန်မဟုတ်သော အသံများထွက်ပေါ်ခြင်း၊ ဆူညံသံ များလာခြင်း များ ဖြစ်ပေါ်လာပါက မပျက်မကွက် စစ်ဆေးပြုပြင်ခြင်းများ ပြုလုပ်ပါ။
  • ကားအင်ဂျင်မီးကူးရန် အဓိကလုပ်ဆောင်ပေးရသည့် အစိတ်အ ပိုင်းဖြစ်ပြီး ခရီးမိုင် သုံးသောင်း မောင်းနှင်ပြီးတိုင်း စစ်ဆေးသင့်သည်။ လိုအပ်ပါက လဲလှယ်ပါ။
  • ကားတာယာများ၏ ဖိအားနှင့် ပန်းအခြေအနေကို ပုံမှန်စစ် ဆေးပေးပါ။
  • အချို့ ရေသုတ်တံများက သတ်မှတ်ဆပ်ပြာဆီကိုသာ အသုံးပြု ရန် ကန့်သတ်ထားသည်ကို သတိပြုပါ။ ရေသုတ်တံရှိ ရော်ဘာအဖုံးများကို လည်း ခြောက်လတစ်ကြိမ် လဲလှယ်ပါ။
  • ပါဝါဆီ၊ ဆီပိုက်၊ တိုက်ရော့၊ အလိုင်းမင့်၊ ရှော့အက်ဇောဘား နှင့် ဘောဂျွိုင်းများကိုလည်း ပုံမှန်အခြေအနေ ရှိမရှိ တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးပါ။ အင်ဂျင် လေစစ်ဆန်ခါများ၊ လေအေးပေးစက်နှင့် အပူ ပေးစက်တွင် အသုံးပြုထားသော လေစစ်ဆန်ခါများကို သုံးလတစ်ကြိမ် စစ်ဆေးပါ။ ကားဆေးသား တာရှည်ခံစေရန်အတွက် ပုံမှန်ရေဆေးသင့်ပြီး အရောင်တင်ခြင်း၊ ဖယောင်းတိုက်ခြင်းများကိုလည်း တစ်လနှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါသည်။

(ကိုးကားအညွန်း – ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ထုတ်ြပန်ချက်များနှင့် ေန့စဉ်ထုတ်သတင်းစာများ)

LEAVE A REPLY

Please enter your comment!
Please enter your name here