တိုင်းပြည်၏ ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန်အတွက် လိုအပ်ချက်ရှိနေသေးသည့် လုပ်ငန်းသုံးကားများ

414
Page(Test)

လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ပစ်ကပ်နှင့်လိုက်ထရပ်ဆိုလျှင် လေးဘီး၊ ဟိုင်းလပ်၊ ပါပလေကာ၊ ဆန်နီ တောင်းအေ့စ်ပုစဉ်းခေါင်းတို့ကို ပြေးမြင် ကြမည်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှစ၍ ယာဉ်အို/ယာဉ် ဟောင်းအပ်နှံပြီး အစားထိုးယာဉ် တင်သွင်းခွင့်ပေးသည့် မူဝါဒအစတွင် ပစ်ကပ်နှင့်လူစီးကားမခွဲခြားဘဲ အက္ခရာအစဉ်အလိုက် အပ်နှံခွင့်ပေး ခဲ့သဖြင့် လေးဘီး၊ ဟိုင်းလပ်၊ ဆန်နီ၊ ပါပလေကာ စသည့်ကားများကို အပ်နှံပြီး စလစ်ထုတ်ရန်အတွက် ကားလုပ်ငန်းရှင်များက သူ့ထက်ငါ စျေးကောင်းပေး ဝယ်ယူကြခဲ့ကြသည်။ ထိုလုပ်ငန်းသုံးကားလေးများကို ပိုင်ဆိုင်သူများကလည်း မထင်မှတ်သည့်စျေးများကို ပေးပြီး ဝယ်ယူကြ သည့်အပေါ် ကျေနပ်စွာဖြင့် ရောင်းချခဲ့ကြသည်။ ထိုအချိန်မှစ၍ တစ်ချိန် တစ်ခါက သုံးစွဲခဲ့ကြသည့် လုပ်ငန်းသုံးကားလေးများမှာ သံအရည်ကျို စက်ရုံတွင် တစ်စီးပြီးတစ်စီး အရည်ပျော်သွားခဲ့ကြသည်။ ကားတင်သွင်းခွင့် မူဝါဒစတင်ခဲ့စဉ်က ကားတင်သွင်းသူများမှာ လုပ်ငန်းသုံးကားငယ်များကို အပ်နှံပြီး အစားထိုးယာဉ် တင်သွင်းရာတွင် အမြတ်များများရမည့် Mark II (ရွေငါး)၊ Harrier ၊ Crown ၊ RAV 4 ၊ Kluger ၊ Alphard ၊ Surf ၊ Bighorn ၊ Prado ၊ Land Cruiser ၊ Celsior အစရှိသည့် လူစီး ကားများကိုသာ ပြန်လည်တင်သွင်းခဲ့ကြသဖြင့် လုပ်ငန်းသုံးယာဉ်များမှာ တဖြည်းဖြည်း ရှားပါးလာကြသည်။ ၂ဝ၁၂ ခုနှစ်၊ မေလနောက်ပိုင်းတွင် တစ်ဦးချင်းပါမစ်ဖြင့် ဖရီးပါမစ်ကားများ တင်သွင်းခွင့်ပေးစဉ်ကလည်း Honda Fit(GD1) ၊ Probox ၊ Toyota Vitz ၊ Toyota Ractis ၊ Toyota Belta ၊ Nissan AD Van ၊ Mazda Demio ၊ Suzuki Swift စသည့် လူစီးကားများကိုသာ ဦးစားပေးတင်သွင်းခဲ့ကြသည်။ ထိုသို့ စလစ်ကပ်တင်သွင်းမှုနှင့် ဖရီးပါမစ်ဖြင့်တင်သွင်းခဲ့ကြရာတွင် လူစီးကားများ ကိုသာ အများဆုံးတင်သွင်းခဲ့ကြသဖြင့် လုပ်ငန်းသုံးကားများမှာ ရှားပါး လာရာ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက အင်ဂျင်ပါဝါ ၆၆ဝ ရှိသေ Suzuki Carry ကဲ့သို့ မီနီထရပ်များကို အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ကားများအတိုင်း CIF တန်ဖိုး အမေရိကန်ဒေါ်လာငါးထောင် သတ်မှတ်ပေးခဲ့သလို အခွန်နှုန်းထားများ ကိုလည်း လျှော့ပေါ့ကောက်ခံခဲ့သည်။ ထိုအချိန်မှစ၍ ကားတင်သွင်းသူ အများစုသည် ၆၆ဝ စီစီ မီနီထရပ်များကို တင်သွင်းရန် လမ်းစတွေ့လာပြီး အပြိုင်အဆိုင် တင်သွင်းခဲ့ကြသည်။

၆၆ဝ စီစီ မီနီပစ်ကပ်များ စတင်တင်သွင်းစဉ်က Suzuki Carry သည် ကားစျေးကွက်ထဲသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ထိုကားနှင့်အပြိုင် Mitsubishi Minicab ၊ Daihatsu Hijet ၊ Nissan Clipper ၊ Honda Acty ၊ Subaru Sambar အစရှိသည့် ကားများလည်း တဖြည်းဖြည်းဝင် ရောက်လာခဲ့ကြသည်။ မြန်မာပြည်ကားစျေးကွက်၏ အစဉ်အလာအတိုင်း လူကြိုက်များသည့်ကားများကို အမည်ပြောင်များပေးပြီး သတ်မှတ်ခဲ့ကြ ရာ ၆၆ဝ စီစီ မီနီထရပ်များကို ခွေးဘီလူးကားလေးများဟု အမည်ပေးခဲ့ ကြသည်။ လွန်ခဲ့သည့် ခြောက်နှစ်ကျော်က ခွေးဘီလူးကားတစ်စီးသည် ကျပ်သိန်းငါးဆယ်ဝန်းကျင်ရှိရာ တစ်ပိုင်တစ်နိုင် ဝယ်/ရောင်းများကပင် ကားနှစ်စီး၊ သုံးစီးအထိဝယ်ယူပြီး အရောင်းအဝယ်ပြုလုပ်ခဲ့ကြသည်။ ဆီ စားနှုန်းသက်သာသလို အင်ဂျင်ပါဝါနှင့်မလိုက်အောင် အဆွဲအရုန်းကောင်း သည့် ခွေးဘီလူးကားလေးများသည် တစ်ချိန်ကနာမည်ကျော်ခဲ့သော ဆန်နီ၊ ပါပလေကာကဲ့သို့ အသုံးဝင်သည့်အတွက် အိမ်စီးရန်အတွက်သာ မက လုပ်ငန်းသုံးအတွက်ပါ သုံးစွဲလာကြသည်။ ဘက်စုံအသုံးဝင်ပြီး စျေး သက်သာသဖြင့် ကုန်ပစ္စည်းဖြန့်ချိရေး၊ အပေါ့စားရောင်းဝယ်ရေးလုပ်ငန်း များ၊ လူသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများပါ ခွေး ဘီလူးကားလေးများကို သုံးစွဲလာခဲ့ကြသည်။ ကားတင်သွင်းသူများကလည်း အရင်းအနှီးနည်းပြီး ရောင်းထွက်ရန် လွယ်ကူသည့် ခွေးဘီလူးကားလေး များကို ဦးစီးပေးတင်သွင်းခဲ့ကြသည်။ ထိုအချိန်မှစ၍ ခွေးဘီလူးကား များသည် စျေးကွက်တွင် အားကောင်းလာခဲ့သလို တိုက်ကြေစလစ် ခေတ် ကောင်းချိန်ကလည်း ထိုကားလေးများကို ထုချေပြီး အပ်နှံကြ၍ ၆၆ဝ စီစီ မီနီထရပ်များသည် ဘက်စုံအသုံးဝင်သည်ကို တွေ့ရသည်။

၂ဝ၁၈ ခုနှစ်မှစ၍ ညာမောင်းကားတင်သွင်းမှုကို ပိတ်လိုက်သည့်အခါ တွင် ဂျပန်ညာမောင်း မီနီပစ်ကပ်ကား တင်သွင်းမှုမှာလည်း နိဂုံးချုပ် သွားခဲ့သည်။ ဂျပန်ညာမောင်းပစ်ကပ်များ တင်သွင်းခွင့် မရှိတော့သဖြင့် ရောက်ရှိပြီးသား ကားများ၏ စျေးမှာလည်း တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ သည်။ လွန်ခဲ့သည့် ခြောက်နှစ်ကျော်က သိန်းခြောက်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင်တန် Daihatsu Hijet ၊ Suzuki Carry Truck တို့၏ စျေးမှာ ယခုအချိန်တွင် ကျပ်သိန်း ၁၅ဝ ကျော်အထိ ရောက်ရှိသွားခဲ့သည်။ ဂျပန် ညာမောင်း Carry Truck များသည် ၆၆ဝ စီစီသာရှိသော်လည်း အင်ဂျင် ပါဝါနှင့် မလိုက်အောင် အဆွဲအရုန်းကောင်းမွန်ခြင်းကြောင့် တောင်ပေါ် ဒေသများတွင်လည်း အသုံးဝင်လှသည်။ ကလော၊ အေးသာယာ၊ တောင် ကြီးစသည့် တောင်ပေါ်မြို့များတွင်လည်း Carry Truck များကို တွင်တွင် ကျယ်ကျယ် အသုံးပြုကြသည်။

ဂျပန်ညာမောင်း ၆၆ဝ စီစီကားများ တင်သွင်းခွင့် မရတော့သည့် အချိန်တွင် ထိုကားနှင့်အပြိုင် အရည်အသွေးမြင့်ကား ပေါ်ထွက်မလာခြင်း ကြောင့် ရောက်ရှိပြီးသားကားများမှာ ၁၃ဝဝ စီစီလူစီးကားများထက်ပင် စျေးများ မြင့်တက်သွားခဲ့သည်။ ၆၆ဝ စီစီ ဂျပန်ညာမောင်း မီနီထရပ်များ နှင့် အနီးစပ်ဆုံးဆင်တူသည့် ပြည်တွင်း၌ CKD ဖြင့် တပ်ဆင်ထုတ်လုပ် သော Carburetor အင်ဂျင်၊ Manual Gear ၊ Aircon မပါ၊ Power Steering မဟုတ်သည့် Suzuki Carry Truck သာရှိပြီး DongFeng Myanmar မှ ရောင်းချသည့် K01H Mini Truck သည်လည်း ဂျပန် ညာမောင်းကားများနှင့် အတန်အသင့် ယှဉ်နိုင်သော်ငြား ရန်ကုန်လိုင်စင် မရရှိသောကြောင့် ရန်ကုန်မြို့၌ ရေရှည်အသုံးပြုဖို့ရန် အခက်အခဲရှိ နေသည်။

မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ကားများတပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီ/စက်ရုံများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသော်လည်း လူစီးကား များဖြစ်သည့် Saloon ? Hatchback နှင့် SUV များကိုသာ ဦးစားပေး ထုတ်လုပ်လာကြသည်။ လုပ်ငန်းသုံးကားများမှာ အခွန်သက်သာသဖြင့် ထုတ်လုပ်ရန်ထက် တင်သွင်းရန်ကိုသာ ဆန္ဒရှိနေကြသည်။ ပြည်ပမှ အလုံးစုံတင်သွင်းသည့် လုပ်ငန်းသုံးကားများအတွက် ပေးဆောင်ရသည့် အခွန်ပမာဏသည် များစွာ သက်သာသဖြင့် လုပ်ငန်းရှင်များက ပြည် တွင်း၌ ရင်းနှီးမြှုပ်နှံပြီး စက်ရုံများ တည်ထောင်ကာ မထုတ်လုပ်ချင်ကြ ပေ။ ထိုအခြေအနေကြောင့်လည်း လုပ်ငန်းသုံးကားများမှာ ရွေးချယ်စရာ နည်းလာခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံဆိုလျှင် ကားထုတ် လုပ်မှုကို လုပ်ငန်းသုံးကားများနှင့် စတင်ခဲ့ပြီး ယနေ့အချိန်တွင်လည်း ကမ္ဘာ၌ လုပ်ငန်းသုံးကားထုတ်လုပ်မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ခြောက် နေရာ၌ ရပ်တည်နေသည်။ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သော ပစ်ကပ်ကားများထဲတွင် Ford နှင့် Isuzu မှလွဲပြီး များများစားစား မရှိပေ။ Mini Truck ဆိုလျှင်လည်း Suzuki Carry Truck မှလွဲပြီး ရွေးချယ်စရာ မရှိပေ။ တရုတ်နိုင်ငံထုတ် ကားများကို CBU ဖြင့် တင်သွင်းသည့် ကုမ္ပဏီများစွာ ရှိသော်လည်း ရန်ကုန်လိုင်စင် မရရှိသောကြောင့် ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ကိုယ်ပိုင် အမည်ပေါက်ဖြင့် စီးနိုင်ရန် အခက်အခဲ ရှိနေသည်။ ထို့ပြင် လာမည့် နှစ်တွင်လည်း ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ် တင်သွင်းမှုကို ထိန်း ချုပ်တော့မည်ဖြစ်ရာ တရားဝင်ဖွင့်လှစ်ရောင်းချသော ကားအရောင်းပြခန်း၊ ကားအရောင်းစင်တာများရှိ ကားများကိုသာ ဝယ်ယူခွင့်ရတော့မည် ဖြစ် သည်။

ကားတင်သွင်းမှု ထိန်းချုပ်ထားပြီး ပြည်တွင်း၌ ကားများ တပ်ဆင် ထုတ်လုပ်ရန်သာ မူဝါဒများချမှတ်နေချိန်တွင် အစိုးရအနေဖြင့် အရည် အသွေးမြင့် လုပ်ငန်းသုံးကားများ ထုတ်လုပ်လာရန်အတွက်လည်း တွန်း အား ပေးသင့်ပေသည်။ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်စည်စီးဆင်းရေးအပေါ် မူတည်လျက်ရှိရာ အရည်အသွေးမြင့် လုပ်ငန်း သုံးကားများလည်း လိုအပ်ပေသည်။ ယခုအချိန်တွင် မာမာတင်းတင်း အသုံးပြုနေသော ဂျပန်ညာမောင်း မီနီထရပ်၊ ပစ်ကပ်များမှာ အချိန် ကာလကြာ မြင့်သည်နှင့်အမျှ ကြံ့ခိုင်မှုလျော့နည်းလာမည်ဖြစ်ရာ ထိုကား များနေရာတွင် အစားထိုးနိုင်ဖို့အတွက် အရည်အသွေးမြင့်ကားများ လို အပ်နေသည်။ လုပ်ငန်းသုံးကားများကို ရန်ကုန်လိုင်စင်ရရှိပြီး သင့်တင့် သောစျေးနှုန်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် CKD ၊ SKD စနစ် ဖြင့် စက်ရုံများ ဝင်လာရန်လိုအပ်သည်။ စျေးကွက်အကြိုက်မဟုတ်ဘဲ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းသုံးကားများကို တပ်ဆင်ထုတ် လုပ် နိုင်မှသာလျှင် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အေထာက်အကူ ြပုနိုင်မည်ြဖစ်ေပသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here