တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်နှင့် ကုမ္ပဏီပိုင်ယာဉ်လိုင်း ၃၂ ခု ကို ည ၉ နာရီခွဲအထိ နောက်ဆုံးထားပြေးဆွဲရန် ညွန်ကြားထား

350

ရန်ကုန်၊ ဇူလိုင်

တိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင်နှင့် ကုမ္ပဏီပိုင်ယာဉ်လိုင်း ၃၂ ခုကို ည ၉ နာရီခွဲအထိ နောက်ဆုံးထား ပြေးဆွဲရန် ညွန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည် သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရ သည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်များ၏ ၄ဝ ရာခိုင်နှုန်းမှာ တစ်ဦးပိုင်ယာဉ်များဖြစ်၍ ထိန်းချုပ် ရခက်ခဲနေပြီး အစိုးရနှင့် ကုမ္ပဏီ ပိုင်ယာဉ်လိုင်းအချို့ကို ည ကိုးနာရီ ခွဲအထိ နောက်ဆုံးထား ပြေးဆွဲ ပေးရန် ညွန်ကြားထားသည်။

‘‘ဇူလိုင်လကစပြီး အစိုးရနဲ့ ကုမ္ပဏီပိုင်ယာဉ်လိုင်း ၃၂ ခုကို ည ၉ နာရီခွဲအထိ ပြေးဆွဲပေးဖို့ ညွန် ကြားထားပါတယ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က တာဝန် ယူပြေးဆွဲနေတဲ့ ယာဉ်လိုင်းတော် တော်များများကတော့ ည ၁ဝ နာ ရီအထိ ပြေးဆွဲပေးနေပါတယ်၊ ကုမ္ပဏီပိုင် ယာဉ်လိုင်းတွေထဲမှာ လူထုမိတ်ဆွေနဲ့ Power Eleven ယာဉ်လိုင်းတွေက ည ၁ဝ နာရီအ ထိပြေးဆွဲပေးနေပြီး Omni Focus ကတော့ ၂၄ နာရီအပြည့် ပြေးဆွဲ ပေးနေပါတယ်၊ ယာဉ်လိုင်းအားလုံး ကို ည ၁ဝ နာရီအထိ ပြေးဆွဲပေးဖို့ ညွန်ကြားထားပေမဲ့ တချို့ယာဉ် တွေက တစ်ဦးပိုင်ဖြစ်တဲ့အတွက် ညှိနှိုင်း ဆောင်ရွက်နေပါတယ်၊ နောက်ပိုင်းမှာ ယာဉ်လိုင်းအားလုံး ကို ည ၁ဝ နာရီအထိ မဖြစ်မနေ ပြေးဆွဲပေးဖို့ YRTA အနေနဲ့ စီစဉ် နေပါတယ်၊ ဒီနှစ်ထဲမဟုတ်ရင်တောင် လာမယ့်နှစ်မှာ စတင်နိုင်ဖို့ မျှော် မှန်းထားပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ဇူလိုင်လမှစ၍ လူထုမိတ်ဆွေ ကုမ္ပဏီမှ ယာဉ်လိုင်း သုံးလိုင်း၊ GYCT ကုမ္ပဏီမှ ယာဉ်လိုင်း ခြောက်လိုင်း၊ ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း ခြောက်လိုင်း၊ YBPC ကုမ္ပဏီမှ ယာဉ်လိုင်း သုံးလိုင်း၊ YUPT ကုမ္ပဏီမှ ယာဉ်လိုင်း ငါးလိုင်း၊ စံဝေလ ကုမ္ပဏီမှ ယာဉ် လိုင်း တစ်လိုင်း၊ ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီမှ ယာဉ်လိုင်း သုံး လိုင်း၊ Airport Shuttle ၊ Omni Focus ကုမ္ပဏီမှ ယာဉ်လိုင်း ငါး လိုင်းတို့သည် YRTA မှ ညွန်ကြား ထားသည့်အတိုင်း ည ၉ နာရီခွဲ အထိ ပြေးဆွဲလျက်ရှိကြောင်း သိရ သည်။         

ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here