တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသည့် ဘတ်စ်အစီးတစ်ထောင်ကို ကုမ္ပဏီနှစ်ခုတွင် ရှယ်ယာထည့်ဝင်၍ ဇူလိုင်လ ပထမပတ်မှ စတင်ပြေးဆွဲ

514

ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဝယ်ယူထားသည့် ဘတ်စ်အစီး တစ်ထောင်ကို ကုမ္ပဏီနှစ်ခုတွင် ရှယ်ယာထည့်ဝင်၍ ဇူလိုင်လ ပထ မပတ်အတွင်း စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသည့် ဘတ်စ်အစီး တစ်ထောင်ကို YBS ကုမ္ပဏီများဖြစ်သည့် ရန်ကုန်ဘတ်စ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) နှင့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YUPT)တို့တွင် ရှယ်ယာ များထည့်ဝင်၍ ပြေးဆွဲမည်ဖြစ်ကြောင်း YRTA မှ သိရသည်။

”ဘတ်စ်တွေ ရှယ်ယာထည့်တာက စည်းကမ်းကောင်းတဲ့ ကုမ္ပဏီကို ရွေးချယ်ပြီး ထည့်တာပါ၊ YBPC ကုမ္ပဏီနဲ့ YUPT ကုမ္ပဏီတွေမှာပြေးဆွဲသွားမှာပါ၊ ကနဦးမှတ်ပုံတင်လည်း ပြုလုပ်ပြီးပါပြီ၊ အခု YBS တံဆိပ်ကပ်တာတွေ နံပါတ်တပ်တာတွေ လုပ်နေပါပြီ၊ ဒီလ ပထမပတ်မှာပဲ ပြေးဆွဲမှု စတင်မှာ ဖြစ်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါဘတ်စ် အစီးတစ်ထောင်ကို YBS ကုမ္ပဏီများထဲမှ စည်းကမ်းကောင်းမွန်ပြီး ထိန်းသိမ်းရလွယ်ကူသည့် ကုမ္ပဏီများဖြစ်သည့် ရန်ကုန်ဘတ်စ်အများနှင့်သက်ဆိုင်သောကုမ္ပဏီ(YBPC) နှင့်ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(YUPT)တို့ကို ရွေးချယ်၍ ရှယ်ယာများ ထည့်ဝင် ပြေးဆွဲရခြင်း ဖြစ်ကြောင်း YRTA မှသိရသည်။

ရန်ကုန်ဘတ်စ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(YBPC)သည် ၃၇ ယာဉ်လိုင်းကို တာဝန်ယူ ပြေးဆွဲနေခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ (YUPT)သည် ယာဉ်လိုင်း ၂၁ လိုင်းကို တာဝန်ယူ ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

YBS ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန်အတွက် ဘတ်စ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရုတ်နိုင်ငံနှင့် အစိုးရချင်း ချိတ်ဆက်၍ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည့် Yutong ကုမ္ပဏီနှင့် Amkai ကုမ္ပဏီတို့မှ ထုတ်လုပ်သော ကားများဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆,ဝဝဝ ဖြင့် အစီး တစ်ထောင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here