တရုတ်၌ လျှပ်စစ်ကားထုတ်လုပ်ရန် Daimler နှင့် BAIC တို့ယွမ်ငါးဘီလျံရင်းနှီးမြုပ်နှံ

369

တရုတ်နိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင် လျှပ်စစ်ဘက်ထရီကားထုတ်လုပ်ရန် အတွက် ယွမ်ငါးဘီလျံ အကျိုးတူရင်းနှီးမြုပ်နှံရန် ဂျာမန် ကားကုမ္ပဏီ Daimler နှင့် မိတ်ဖက်တရုတ်ကားကုမ္ပဏီ BAIC တို့ သဘောတူညီလိုက် ကြောင်း ဇူလိုင် ၇ ရက်က နိုင်ငံတကာသတင်းမီဒီယာများ၌ ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ ရင်းနှီးမြုပ်နှံငွေများထဲမှ တစ်စိတ်တစ်ပိုင်းကို Beijing Benz ကုမ္ပဏီနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ၌ ဘက်ထရီစက်ရုံတစ်ရုံတည် ဆောက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း Daimler က ထုတ်ပြန်ကြေညာ ခဲ့သည်။ ”၂ဝ၂၅ ခုနှစ်လောက်မှာတော့ တစ်ကမ္ဘာလုံးရောင်းအားမှာ Mercedes-Benz အမှတ်တံဆိပ် လျှပ်စစ်ကားတွေဟာ တရုတ်ဈေး ကွက်မှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိသွားမှာပါ”ဟု စီမံခန့်ခွဲမှုအဖွဲ့ဝင် Hubertus Troska က ပြောသည်။

လျှပ်စစ် ဘက်ထရီကားများနှင့် Plug-in ဟိုက်ဘရစ်ကားများထုတ် လုပ်ရန်နှင့် Bijing Benz ၏ ထုတ်လုပ်မှုကို ပိုမိုအဆင့်မြင့်တင်နိုင် ရန် မူဘောင် သဘောတူညီမှုတစ်ခုအား Daimler နှင့် BAIC တို့က ပြီးခဲ့သည့် ဇွန်လကတည်းက လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။ ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည့် အဆိုပြုရောင်းအားပမာဏပြည့်မီရေး အကောင်အထည်ဖော်ဆောင်နိုင်ရန် Daimler နှင့်အတူ နိုင်ငံတကာကား ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းတွင် အင်တိုက်အားတိုက် ရင်းနှီးမြုပ်နှံလျက်ရှိကြောင်း သိရသည်။

Ref: Reuters, Auto News China

LEAVE A REPLY

Please enter your comment!
Please enter your name here