တရုတ်ပြည်တွင် သံကုန်ကြမ်းပစ္စည်းများ ဈေးတက်သွားသည့်အတွက် တရုတ်ဆိုင်ကယ်များ အနည်းဆုံးကျပ်ငါးသောင်းခန့် ဈေးတက်လာနိုင်

747
????????????????????????????????????

တရုတ်ပြည်ရှိ ဆိုင်ကယ်ထုတ်လုပ် သည့် စက်ရုံများတွင် ကုန်ကြမ်း ပစ္စည်းများ ရုတ်တရက် ဈေးတက် သွားသည့်အတွက် တရုတ်ဆိုင်ကယ် များ အနည်းဆုံး ကျပ်ငါးသောင်းခန့် ဈေးတက်လာနိုင်ကြောင်း မန္တလေး မြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

”တရုတ်ပြည်မှာ ကုန်ကြမ်း ပစ္စည်းတွေ ဈေးတက်တော့ ဆိုင် ကယ်ထုတ်ပေးတဲ့ စက်ရုံမှာ ဝယ် ဈေးကို ဈေးတွေ တအားတက်သွား တယ်၊ မြန်မာငွေနဲ့ဆို တံဆိပ်သစ် ဘီးတွေ တစ်စီးကို အနည်းဆုံး ကျပ်ငါးသောင်းဝန်းကျင် တက်သွား မယ်၊ ကျွန်တော့်ဆိုင်က တရုတ်ဆိုင် ကယ်တွေလည်း လာမယ့်တစ်ပတ် ကစပြီး ကျပ်ငါးသောင်းဆီ တက် ရောင်းတော့မှာ”ဟု မန္တလေးမြို့  ‘ Yamasuki  ဆိုင်ကယ်အရောင်း ပြခန်း’ ပိုင်ရှင် ကိုဇော်ကြီးက ပြော သည်။

ယခု ၂၀၁၇ ခုနှစ် နှစ်ဆန်း ပိုင်းကလည်း တရုတ်ယွမ်ငွေဈေး အနည်းငယ် မြင့်တက်ခဲ့သော် လည်း ယခုကဲ့သို့ မြန်မာငွေကျပ်ငါး သောင်းအထိ ခုန်တက်သွားခြင်းမရှိ ခဲ့ကြောင်း၊ ယခုအကြိမ် ဈေးတက် မှုသည် ယခုနှစ်ထဲတွင် စံချိန်တင် အများဆုံးဈေးတက်ခြင်း ဖြစ်ပြီး ယင်းသို့ ဈေးတက်မှုကြောင့် ဆိုင် ကယ်ဈေးကွက် အနည်းငယ်ဂယက် ရိုက်နိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်း ရှင်များက သုံးသပ်သည်။

”ဒီနှစ်ထဲ နှစ်ဆန်းပိုင်းတုန်း ကလည်း တစ်ကြိမ် ဈေးတက်ဖူး တယ်၊ အဲဒီတုန်းက ဈေးတက်တာ က နှစ်သောင်း၊ သုံးသောင်းပဲ၊ နောက်ပိုင်း တက်လိုက်၊ ကျလိုက် ဖြစ်နေတာ၊ အခုကျတော့ ရုတ်တ ရက်ကြီး ဝယ်တဲ့စက်ရုံဈေးမှာကို အများကြီး တက်သွားတော့ ပြန် ရောင်းတဲ့အချိန်မှာ တစ်စီးကို အရင်ထက် ငါးသောင်းလောက်တင် ရောင်းရတော့မှာ၊ လက်ရှိတော့ လက်ကျန်ဘီးတွေ ရှိနေသေးတော့ ဈေးမတက်သေးဘူး၊ လာမယ့်တစ် ပတ်ကစပြီး ဈေးတက်မယ့်အကြောင်း ကိုယ်စားလှယ်ဆိုင်တွေလည်း လိုက် ပြောထားတယ်၊ တရုတ်ဘီးတစ်စီး ကို ငါးသောင်းတက်တယ်ဆိုတာက တအား အတက်ကြမ်းလွန်းတယ်၊ ဈေးများလွန်းတယ်၊ ဒီတိုင်းဆိုရင် အရောင်းအဝယ်က အနည်းနဲ့ အ များ ဂယက်ရိုက်မှာပဲ၊ အလိုလိုမှ ဒီ လထဲ အရောင်းပါးနေရတဲ့အထဲ အခုလို ဈေးတက်တော့ ပိုဆိုးဖို့ပဲ ရှိတယ်”ဟု မန္တလေးမြို့ခံ ဆိုင် ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

တရုတ်ပြည်တွင် ကုန်ကြမ်း ပစ္စည်းများ ဈေးတက်သွားရာမှတစ် ဆင့် တံဆိပ်သစ်တရုတ်ဆိုင်ကယ် များသာမက Lifan ၊ Star Sky ၊ Kenbo စသော နာမည်ရ Brand များလည်း လာမည့် အောက်တိုဘာ လ နောက်ဆုံးပတ်မှစ၍ အနည်း ဆုံး ကျပ်ငါးသောင်းဝန်းကျင် ဈေး တက်လာနိုင်သည့်အတွက် ဆိုင် ကယ် လိုအပ်နေသူ များအနေဖြင့် ယခုတစ်ပတ်ထဲတွင် ဝယ်ယူထား သင့်ကြောင်း ဈေးကွက်ကျွမ်းကျင် သူအချို့က အကြံပြုသည်။

”ဒီတစ်ခေါက် ငွေဈေးတက် တဲ့ဟာက တော်တော်နဲ့ ပြန်ကျဖို့ အလားအလာမရှိသလောက်ပဲ၊ အ မှန်တကယ် ဆိုင်ကယ်လိုအပ်တဲ့သူ က ဒီရက်ပိုင်း ဝယ်ထားသင့်တယ်၊ မဟုတ်ရင် ကျပ် ငါးသောင်းကျော် ပိုပေးပြီး ဝယ်ရမယ့်အနေအထား ဖြစ်လာနိုင်တယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက အကြံပြုပြောသည်။

မန္တလေးမြို့တွင် တရုတ်ဆိုင် ကယ်များကို လာမည့်တစ်ပတ်မှ စ၍ ဈေးတက်မည်ဖြစ်သော်လည်း တရုတ်ဆိုင်ကယ်အပိုပစ္စည်းများမှာ မူ ယခင်ရောင်းဈေးထက် ၈ ရာခိုင် နှုန်းဈေးတက်၍ ရောင်းချနေကြပြီ ဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here