တရုတ်နိုင်ငံရှိ ကားအစီးရေ ၄၃,၇၆၄ အား Hyundai မှ ပြန်လည်လက်ခံ ပြုပြင်ပေးမည်

548

တရုတ်နိုင်ငံရှိ အင်ဂျင်ပြဿနာကြုံတွေ့နိုင်ဖွယ်ရှိသည့် ကားအစီးရေ ၄၃,၇၆၄ အား ပြန်လည်ပြုပြင်ပေးနိုင်ရေးအတွက် လာရောက်ပြသရန် Hyundai ကုမ္ပဏီက ကြေညာထားကြောင်း ဇွန် ၂၅ ရက်က နိုင်ငံတကာ သတင်းမီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။
ပြန်လည်လက်ခံမည့်ကားများမှာ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှ ၂ဝ၁၃ ခုနှစ်၊ မေ ၃၁ ရက်အကြား ထုတ်လုပ်ခဲ့သည့် 2.4 L Theta GDI အင်ဂျင်နှင့် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှ ၂ဝ၁၃ ခုနှစ်၊ နိုဝင် ဘာ ၃ဝ ရက်အကြား ထုတ်လုပ်ထားသည့် 2.0 LTheta GDI အင်ဂျင်တပ် Santa Fe ကားများဖြစ်သည်ဟု သိရသည်။ လောင်စာဆီ စီးဆင်းမှုကို အဟန့်အတားဖြစ်စေကာ အင်ဂျင်စက်ချွတ်ယွင်းခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အင်ဂျင်အချို့အား ပြန်လည်ပြင်ဆင်ပေးသွားမည်ဟု တရုတ် နိုင်ငံ၏ အရည်အသွေးကြီးကြပ်စစ်ဆေးရေးအုပ်ချုပ်မှုအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကုမ္ပဏီအနေဖြင့် ပြန်လည်ပြုပြင်ရန်လိုအပ်သည့် အင်ဂျင်အစိတ်အပိုင်းများကို အခမဲ့ပြုပြင်ပေးသွားမည်ဖြစ်ကာ ဇူလိုင် ၃၁ ရက်မှစ၍ ပြင်ဆင်ရန် လိုအပ်သည့် ကားများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: APP, SBS

LEAVE A REPLY

Please enter your comment!
Please enter your name here