တရုတ်နိုင်ငံထုတ် Chevy ကားများကို မြောက်အမေရိကသို့ GM စတင် တင်ပို့ရောင်းချ

805

 

General Motors အနေဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသည့် Chevrolet ကားများကို မြောက် အမေရိကသို့ စတင် တင်ပို့ရောင်းချ နေပြီဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် Auto News ကား သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။

အမေရိကန် ကားကုမ္ပဏီ GM နှင့် တရုတ် ကားကုမ္ပဏီ SAIC Motor တို့ ပူးပေါင်း၍ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Yantai တွင် ထုတ်လုပ်သည့် Subcompact အမျိုးအစား Chevrolet Sail ကားအစီးရေ ၂,၉၀ဝ ကို ပြီး ခဲ့သည့် သီတင်းပတ်အတွင်းက မက္ကဆီကိုနှင့် ကာရစ်ဘီယန် ဒေသ တို့သို့ ပထမဦးဆုံးအသုတ် တင်ပို့ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံထုတ် ကားများဖြင့် ပြည်ပဈေးကွက်သစ် များ ချဲ့ထွင်ရန် SAIC နှင့်GM တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး SAIC -GM အနေဖြင့် တရုတ်နိုင်ငံ ထုတ် Sail အမှတ်တံဆိပ်ကား များကို အရှေ့တောင်အာရှနှင့် တောင်အမေရိကရှိ ထွန်းသစ်စ ဈေးကွက်များသို့လည်း တင်ပို့ရောင်း ချသွားမည်ဖြစ်သည်။ ယမန်နှစ်က လည်း SAIC -GM ကုမ္ပဏီက Compact Crossover အမျိုးအ စား Buick Envision ကားများ နှင့် Cadillac CT6 Plug-in Hybrid ကားများကို အမေရိကန် ပြည် ထောင်စုသို့ တင်ပို့ရောင်းချခဲ့သည်။

ယခုနှစ် ပထမ ကိုးလတာအ တွင်း SAIC -GM က မော်တော် ကားအစီးရေ စုစုပေါင်း ၆၂,ဝ၆၃ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပြီး ယ မန်နှစ် ပထမ ကိုးလတာအတွင်း  တင်ပို့ခဲ့သည့် ပမာဏထက် ၂၃ ရာ ခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပို့ ကုန်ပမာဏသည် စုစုပေါင်းရောင်း အားပမာဏနှင့် နှိုင်းယှဉ်ပါက အ ရေအတွက် နည်းပါးနေသေးကြောင်း သိရသည်။ တရုတ်နိုင်ငံ၌ SAIC -GM က စက်တင်ဘာ တစ်လလုံး ရောင်းချနိုင်ခဲ့သည့် အစီးရေမှာ ၁ ဒသမ ၃၆ သန်းရှိခဲ့ပြီး ၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည် ဟု သိရသည်။

Ref: Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here