တရုတ်တွင် Passenger Car ရောင်းချမှုမြင့်တက်

465

ကမ္ဘာ့လူဦးရေ အများဆုံး တရုတ် နိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း Passenger Car (ယာဉ်မောင်း အပါအဝင် လူကိုးဦးထက်မပိုသော လူစီးကား)ရောင်းချရမှုမှာ ယမန်နှစ် ဇွန်လရောင်းအားထက် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဇူလိုင် ၉ ရက်တွင် Xinhua သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

China Passenger Car Association (CPCA)  ၏ အချက် အလက်များအရ ၂ဝ၁၈ ခုနှစ်၊ မေလ အတွင်း တရုတ်တွင် Passenger Car အစီးရေ ၁ ဒသမ ၆၁ သန်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ်၊ ဇွန်လတွင်မူ အစီးရေ ၁ ဒသမ ၈ သန်းအထိ ရောင်းချနိုင်ခဲ့ပြီး ၁၂ လဆက်တိုက် ရောင်းအားကျဆင်းနေမှုကို ပယ် ဖျက်နိုင်ခဲ့သည်။ ၂ဝ၁၉ ခုနှစ်၊ ပထမခြောက်လတာအတွင်း တရုတ် နိုင်ငံတွင် Passenger Car အစီး ရေ ၁ဝ ဒသမ ၃ သန်းအထိ ရောင်းချထားရပြီးဖြစ်သည်။ သို့ သော် အဆိုပါပမာဏမှာ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ ရောင်းချခဲ့ရသော ပမာဏထက် ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ လျော့ နည်းနေဆဲဖြစ်ကြောင်း CPCA က ကြေညာခဲ့သည်။  

Ref: xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here