မန္တလေးမြို့တော်ရှိ တရုတ်ဆိုင် ကယ် အရောင်းပြခန်းအချို့သည် Warranty အာမခံချက်မပေးနိုင် သော တရုတ်တံဆိပ်သစ်ဆိုင်ကယ် များကို ရောင်းချစဉ် Spare parts ရရှိမည်ဟု အာမခံပေးသော်လည်း နောက်ပိုင်းတွင် အမှန်တကယ် Spare parts မထုတ်ပေးနိုင်မှု ကြောင့် ယင်းဆိုင်ကယ်အသုံးပြုသူ များ အခက်တွေ့နေကြောင်းသိရ သည်။
”ကျွန်တော့်ဆိုင်ကယ်ဆိုရင် Super AnBo တံဆိပ်နဲ့ EFI ဆိုင်ကယ်အမျိုးအစားဝယ်ထားတာ သူ ငယ်ချင်းတစ်ယောက်က ဆိုင်ကယ်ငှားစီးလိုက်တာကနေ ဒူးကာ ကာဗာကွဲလို့ မန္တလေးကဆိုင်ကယ် အပိုပစ္စည်းရောင်းတဲ့ဆိုင်ကြီးတွေအကုန်လုံးပတ်ရှာတာ ဆိုင်တွေက အဲ့ပစ္စည်းမရှိဘူးလို့ပြောတယ်၊ အ သိမိတ်ဆွေ ဝပ်ရှော့ဆိုင်မေးတော့ လည်း ကုမ္ပဏီကမထုတ်ဘူး၊ တ ခြားတံဆိပ်က Spare parts ထည့် ပါမယ်ဆိုလည်း ဆိုဒ်ချင်းမတူလို့ တပ်လို့မရဘဲ ကာဗာကွဲတဲ့အတိုင်း ထားရတယ်၊ တခြားသူတွေလည်း ဆိုင်ကယ်ဝယ်ရင် နာမည်ကြီး တံဆိပ် ဒါမှမဟုတ် အပိုပစ္စည်း လုံးဝရနိုင်တဲ့ ဆိုင်ကယ် Brand တွေပဲဝယ်ဖို့အကြံပြုချင်တယ်”ဟု ဆိုင်ကယ်အပိုပစ္စည်းမရမှုကြောင့် အခက်တွေ့နေသူမန္တလေးမြို့ခံ ကိုဆန်းမြင့်ဦးကအကြံပြုပြော ကြားသည်။
ယခင်အစိုးရလက်ထက်က တည်းက တရုတ်ဆိုင်ကယ်များတင် သွင်းမှုများကို လွတ်လပ်စွာခွင့်ပြု ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိကုန် သည်များသည် မိမိလိုချင်သည့်ဈေး နှုန်းနှင့်ကိုက်ညီသောဆိုင်ကယ်အမျိုးအစားကို ကြိုက်နှစ်သက်ရာ တံဆိပ်ဖြင့် တရုတ်ပြည်မကြီးရှိစက် ရုံများထံ အလွယ်တကူမှာ ယူလာ နိုင်ပြီးနောက်ပိုင်း ပြည်တွင်းတွင် ပြီးခဲ့သည့်၂၀၁၅ ခုနှစ်မှစ၍တရုတ် တံဆိပ်သစ် ဆိုင်ကယ်များ ရာချီ၍ များပြားလာခဲ့ကြောင်း၊ သို့သော် အဆိုပါ တံဆိပ်သစ်ဆိုင်ကယ်များ ထဲတွင် Spare parts ရရှိနိုင်သော ဆိုင်ကယ် Brand မှာ နာမည်ရ သော ကုမ္ပဏီ ၁၀ ခုခန့်သာရှိပြီး အများစုမှာ Spare parts ထုတ်လုပ်ရောင်းချနိုင်ခြင်းမရှိကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်း ဝယ်ရေးကျွမ်းကျင်သူများထံမှ သိရသည်။
”လက်ရှိပြည်တွင်းမှာရှိတဲ့တ ရုတ်တံဆိပ်သစ်ဆိုင်ကယ်တွေအကုန်လုံးထဲမှာကုမ္ပဏီ ၁၀ ခု လောက်ပဲ Spare parts ရတယ်၊ ကုန်သည်တွေက တံဆိပ်သစ်နာ မည်နဲ့ကိုယ်လိုချင်တဲ့ အစီးရေကို မှာလိုက်တာဖြစ်တဲ့အတွက် တရုတ်နိုင်ငံက ကုမ္ပဏီတွေက လည်း ဆိုင်ကယ်အစိတ်အပိုင်း တစ်ခုစီကို ပေါင်းဆင်ပြီးမှာတဲ့ ကုန်သည်တွေဆီ ပို့ပေးကြတယ်၊ တရုတ်ကုမ္ပဏီအများစုက Spare parts ရောင်းရဖို့ထက် ဆိုင်ကယ်အစီးအရေများများ ထွက်အောင်ပဲရောင်းကြတော့ မြန်မာပြည်က Customer တွေအ ခက်တွေ့ရော၊ Spare parts ကိုမှာ ရင် အကုန်အကျများတော့ကုမ္ပဏီတွေက Spare parts သီးသန့် ထုတ်ခိုင်းတာနည်းတယ်၊ အခုတစ် ချို့ကုမ္ပဏီတွေ Spare parts ရောင်း ပေးနေတယ်ဆိုတာတောင်ဆိုင်မှာရှိတဲ့ ဆိုင်ကယ်က Orignial ပစ္စည်း ကိုဖြုတ်ပြီးရောင်းပေးလိုက်တာ တွေများတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ဈေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သုံးသပ် သည်။
တရုတ်ဆိုင်ကယ်ကုမ္ပဏီ အ ချို့မှာမူ မန္တလေးမြို့တွင်နှစ်အနည်း ငယ်သာ လာရောက်ဖွင့်လှစ်ပြီးပိတ် သိမ်းသွားမှုကြောင့်လည်း Spare parts ဝယ်ယူရန် အခက်အ ခဲဖြစ်လေ့ရှိပြီး ဆိုင်ကယ်ဈေးနှုန်း ချိုသာမှုထက် အင်ဂျင် သက်တမ်း အာမခံချက်ပါပြီး Spare parts အမှန်တကယ်ရရှိနိုင်မည့် နာမည်ရ အရောင်းပြခန်းများတွင်သာ ဝယ် ယူသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူများက အကြံပြုကြသည်။
ကျော်ကျော်အောင်(ကလေးမြို့)