တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းထားသည့် ရှယ်ယာများ တိုးမြှင့်ဝယ်ယူရန် Hyundai ရည်မှန်း

158

တောင်ကိုရီးယား အကြီးဆုံးကား ကုမ္ပဏီ Hyundai သည် တရုတ် ကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ပူး ပေါင်းလုပ်ဆောင်နေသည့် လုပ် ငန်းတစ်ခု ရောင်းအား ကျဆင်း လျက်ရှိသောကြောင့် ရှယ်ယာများ တိုးမြှင့်ဝယ်ယူကာ ရောင်းအားပြန် တက်လာစေရန် ကြိုးစားလျက်ရှိ ကြောင်း အောက်တိုဘာ ၂၂ ရက် တွင် ရိုက်တာသတင်းဌာနက ဖော် ပြသည်။

Hyundai သည် Sichuan Nanjun Automotive Group နှင့် အကျိုးတူ ပူးပေါင်းကာ Sichuan Hyundai Motor အမည်ဖြင့် တရုတ် နိုင်ငံအတွင်း ထရပ်နှင့် ဘတ်စ်ကား များ ထုတ်လုပ်ရောင်းချလျက် ရှိ သည်။

ကုမ္ပဏီနှစ်ခု ပူးပေါင်းမှုကို ၂ဝ၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်မှုအား ၅ဝး၅ဝ အချိုးဖြင့် ထက်ဝက်စီပိုင်ဆိုင်ထား ခြင်း ဖြစ်သည်။ ထိပ်တန်း ကုမ္ပဏီ နှစ်ခုပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်အတွင်း လုပ်ငန်း သုံးနှင့် အများပြည်သူသုံး ဘတ်စ် ကားစျေးကွက်ကို လွမ်းမိုးရန် ရည်ရွယ်ခဲ့သော်လည်း ရောင်းအား က ထင်မှတ်မထားရလောက်အောင် ကျဆင်းလျက်ရှိသောကြောင့် လုပ် ပိုင်ခွင့် ပိုမိုရရှိရေးအတွက် Hyundai က ရှယ်ယာများ တိုးမြှင့်ဝယ် ယူရန် စီစဉ်နေခြင်းဖြစ်သည်။

Sichuan Hyundai Motor မှထုတ်လုပ်သော ထရပ်နှင့် ဘတ်စ် ကား ရောင်းအားမှာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာ ရောင်းအား အစီးရေ ၂,၅ဝဝ သာရှိခဲ့ပြီး ထိုပမာဏမှာ လွန်ခဲ့သည့် သုံးနှစ် ပထမကိုးလ တာ ကာလအတွင်း ရောင်းချနိုင်ခဲ့ သော အစီးရေ လေးသောင်းနှင့် ယှဉ် လျှင် များစွာ လျော့နည်းလျက်ရှိ သည်။ ထို့ကြောင့် Hyundai သည် ရောင်းအား ပြန်တက်လာရေးနှင့် ကားထုတ်လုပ်သည့် နယ်ပယ်များ တွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင် ရန် ရှယ်ယာများ တိုးမြှင့်ဝယ်ယူလို နေခြင်း ဖြစ်သည်။

Sichuan Hyundai Motor ထံမှ ရှယ်ယာများ ထပ်မံဝယ်ယူ မည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တောင်ကိုရီးယားကုမ္ပဏီ ဘက်မှ အတည်ပြုထားသော်လည်း မည် ရွေ့မည်မျှ ဝယ်ယူမည်၊ တန်ဖိုး မည်မျှရှိသည် ဆိုသည်ကို တရားဝင် ထုတ်ဖော် ပြောကြားခြင်းမရှိသေး ပေ။ Sichuan Hyundai Motor သည် ၂ဝ၁၈ ခုနှစ်အတွင်း ကားအ စီးရေ ၁၂,၂၂၈ စီးသာ ထုတ်လုပ် နိုင်ခဲ့ပြီး ၂ဝ၁၇ တွင် ထုတ်လုပ် ခဲ့သော ၂၈,၇၈၆ စီးထက် ထက် ဝက်မက လျော့နည်းခဲ့သည်ဟု သိရသည်။
Ref: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here