တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစက်မှုနည်း ပညာပြပွဲတွင် Borgward ကားများကို ၁ဝ ရာခိုင်နှုန်း Down Payment ဖြင့် ရောင်းမည်

249

ရန်ကုန်၊ ဖေဖော်ဝါရီ
တပ်မတော်ခန်းမတွင် ကျင်းပပြု လုပ်မည့် နိုင်ငံတကာစက်မှုနည်း ပညာပြပွဲတွင် Borgward ကားများကို ၁ဝ ရာခိုင်နှုန်း Down Payment ဖြင့် ရောင်းမည်ဖြစ် ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့် ၈ ကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲတွင် Go Exellent Myanmar မှ Borgward ကားများဖြစ်သည့် BX5 ၊ BX7 ၊ BX7 (100 Years Anniversary) နှင့် BX7 TS တို့ ကို အထူးအစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်ရာ ၁ဝ ရာခိုင်နှုန်း Down Payment ပေး သွင်းရုံဖြင့် တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

“SUVကားအမျိုးအစားတွေ ဖြစ်တဲ့ Borgward BX5 ၊ BX7 ၊ BX7 (100 Years Anniversary)နဲ့ BX7 TS တို့ကို အထူးအစီ အစဉ်တွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါ တယ်။ ပြပွဲကာလအတွင်း ဝယ်ယူသူတွေအနေနဲ့ Borgward ဘယ်ကားအမျိုးအစားပဲဖြစ်ဖြစ် ၁ဝ ရာခိုင်နှုန်းကနဦး ပေးသွင်းပြီး အရစ် ကျစနစ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါ တယ်”ဟု Go Exellent Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Go Exellent Myanmar မှ Borgward ကားများကို ရောင်းချရာတွင် BX5 ကို ဝင်ငွေခွန်မပါ ကျပ် ၅၂၈ သိန်း၊ BX7 ကို အမေရိကန်ဒေါ်လာ ၄၈,၈ဝဝ ၊ BX7 (100 Years Anniversary)ကို ဝင်ငွေခွန်မပါ ကျပ် ၆၆၈ သိန်း၊ BX7 TS ကို ကျပ် ၈၄၅ သိန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ထိုကားများအတွက် သုံးနှစ် (သို့မဟုတ်) ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here