တပေါင်းအလှ အကျဉ်းမတန်ရအောင်

268

သရဖီ၊ အင်ကြင်းတွေပွင့်တဲ့ တပေါင်းလကို ရောက်လာခဲ့ပြီ။ မြန်မာ ပြက္ခဒိန်အရဆိုလျှင် တန်ခူးလမှာစပြီး တပေါင်းလမှာ ဆုံးတာဖြစ်လို့ မြန်မာသက္ကရာဇ်ရဲ့ နောက်ဆုံးလပါ။
လအရ နောက်ဆုံးဖြစ်ပေမဲ့ ရာသီအရကြည့်ရင် နွေဦးရာသီဆိုတော့ ဥတုသုံးပါးရဲ့ ပထမဆုံးသမယမှာ ရပ်တည်နေပါတယ်။ ‘ထန်းရည်များကို ပေါင်းစပ် ကျိုချက်တဲ့လဖြစ်လို့ ထန်းပေါင်းလအမည်ခေါ်တွင်ရာကနေ ကာလရွေ့လျောပြီး တပေါင်းလ’ ဖြစ်ပေါ်လာတယ်လို့ အဆိုပါရှိပါတယ်။
တပေါင်းလက ဆောင်းအကုန်နွေအကူးဖြစ်လို့ ‘နေ့ပူလို့ ညချမ်း၊ တပေါင်းလဆန်း’ လို့ တပေါင်းလရဲ့ ရာသီဥတုအခြေအနေကို ရေးဖွဲ့ ကြတယ်။ တပေါင်းလက ခြောက်သွေ့ပြီး သာယာတယ်။
မိုးတွင်းတစ်တွင်းလုံးပျောက်နေတဲ့ ဥသြငှက်ရဲ့ တွန်ကျူးသံတွေက တပေါင်းလမှာ ပြန်လည်ကြားယောင်ရတယ်။ ရွက်သစ်လဲဖို့ တဖြုတ်ဖြုတ် ကြွေနေတဲ့ ရွက်ဟောင်းတွေက လေမှာဝဲနေတဲ့ လိပ်ပြာတွေအလား ကြည့်ကောင်းလွန်းလှတယ်။ ကဗျာစာဆိုဆရာဇော်ဂျီက တပေါင်းလနဲ့ ပတ်သက်ပြီး ‘ရသေ့သူတော်စင်တောင်မှ ဉာဏ်မခိုင် စျာန်ယိုင်လျှော ရတယ်’လို့ ဖွဲ့ဆိုခဲ့ဖူးတယ်။
ခြောက်သွေ့တဲ့ရာသီဥတု၊ ရိုးတံပြိုင်းပြိုင်း သစ်ပင်သစ်ကိုင်း၊ လေ မှာဝဲကျလာတဲ့ ရော်ရွက်ဝါ၊ သံချိုနှောနေတဲ့ နွေဥသြ၊ အစီအရီအလှ ချင်း ပြိုင်ပွင့်နေကြတဲ့ သရဖီနဲ့ အင်ကြင်း၊ အေးချည်တစ်ခါ၊ ပူချည်တစ် လှည့် ရာသီဥတု၊ ကောင်းကင်မှာ မိုးတိမ်လိပ်တွေက တရိပ်ရိပ်၊ ပြိုမ ယောင်ယောင် တိမ်တောင်တွေ။
ပန်းချီကားတစ်ချပ်ပမာ သဘာဝအတိုင်းတင့်တယ်လှပစွာ တပေါင်း လမှာ သဲပုံစေတီပွဲတွေ ရှေးယခင်ကတည်းက ပြုလုပ်လှူဒါန်းလာခဲ့ကြ တယ်။ နောက်ပိုင်းမှာ သဲပုံစေတီတွေအစား တပေါင်းပွဲအဖြစ် ပြောင်းလဲ ပြီး ဘုရားပွဲတွေ၊ သာသနာပွဲတွေ၊ ပျော်ပွဲရွင်ပွဲ၊ ကပွဲ၊ အားကစားပွဲ စသဖြင့် ပွဲတော်တွေ ပြောင်းလဲကျင်းပလာခဲ့တယ်။ တပေါင်းလပြည့်နေ့ ကို ‘မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့’အဖြစ် သတ်မှတ်ခဲ့ကြတယ်။
ဘုရားအလောင်းတော် သိဒ္ဓတ္ဃမင်းသားဟာ သက်တော် ၂၉ နှစ်အရွယ် မှာ တောထွက်ပြီး ဥရုဝေလတောထဲမှာ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့ တယ်။ သက်တော် ၃၅ နှစ်အရွယ်မှာ ဘုရားရှင်စင်စစ် ဖြစ်တော်မူခဲ့တယ်။
ကပ္ပိလဝတ်ပြည်က ခမည်းတော်သုဒေ္ဓါဒနမင်းကြီးက သားဘုရားကို ဖူးတွေ့ချင်လို့ ပင့်လျှောက်တယ်၊ ခမည်းတော်ရဲ့ ပင့်ဖိတ်ချက်အရ မြတ် စွာဘုရားက မွေးရာဇာတိဖြစ်တဲ့ ကပ္ပိလဝတ်ပြည်ကို ပြန်ကြွခဲ့တယ်။ ပြည်တော်ဝင်ပြန်ကြွတာကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ကို
‘မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့’လို့ သတ်မှတ်ခဲ့တယ်။
ပြောရရင် တပေါင်းလဆိုတာ တရားဓမ္မတွေနဲ့ ထုံမွမ်းထားရုံမက သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာဖြစ်လို့ ကြည်နူးစရာလတစ်လ ဖြစ်ခဲ့ရတယ်။
ကြည်နူးစရာကောင်းလှတဲ့ တပေါင်းလအလှဟာ တစ်ခါတစ်ခါ မ ထင်မှတ်တဲ့ အကျဉ်းတန်မှုတွေ ဖုံးလွမ်းသွားတတ်တယ်။
သိတဲ့အတိုင်းပါပဲ။ တပေါင်းလဆိုတာက နွေဦးရာသီဆိုတော့ ပူပြင်း တဲ့အချိန်အခါက စလာပြီ။ ပူပြင်းတဲ့ အချိန်အခါနဲ့အတူ မီးဘေးအန္တရာယ် တွေကလည်း ကြိုးကြားကြိုးကြား ဖြစ်ပေါ်လာတတ်တယ်။
မီးသတ်ဦးစီးဌာနအသီးသီးက မီးသတ်ရဲဘော်တွေကလည်း မီးသတ် ကားအသင့်၊ ရေအသင့်၊ လူအသင့် အမြဲရှိနေကြတယ်။ သတိမပြတ် ထားပြီး နားစွင့်နေကြရတယ်။ မီးသတင်းကြားတာနဲ့ မီးသတ်ကားကို အပြေးအလွား မောင်းနှင်ထွက်ခွာကြရတယ်။
မီးသတ်ကားနဲ့အတူ အုပ်ချုပ်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်တွေ ကြက်ခြေနီတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ တစ်ပြိုင်နက်ပူးပေါင်းဆောင်ရွက်ကြရ တယ်။ အရေးကြီးတာက မီးလောင်နေချိန် မီးသတ်ကားတွေ အချိ်န်နဲ့ တစ်ပြေးညီ ဆောလျင်စွာ ရောက်ဖို့လိုအပ်တယ်။ လိုအပ်လို့လည်း သတင်း ရရချင်း မီးသတ်ကားမောင်းထွက်ရတယ်။ အချက်ပေးဥသြဆွဲရတယ်။
ခက်တာက လူတချို့က မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေကို ဦးစားမပေးချင်ကြဘူး၊ မီးသတ်ကား၊ လူနာတင်ယာဉ်တွေနဲ့ အပြိုင်လိုက် မောင်းကြတယ်။ မီးငြှိမ်းသတ်စဉ်ကာလအတွင်းမှာလည်း မီးလောင်တဲ့ နေရာ ပတ်ဝန်းကျင်က စျေးသည်တွေ၊ အလုပ်သမားတွေ၊ လူငယ်တွေ ကလည်း လွတ်လွတ်လပ်လပ်မဖယ်ကြဘဲ လမ်းမလွတ်တလွတ် ဖယ်ရုံ လောက် ဖယ်ပေးကြတယ်။
အဲဒီတော့ ဆုံးရှုံးမှုတွေက ပိုများတယ်။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ အသက်တွေ၊ စည်းစိမ်ဥစ္စာတွေဟာ အင်မတန်နှမြောဖို့ကောင်းပါတယ်။ တပေါင်းအလှကို အကျဉ်းတန်စေပါတယ်။ ဒီတော့ သင့်ကြောင့် တပေါင်းအလှ အကျဉ်းမတန်ရအောင် ကြိုးပမ်းသင့်ကြောင့် ေရးသား လိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here