တန်ဖိုးသင့် လျှပ်စစ်ကားမိုဒယ် ID.3 ကို Volkswagen ရောင်းချမည်

516

ဂျာမန်ထိပ်တန်း ကားကုမ္ပဏီ တစ်ခု ဖြစ်သည့် Volkswagen သည် အဖိုးနှုန်းသင့်တင့်သော လျှပ်စစ်ကား မိုဒယ်တစ်မျိုးကို ၂ဝ၂ဝ ပြည့်နှစ် တွင် စတင်ရောင်းချသွားမည်ဖြစ် ကြောင်း စက်တင်ဘာ ၉ ရက်တွင် Dailymail သတင်းစာက ရေးသား ဖော်ပြခဲ့သည်။

Volkswagen မှ ရောင်းချ မည့်  ID.3 မိုဒယ်မှာ လျှပ်စစ်စွမ်း အင်တစ်မျိုးတည်းဖြင့်သာ အသုံး ပြုနိုင်ပြီး တစ်စီးလျှင် ယူရို သုံးသောင်း (ပေါင်၂၇,ဝဝဝ)ဖြင့် ရောင်းချပေး သွားမည် ဖြစ်သည်။

ID.3 လျှပ်စစ်ကားသည် ဘက် ထရီများတွင် လျှပ်စစ်ဓာတ်အား အပြည့် ဖြည့်သွင်းထားပါက ၂၆၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး ထို ပမာဏမှာ အမေရိကန်ကုမ္ပဏီ Tesla မှထုတ်လုပ်သော Model 3 ထက် ခုနစ်မိုင် ပိုမောင်းနိုင်သလို စျေးနှုန်းအရလည်း ပေါင်တစ်သောင်းဝန်းကျင် ပိုနည်းသည်။ Volkswagen သည် ID.3 လျှပ်စစ်ကားကို စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်သော Frankfurt Motor Show ၌ မိတ်ဆက်ပြသခဲ့ပြီး လူကြိုက်များခဲ့သည်။

Volkswagen ၏နာမည်ကျော် Golf  မိုဒယ်အရွယ်အစား အတိုင်း ထုတ်လုပ်ထားသော ID.3 သည် 150 kw လျှပ်စစ်မိုတာမှ စွမ်းအင်ထုတ်ပေးကာ Single Speed Transmission ဖြစ်ပြီး အမြင့် ဆုံးအနေဖြင့် တစ်နာရီ ၉၉ မိုင်နှုန်း အထိ မောင်းနှင်နိုင်သည်။ Volkswagen သည် ကားထုတ်လုပ်မှုအပိုင်းတွင် ယူရို ကိုးဘီလျံ အသုံးပြုသွားမည်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း လျှပ်စစ်ကားမိုဒယ် နှစ်ဆယ်ခန့် ထုတ်လုပ်သွားမည်ဖြစ်သည်။

ID.3 ၏ 1st Edition ကို ၂ဝ၂ဝ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ဥရောပစျေးကွက်သို့ ပထမဆုံး ရောင်း ချပေးသွားမည်ဖြစ်ပြီး ထိုနောက် ပိုင်းတွင် အခြားမိုဒယ် နှစ်မျိုးကို ထပ်မံရောင်းချရန် စီစဉ်ထားသည်။

Ref: Dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here