တန်ဖိုးကြီးပစ္စည်းများဝယ်ယူရာ၌ အောင်ဘာလေထီဆုကြေးဖြင့် ငွေဖြူပြမည်ဆိုပါက အမှန်တကယ် ထီထိုး၍ ရရှိခြင်း ဟုတ်/မဟုတ် စိစစ်ပြီးမှသာ ငွေဖြူ သတ်မှတ်မည်ဖြစ်

270

ရန်ကုန်၊ နိုဝင်ဘာ
အိမ်၊ခြံ၊မြေ၊တိုက်ခန်း/ကွန်ဒို၊ကား စသည့် တန်ဖိုးကြီးပစ္စည်းများဝယ်ယူ ရာတွင် အောင်ဘာလေ ထီဆုကြေး ဖြင့် ငွေဖြူပြမည်ဆိုပါက အမှန် တကယ် အောင်ဘာလေထီပေါက် ပြီး ရရှိသည့်ဆုကြေးငွေ ဟုတ်/ မဟုတ် စိစစ်ပြီးမှသာ ငွေဖြူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ဝယ်ယူခြင်း နှင့် ပိုင်ဆိုင်ခြင်းတို့အတွက် ဝင် ငွေခွန်ပေးဆောင်ရာတွင် ငွေဖြူအ ထောက်အထား တင်ပြနိုင်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်ဖြစ် သလို အောင်ဘာလေထီပေါက်ပြီး ရရှိသည့်ဆုငွေဖြင့်လည်း ခုနှိမ်ခွင့် ပေးမည် ဖြစ်သည်။ သို့သော် အောင် ဘာလေထီဆု အမှန်တကယ် ပေါက်ခဲ့ခြင်း ရှိ/မရှိနှင့် ထိုငွေကို အသုံးပြုထားခြင်း ရှိ/မရှိကို ၆/ ၂ဝ၁၉ သတ်မှတ်ချက်များနှင့် စိစစ်ပြီးမှသာ တွေ့ရှိသည့်ငွေဖြူ ပမာဏအပေါ်တွင် ခုနှိမ်ခွင့်ရမည် ဖြစ်သည်။ အောင်ဘာလေထီပေါက် ပြီး ရရှိသောငွေဖြင့် ပစ္စည်းတစ်စုံ တစ်ရာ ဝယ်ယူမိပါက ကျန်ငွေကို သာ ငွေဖြူအဖြစ် ဆက်လက် သတ်မှတ်မည်ဖြစ်သည်။

“အောင်ဘာလေ ထီလက် မှတ်တွေကို ငွေဖြူအနေနဲ့ အတွဲ လိုက် ထုတ်ယူတာတွေ ရှိပါတယ်၊ ဒါတွေကို စိစစ်တဲ့အခါမှာ အမှန် တကယ် ထီပေါက်တာလည်း ရှိသ လို ထီလက်မှတ်ဝယ်ပြီး ငွေဖြူပြ တာတွေလည်း ရှိတဲ့အတွက် ၆/ ၂ဝ၁၉ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ဖို့ ဝန်ကြီးဌာနက ညွန် ကြားထားပါတယ်၊ အောင်ဘာလေ ထီဆုကြေးနဲ့ ငွေဖြူပြမယ်ဆိုရင် အမှန်တကယ် ထီထိုးထားတာ ဟုတ်/ မဟုတ်ဆိုတာ တင်ပြရမှာ ဖြစ် သလို လက်ဆောင်ရတဲ့ ထီလက် မှတ်ကနေ ပေါက်တယ်ဆိုရင်လည်း ဘယ်သူ့ဆီက ရတယ်၊ ဘယ်ကရ တယ် ဆိုတာကို တင်ပြရမှာ ဖြစ်ပါ တယ်၊ ဌာနအနေနဲ့ စိစစ်နိုင်တဲ့ နည်းလမ်းတွေ ရှိပြီးသားဖြစ်လို့ အမှန်တကယ် ထီပေါက်ထားတဲ့သူ အတွက် ငွေဖြူ ထုတ်ပေးတာကို တော့ ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ် အတွင်း အိမ်၊ခြံ၊မြေ၊တိုက်ခန်း/ကွန် ဒို၊ ကား စသည့် တန်ဖိုးကြီးပစ္စည်း များ ဝယ်ယူရန်အတွက် ဝင်ငွေရ လမ်း မဖော်ပြနိုင်ပါက ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အ ထက်မှ ကျပ်သိန်း တစ်သောင်းအ ထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းအထက်မှ ကျပ်သိန်း သုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းအထက်ကို ၃ဝ ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here