တန်ဖိုးကြီးဆိုင်ကယ်စီးသူတိုင်း တပ်ဆင်ရန် လိုအပ်နေသော ဆိုင်ကယ် GPS

309

‘‘တော်သေးတယ်ဗျာ၊ GPS ကယ်လိုက်လို့ ဆိုင်ကယ်လေး ပြန်ရလိုက်တာ၊ မဟုတ်ရင် အရစ်ကျ ဝယ်ထားတာတောင် ၊၊သုံးလပဲ ရှိသေးတယ်၊ လစဉ်ပေးဖို့ကျန်နေတဲ့ အရစ်ကျဖိုးက ပြန်ဆပ်ရဦးမယ်၊ ဆိုင်ကယ်က ဆုံးရှုံးဦးမယ်’’ဟု ဆိုလာသူက မန္တလေးမြို့ ဆေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် ကိုဟိန်းထက်အောင်။

နှစ်သစ်ကူးကာလနှင့် လွတ်လပ်ရေးနေ့ရောက်တိုင်း လူအများစု လွတ်လွတ်လပ်လပ်နှင့် ပျော်ရွင်စွာ ဖြတ်သန်းကြသော်လည်း အဆိုပါ ပျော်ရွင်ကြသူများအနက် ကိုဟိန်းထက်အောင်တစ်ယောက် ယခု ၂ဝ၂ဝ တွင် မပါဝင်နိုင်ခဲ့ပေ။ အကြောင်းမှာ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် အခြားသူများက ရုံးပိတ်ရက် လျှောက်လည်နေသော် လည်း ကိုဟိန်းထက်အောင်တစ်ယောက် မန္တလေးမြို့ မြို့သစ်ဘက်တွင် GYM အားကစားသွားဆော့ရင်း စီးနင်းလာသည့် ၂ဝ၁၇ မိုဒယ် Honda Click ဆိုင်ကယ်မှာ ပျောက်ဆုံးသွားခဲ့သည်။GYM အားကစားခန်းမသို့ နေ့လယ် ၁၂ နာရီဝန်းကျင် စတင်ရောက်ရှိချိန်တွင် ဆိုင်ကယ်စိတ်မချ၍ ဇက်သော့ခတ်ရုံတင်မက ဆိုင်ကယ်ရှေ့ခွေ၏ ဒရမ်ပြား၌ ဒရမ်ပြားခတ် သည့်သော့ပါ တွဲယှက်ခတ်ခဲ့သော်လည်း နေ့လယ် ၂ နာရီခွဲအချိန် GYM အားကစားခန်းမဝန်းပြင်ပသို့ ထွက်ကြည့်ချိန်၌ သူ၏ ဆိုင်ကယ်မှာ မရှိတော့ပေ။ ဆိုင်ကယ်ပျောက်ဆုံးပြီဟု စတင်သိသိချင်း GPS တပ်ဆင် ထားသည်ကို သတိရမိ၍ လက်ကိုင်ဖုန်းအတွင်းမှ ဆိုင်ကယ် GPS လမ်းကြောင်းကို စိုးရိမ်စိတ်များအပြည့်ဖြင့် အမြန်ကြည့်ရှုခဲ့ရကြောင်း ကိုဟန်း ထက်အောင်က ပြောဆိုလာသည်။

‘GYM အားကစားခန်းမက မိသားစုဆန်ဆန် အိမ်မှာလုပ်ထားတာ၊ အိမ်ကလည်း အိမ်ဝန်းနဲ့အပြည့်ဆောက်ထားတော့ ဆိုင်ကယ်တွေကို ခြံဝင်းအပြင်မှာထားရတယ်၊ ခြံဝင်းအပြင်မှာထားရတော့ စိတ်မချလို့ဆိုပြီး အမြဲတမ်း ဆိုင်ကယ်ဇက်သော့လည်း ခတ်တယ်၊ ဒရမ်ပြားမှာလည်း သော့ ခတ်တယ်၊ သော့နှစ်ခုခတ်တာတောင် သူခိုးက ဘယ်လိုခိုးလို့ခိုးသွားမှန်း စဉ်းစားမရဘူး၊ နေ့လယ် ၂ နာရီခွဲလောက် စသိသိချင်း ဖုန်းထဲကနေ GPS ဝင်ကြည့်တယ်၊ ဆိုင်ကယ်က စက်မှုဇုန်ဘက် သွားနေတဲ့လမ်း ကြောင်းပြတယ်၊ ရွေ့နေတယ်ပေါ့၊ ဒါနဲ့ ချက်ချင်းပဲ GPS ကုမ္ပဏီကို လှမ်းအကြောင်းကြားတယ်၊ GPS ကုမ္ပဏီကဝန်ထမ်းတွေက အိမ်က လူကြီးတစ်ယောက်ယောက်ကို ရဲစခန်းသွား အမှုဖွင့်ခိုင်း၊ တစ်ဖက်က လိုက်ရှာ၊ သူတို့လည်း ချက်ချင်းထွက်လာမယ်ဆိုပြီး ပြောတယ်၊ ဒါနဲ့ပဲ ကျွန်တော်နဲ့ GYM က ဆရာရယ်ပေါင်းပြီး လမ်းကြောင်းခြေရာခံလိုက် ရှာဖြစ်တယ်’’ဟု ၎င်းက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က မလွတ်မလပ်ဖြစ်ခဲ့ရသောဖြစ်စဉ်ကို ပြန်ပြောင်းပြောပြသည်။

ကိုဟိန်းထက်အောင်တို့နှစ်ဦး စတင်ထွက်ခွာပြီး ဆိုင်ကယ်ရှာချိန်တွင် GPS ခြေရာခံစနစ်လမ်းကြောင်း၌ ဆိုင်ကယ်မှာ ရပ်တန့်သွားခဲ့ကြောင်း အချက်ပြလာသည်။ ထို့ကြောင့် ဆိုင်ကယ်ပြန်မရတော့မည်ကို ပို၍ စိတ်ပူ သွားခဲ့ကာ ဆိုင်ကယ်တည်ရှိကြောင်း နောက်ဆုံးအချက်ပြတည်နေရာ သို့သာ အမြန်ဆုံးမောင်းနှင်ခဲ့ကြောင်း၊ ထိုသို့ ဆိုင်ကယ်ပျောက်ရှာနေချိန် သူ၏ ဆိုင်ကယ်အရောင်နှင့်ဒီဇိုင်းပါ တစ်ပုံစံတည်းတူညီသည့်မိုဒယ် အစိမ်း ရောင်ဆိုင်ကယ်တစ်စီး မောင်းနှင်နေသည်ကို တွေ့ရှိသဖြင့် ရုတ်တရက် ရပ်ခိုင်းကာ အကျိုးအကြောင်းရှင်းပြ၍ မေးမြန်းခဲ့ကြောင်း၊ တစ်ဖက် ဆိုင် ကယ်ပိုင်ရှင်က မဟုတ်ကြောင်းသေချာရှင်းပြ၍ ထွက်သွားပြီးသော်လည်း သံသယဖြင့် နောက်က လိုက်ပါကြည့်ရှုခဲ့ရာမှ အဆိုပါဆိုင်ကယ်ပိုင်ရှင်၏ အကူအညီဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းသို့ ခေါ်ဆောင် ပေးသွားခဲ့ကြောင်း ကိုဟိန်းထက်အောင်က ထပ်မံရှင်းပြသည်။

‘‘ကိုယ့်ဆိုင်ကယ်နဲ့ တစ်ပုံစံတည်းဆိုင်ကယ်ကို ရုတ်တရက်တွေ့ တော့ သူခိုးကများ ရောင်းသွားတာလားဆိုပြီး လမ်းမှာ ရုတ်တရက်ရပ်ခိုင်း၊ အကျိုးအကြောင်းရှင်းပြပြီး မေးကြည့်တယ်၊ မဟုတ်ဘူးဆိုလို့ သွားခိုင်း လိုက်ပေမဲ့ ဒီလူ ညာတာလားဆိုပြီး နောက်ကနေ လိုက်သွားကြတယ်၊ ဒါကို တစ်ဖက်ဆိုင်ကယ်ပိုင်ရှင်က နောက်ကလိုက်နေမှန်း ရိပ်မိတော့ ဆိုင်ကယ်ရပ်ပြီး ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုပြီး ရဲစခန်းခေါ်သွား တယ်၊ ရဲစခန်းရောက်တော့ စခန်းမှူးရှေ့မှာပဲ ဖြစ်စဉ်ကိုရှင်းပြတယ်၊ ဒါနဲ့ စခန်းမှူးက ဖြေရှင်းပေးပြီး ကင်းလှည့်နေတဲ့ရဲတွေကို ဖုန်းဆက်လှမ်း ပြော၊ GPS ထောက်ပြတဲ့နေရာကိုသွားကြဖို့ လှမ်းပြောတယ်၊ ကျွန်တော် တို့လည်း ချက်ချင်းပဲ GPS ညွန်ပြနေတဲ့ နေရာတစ်ဝိုက်ကို သွားလိုက် ရှာကြတယ်’’ဟု ရေသောက်ရန်အတွက် စားပွဲပေါ်တွင် တင်ထားသော ရေဘူးကို ဆွဲယူလိုက်ရင်း ၎င်းက ရှင်းပြသည်။

GPS ညွန်ပြနေသည့် နေရာတစ်ဝိုက်သို့ သွားရောက်သော်လည်း Location အတိအကျမကြည့်တတ်၍ လိုက်လံရှာဖွေနေစဉ် ၎င်း၏ဆိုင်ကယ်တွင် GPS တပ်ဆင်ပေးထားသည့် Harry GPS ကုမ္ပဏီ ပိုင်ရှင်နှင့် ဝန်ထမ်းများအား ရုတ်တရက်တွေ့ရှိခဲ့ပြီး အိမ်မှမိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါ မလှမ်းမကမ်းတွင် တွေ့မြင်လိုက်သည်။ ထို့နောက် ချက်ချင်းသွားရောက်ခဲ့ပြီး Harry GPS ကုမ္ပဏီ၏Main Server အကူအညီဖြင့် ဆိုင်ကယ်တည်ရှိရာ အချက်ပြနေသည့်အိမ်ထဲသို့ အဖွဲ့လိုက်ဝင်၍ ရုတ်တရက်ဝင်ရှာရာမှ အိမ်၏နောက်ထဲတွင် သူ၏ဆိုင်ကယ်အား ဝှက် ထားသည်ကို တွေ့မြင်လိုက်ရကြောင်း ကိုဟိန်းထက်အောင်က ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြလေသည်။

‘‘စတွေ့တွေ့ချင်း ပျော်သွားတယ်၊ ဒါပေမဲ့ ဆိုင်ကယ်က ဇက်သော့ချိုးခံထားရတယ်၊ ရှေ့ရင်အုံတစ်ခုလုံး ဖွင့်ထားတယ်၊ ဘက်ထရီ ရှိတဲ့နေရာတွေ ဖွင့်ထားတယ်၊ သူခိုးက GPS ပါလားဆိုပြီး နေရာ အနှံ့ လိုက်မွေထားတာပေါ့၊Tool Box ထဲမှာပါသွားတဲ့ Disk ဝိုင်းတို့၊ ပိုက် ဆံတွေတို့၊ အကျီတို့ မရှိတော့ဘူး၊ ဆိုင်ကယ်ဖောင်းကြွနံပါတ်ပြားလည်း မရှိတော့ဘူး၊ ခိုးဘီးတွေအများစုက Without အနေနဲ့ ရောင်းလေ့ရှိတော့ နံပါတ်ပြားတွေပါ သူခိုးက လွင့်ပစ်ခဲ့ပုံရတယ်’’ဟု ၎င်းက ပြောသည်။

သူ၏ဆိုင်ကယ်ပြန်ရှာတွေ့ချိန်တွင် ညနေ ၅ နာရီခန့်ရှိနေပြီဖြစ်ကာ ဆိုင်ကယ်ပြန်ရသော်လည်း သူခိုးများမှာ ထွက်ပြေးသွား၍ လုံးဝ မမိ လိုက်ချေ။ ထို့ပြင် ဆိုင်ကယ်ရှိရာအနီးတစ်ဝိုက်တွင် ငှက်ကြီးတောင် ဓားတစ်လက်ပါ အိမ်ကပ်နံရံကြား ထိုးထားသည်ကို တွေ့မြင်ခဲ့ရပြီး ဓားတို တစ်လက်ပါ အခြားတစ်နေရာတွင် အဆင်သင့်ညှပ်ထားသည်ကို တွေ့မြင် ခဲ့ရသည်ဟု ဆိုင်ကယ်ပြန်ရှာရာတွင် ပါဝင်ခဲ့သည့် Harry GPS ကုမ္ပဏီမှ ဝန်ထမ်းများက ကိုဟိန်းထက်အောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်၍ ရှင်းပြသည်။

သူခိုးနှင့် ထိပ်တိုက်မရင်ဆိုင်ခဲ့ရသော်လည်း ကံကောင်းထောက်မ စွာဖြင့် အခြားခိုးဘီးဆိုင်ကယ် သုံးစီးပါ တစ်ပါတည်း တွေ့ရှိခဲ့၍ ပျောက် ဆုံးနေသော ဆိုင်ကယ်ပိုင်ရှင်များအတွက် ဝမ်းသာစရာ ဖြစ်ခဲ့သည်။ ရဲစခန်းတွင် အမှုဖွင့်ပါက ရဲလုပ်ငန်းစဉ်အရ ဆိုင်ကယ်ကို ခေတ္တသိမ်းဆည်း ထားရမည်ဖြစ်သည့်အတွက် အမှုမဖွင့်တော့ဘဲ ဆိုင်ကယ်အား ရဲစခန်း တွင် ခေတ္တခဏ သွားရောက်ပြသခဲ့ပြီး ချက်ချင်း ပြန်ယူလာခဲ့သည်ဟု ကိုဟိန်းထက်အောင်က ပြောဆိုသည်။ ထို့နောက် ဆိုင်ကယ်ဝပ်ရှော့တွင် ဆိုင်ကယ်ကို ပြန်လည်ပြုပြင်ခဲ့ရကာ ငွေကျပ် သုံးသောင်းခန့် ကုန်ကျ ခဲ့သော်လည်း ယင်းကုန်ကျမှုနှင့်မပြီးခဲ့ချေ။ ဆိုင်ကယ်သူခိုးမှ ဆိုင်ကယ်ခိုး ယူပြီးပြီးချင်း Tool Box အတွင်းရှိ လိုင်စင်ကတ်ပြားကို လွင့်ပစ်ခဲ့၍ ကညန တွင် လိုင်စင်အသစ်ထပ်မံ လျှောက်ထားရရာ ငွေကျပ်ငါးသောင်း ခန့် ထပ်မံကုန်ကျခဲ့ကြောင်း ယင်းက ထပ်မံဆိုသည်။

‘‘ကျွန်တော့်အမေက ဆိုင်ကယ် GPS တပ်ဖို့ ပြောနေတာလချီကြာပြီ၊ ကျွန်တော်လည်း တပ်မယ်တပ်မယ်နဲ့ မတပ်ဖြစ်တာပေါ့နော်၊ GPS တပ်ထားတာ သုံးပတ်လောက်ရှိသေးတယ် ပျောက်တာနဲ့ကြုံတော့တာပဲ၊ တော်သေးတယ် ကျွန်တော်က ကံကောင်းသွားလို့၊ မဟုတ်ရင် အရစ်ကျ ဖိုးက မကျေသေးနဲ့ ကျန်ငွေလည်းဆပ်ရ ဆိုင်ကယ်လည်းဆုံးရံှုးရနဲ့နေမှာ’’ဟု ကိုဟိန်းထက်အောင်က ပြောသည်။

၎င်း၏ဆိုင်ကယ်ပြန်ရပြီးချိန်တွင် GPS တပ်ရန် အတင်းတိုက်တွန်းခဲ့ သောမိခင်နှင့် ချက်ချင်းပြန်ရအောင် ကူညီပေးခဲ့သော Harry GPS ကုမ္ပဏီကို ကျေးဇူးတင်သည်ဟု ထပ်မံပြောဆိုသည်။ ဆိုင်ကယ်ပြန်ရ ပြီးချိန်၌ ဖြစ်စဉ်အား အနီးကပ်နှင့်အသေးစိတ် သိရှိထားသော သူ၏သူငယ်ချင်း ကိုထက်နိုင်ထွန်းမှာလည်း သူ၏ Honda Click ဆိုင်ကယ်ပါ GPS ချက်ချင်းတပ်ဆင်ခဲ့သည်ဟုဆိုသည်။ ထို့ပြင် ဆိုင်ကယ်ပျောက်ဆုံး ခဲ့သည့် GYM အားကစားရုံပြင်ပတွင်လည်း ၎င်း၏ GYM ဆရာကို ဆိုင်ကယ်ပါကင်၌ CCTV ကင်မရာများတပ်ဆင်ရန်နှင့် ခြံတံခါးများကို ဖွင့်ထားပေးရန် အကြံပြုခဲ့ကြောင်း ကိုဟိန်းထက်အောင်က ထပ်မံ ရှင်း ြပသည်။

‘‘သူပျောက်တာနဲ့ ကျွန်တော့်ဆိုင်ကယ်အတွက်ပါ စိတ်ပူပြီး GPS ချက်ချင်းတပ်ဖြစ်တယ်၊ GPS တန်ဖိုးက ခုနစ်သောင်းလောက်ပဲကုန်မှာ၊ တစ်စီးလုံး ဆုံးရံှုးသွားရင် သိန်းနှစ်ဆယ်ကျော်ဆုံးရံှုးရမှာလေ’’ဟု ကိုဟိန်း ထက်အောင်၏ သူငယ်ချင်း ကိုထက်နိုင်ထွန်းကပါ ကြားဖြတ်ပြောဆိုခဲ့သည်။

ဆိုင်ကယ် GPS ဟုဆိုရာတွင်လည်း ခြေရာခံ ရိုးရိုး GPS ၊ ဆီ အဖြတ်အတောက်နှင့် ခြေရာခံ GPS ၊ လုယက်မှုဖြစ်ပွားချိန်တွင် အရေး ပေါ်ခလုတ် အပါအဝင် ဆီအဖြတ်အတောက်နှင့် ခြေရာခံ GPS ၊ အသံ ဖမ်းစနစ် စသည့် စနစ်မျိုးစုံ ပါရှိသောအမျိုးအစားဟူ၍ စုစုပေါင်း အမျိုး အစားသုံးမျိုးရှိပြီး အနည်းဆုံး ကျပ် ခြောက်သောင်းမှ ကျပ် ကိုးသောင်း ခွဲအထိ စျေးအမျိုးမျိုးရှိကြောင်း၊ GPS တပ်ဆင်ပါက စက်တန်ဖိုးအပြင် Sim Card ၊ ဖုန်းဘီလ်နှင့် ဝန်ဆောင်ခ အပါအဝင် ကျပ်သောင်း ဂဏန်း ခန့်သာ ကုန်ကျသဖြင့် ဆိုင်ကယ်တစ်စီးစာ တန်ဖိုးနှင့်တွက်ချက်လျှင် များစွာသက်သာကြောင်း GPS တပ်ဆင်ရေးကုမ္ပဏီများမှ သိရသည်။

‘‘အခုခေတ်အနေအထားနဲ့က ဆိုင်ကယ်ပျောက်တာတွေ များလာ တယ်၊ ပျောက်ရင်လည်း တန်ဖိုးကြီးဆိုင်ကယ်တွေချည်း၊ ဒါကြောင့် တန် ဖိုးကြီးဆိုင်ကယ်စီးနင်းသူတိုင်း မတော်တဆကြောင့် ကိုယ့်ဆိုင်ကယ် အဆုံးခံမလား၊ ဒီ ခြောက်သောင်း၊ ခုနစ်သောင်းလောက်ပဲ အကုန်ခံမလား ဆိုတာပဲ’’ဟု Harry GPS ကုမ္ပဏီက CEO & Founder ဦးဝေနှင်း ကိုကိုက ပြောသည်။

လွတ်လပ်ရေးနေ့တွင် မလွတ်မလပ်ဖြစ်ခဲ့ရသော ကိုဟိန်းထက်အောင် ကမူ‘‘ကျွန်တော့်လိုမဖြစ်ဖို့ ဆိုင်ကယ်စီးသူတိုင်း GPS တပ်ကြပါလို့ ပြော ချင်တယ်’’ဟု သောက်လက်စ ေရဘူးမှ ေရတစ်ကျုိက်ေမာ့လိုက်ရင်း ဆိုေလသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here