တန်ဖိုးကြီးကားများ၏    နတ်ဘုရားမဟု    ကျော်ကြားသူ ထိုင်ဝမ်အမျိုးသမီး    ပေါင်စတာလင်   ၁   ဒသမ   ၆   သန်း လိမ်လည်မှုဖြင့်    ထောင်ဒဏ်ချမှတ်ခံရ

1237

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ‘တန်ဖိုးကြီးကားများ၏ နတ်ဘုရားမ’ ဟု ကျော်ကြားခဲ့သူ ထိုင်ဝမ်အမျိုးသမီးတစ်ဦးအား ငွေကြေးအမြောက်အမြား လိမ်လည်မှုဖြင့် ထိုင်ဝမ်တရားရုံးချုပ်က ထောင်ဒဏ် ရှစ်နှစ်နှင့် ခုနစ်လ ချမှတ်ခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အသက် ၃၇ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီး Lin Siyin သည် ၂ဝ၁ဝ ပြည့်နှစ်တွင် သူတည်ထောင်ခဲ့သည့် ငွေစုငွေ ချေးလုပ်ငန်း၌ ရင်းနှီးမြုပ်နှံပါက အတိုး ၈ ရာခိုင်နှုန်းနှင့် လစဉ် အပိုဆုကြေး ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ရမည်ဖြစ်ကြောင်း  ဆွေမျိုးများနှင့်မိတ်ဆွေများကို မက်လုံးပေးစည်းရုံးခဲ့ သည်ဟုဆိုသည်။ အဆိုပါငွေ ကြေးများဖြင့် ခုနစ်နှစ်တာကာလအတွင်း တန်ဖိုးကြီးဇိမ်ခံကားများ၊ ဖက်ရှင်အသုံးအဆောင်များ ဝယ်ယူသုံးစွဲကာ သူ၏ Facebook Account မှတစ်ဆင့် အမြဲကြွားဝါဖော်ပြလေ့ရှိသဖြင့် ထိုင်ဝမ်တွင် ‘တန်ဖိုးကြီးကားများ၏ နတ်ဘုရားမ’ ဟု ကျော် ကြားခဲ့သူဖြစ်သည်။ ယခုဖျက်လိုက်ပြီဖြစ်သော သူ၏ Candy Lin အမည်ရှိ Facebook Account တွင် သူဝယ်ယူထားသော တန်ဖိုးကြီးအိတ်များ၊ တန်ဖိုးကြီးနာရီပုံများကို မကြာခဏ ဖော်ပြလေ့ရှိပြီး သူ့ထံရင်းနှီးမြုပ်နှံထားသောငွေများဖြင့် နေအိမ်များအပြင် ပေါင် ၁၁၇,၇၂၅ တန်ဖိုးရှိ Mercedes အမှတ်တံဆိပ် AMG SL-63 ပြိုင်ကားတစ်စီးနှင့် Bentley ကားတစ်စီးကိုပါ ဝယ်ယူထားသည်ဟု ဆိုသည်။ ထိုင်ဝမ်ဒေါ်လာ ၂၃,ဝဝဝ,ဝဝဝ (ပေါင် ၅၇၇,၃၅၄) လိမ်လည်ခံထားရသည့် Ms Wang ဆိုသူအပါအဝင် ငွေလိမ်ခံရသူ ၁ဝ ဦးကျော်က တိုင်ကြားခဲ့ပြီး သူလိမ်လည်ခဲ့သည့် ငွေကြေးမှာ စုစုပေါင်း ထိုင်ဝမ် ဒေါ်လာ ၆၆,ဝဝဝ,ဝဝဝ (ပေါင် ၁,၆၅၆,၇၅၇) ရှိကြောင်းသိရသည်။ Ms Lin အား ယခုနှစ်၊ ဇန်နဝါရီလတွင် မဖမ်းဆီးခင်ကတည်းက အိမ်များနှင့် ကားများအား ရောင်းချခဲ့ပြီး ဖြစ်ကြောင်းသိရကာ တရားရုံးက သူပိုင်တန်ဖိုးကြီးအိတ်များ၊ ဖိနပ်များအားလုံးကို သိမ်းဆည်းခဲ့သည်။

 

ငွေကြေး လိမ်လည်မှုအပါအဝင် ပြစ်မှုပေါင်း ၁၂ မှုဖြင့် ဖေဖော်ဝါရီ ၇ ရက်က သူ့အား တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်က စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကာ Ms Lin က သူ့အနေဖြင့် နောင်တကြီးစွာရပြီး သူလိမ် လည်ရယူခဲ့သည့် ငွေကြေးများ အားလုံးကို သင့်တော်သည့်နည်းလမ်းဖြင့် ပြန်လည်ပေးဆပ်လိုသည်ဟု ပြောကြားထားကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here