တန်ဖိုးကြီးကားများရပ်နားနိုင်သည့် အဆင့်မြင့်နည်းပညာသုံး မြေအောက်ကားဂိုဒေါင်ပါဝင်သည့် ရဲတိုက်ကြီးအား ပေါင်ငါးသန်းဖြင့် ရောင်းချမည်

750

အဂင်္လန်နိုင်ငံ၊ Hertfordshire ဒေသ၊ St Albans မြို့တွင် အိပ်ခန်း ခုနစ်ခန်းပါဝင်ပြီး နောက်ဆုံးပေါ် နည်းပညာများဖြင့် အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားသော မြေအောက်ကားဂိုဒေါင်ပါ ဂျိမ်းစ် ဘွန်းစတိုင်လ် ရဲတိုက်ကြီးကို ပေါင် ငါးသန်းဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ယင်းနေအိမ်ကြီးတွင် ကိုယ်ပိုင် ကော့တေးအခန်း၊ ကော့တေးဘားနှင့် အိမ်တွင်းရုပ်ရှင်ရုံငယ်တို့လည်း ပါဝင်သည်။ မြေအောက်တွင် ဆောက်လုပ်ထားသည့် ကားပါကင်မှာလည်း တန်ဖိုးကြီးကားများ အဆင့် ဆင့်ထပ်၍ သိမ်းဆည်းရန်အတွက် ဟိုက်ဒြောလစ်စနစ် သုံးကားပင့်စက် တပ်ဆင်ထားသလို တေးသီချင်းများနားဆင်နိုင်ရန် မျက်နှာကြက်များတွင်လည်း စပီကာများ တပ်ဆင်ပေးထားသည်။ ကားဂိုဒေါင် ကြမ်း ခင်းနေရာကိုလည်း တောက် ပြောင်သည့် တန်ဖိုးကြီး ကြွေပြားများခင်းပေးထားသလို ခေတ်ပေါ် လျှပ်စစ်ကားများအတွက် အားသွင်းရုံတစ်ရုံကိုလည်း ထည့်သွင်းပေးထားသည်။ စတုရန်းပေ တစ်သောင်း အကျယ်အဝန်းရှိသည့် အဆိုပါ သုံးထပ်အဆောက်အအုံကြီးတွင် ရေချိုးခန်း ရှစ်ခန်းနှင့် ဧည့်ခန်း ရှစ်ခန်း ပါဝင်သည်။

 

အဆိုပါ ရဲတိုက်ကြီးကို ရောင်းချရန်အတွက် အသေးစိတ် အချက်အလက်များကို ဓာတ်ပုံများနှင့်တကွ ဝေဝေ ဆာဆာဖော်ပြနိုင်ရန် ကိုယ် ပိုင် အင်တာနက်ဝက်ဘ်ဆိုက် တစ်ခုရှိပြီး စနစ်တကျ စီစဉ် ဖန်တီးထားသည့် ခမ်းနားလှပလွန်းသော အဆိုပါရဲတိုက်ကြီးသည် St Albans မြို့၏ အဓိက အချက်အချာကျသော လမ်းမ ကြီးပေါ်တွင် တည်ရှိကြောင်း သိရသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here