တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း အရောင်းအဝယ် ဆက်ပြီးအေးစက်နေသည့် ကားစျေးကွက်

390
Page(Test)

တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်၍ တောင်ကြီးမီးပုံးပျံပွဲနှင့် ကထိန်အလှူ များရှိသလို ခရီးသွားလာသူများလည်းများသဖြင့် ယခုတစ်ပတ် ကား အရောင်းအဝယ်မှာ ဆက်ပြီးအေးနေသည်။ ယာဉ်ပိုင်ရှင် အမည်မပေါက် သည့် ကားများကိုလည်း အမည်ပေါက်ဖြစ်စေရန် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လာခြင်းကြောင့် အဝယ်အချို့ကလည်း အမည်မပေါက်သည့် ဂျပန်ညာမောင်းကားများထက် အမည်ပေါက်ရရှိ သည့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သောကားများကို ဦးစားပေးဝယ်ယူ လာကြသည်။ အခွန်ဖြေလျှော့ပေးသည့်နောက်ပိုင်းတွင် ဝင်ငွေခွန်သက် သာသွားခြင်းကြောင့် ဂျပန်ညာမောင်းကားများထက် ဘယ်မောင်းကား သစ်များကို အဝယ်အများစုက ဦးစားပေး ရွေးချယ်လာကြသည်။

“ဒီရက်ပိုင်းမှာ တောင်ကြီးမီးပုံးပျံပွဲနဲ့ ကထိန်အလှူတွေရှိတဲ့အတွက် အရောင်းအဝယ် ပြန်အေးသွားပါတယ်၊ နယ်အဝယ်တွေလည်း ပြီးခဲ့တဲ့ လဆန်းရက်ကလောက် မဆင်းတော့ပါဘူး၊ အရောင်းအဝယ်ဖြစ်တဲ့ ကျပ် သိန်းနှစ်ရာဝန်းကျင် ၁၃ဝဝ စီစီကားတွေတောင် စျေးကွက်အေးသွားပါတယ်။ ကားအရောင်းအဝယ်တွေ သိသိသာသာ အေးသွားသလို စလစ်စျေးက လည်း ဖောက်စွပ်တွေကို လူစီးစလစ်ပေးလိုက်တဲ့အတွက် ပြန်ကျသွားပါ တယ်။ စလစ်စျေးပြန်ကျသွားပေမဲ့ တင်သွင်းနိုင်တဲ့ကားရှားတဲ့အတွက် စလစ်အရောင်းအဝယ်ကတော့ အေးနေပါတယ်၊ နယ်ဘက်မှာတော့ မြညေိ နြတ ကားတွေက အမေးရော အဝယ်ရော ရှိတဲ့အတွက် ပုံမှန် အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်”ဟု Shwe Sar Yay Trading Co.,Ltd မှ ဒါရိုက်တာ ဦးအေးနိုင်က ပြောသည်။

လာမည့်နှစ်တွင် ပြည်ပမှ လူစီးယာဉ်များကို ၂ဝ၁၆ မိုဒယ်မှ ၂ဝ၂ဝ မိုဒယ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်၍ တင်သွင်းရမည့်ကားတန်ဖိုးများမှာ ယခုနှစ်ထက် ပိုများသွားမည်ဖြစ်သည်။ ထို့ပြင် စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ လည်း ယာဉ်ပိုင်ရှင်အမည်ပေါက် ဆောင်ရွက်ရမည်ဖြစ်၍ အဝယ်များမှာ ညာမောင်းကားများထက် ဘယ်မောင်းကားစျေးကွက်တွင် ရွေးချယ်မှု ပို များလာသည်။ လက်ရှိတွင်လည်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကား များထက် ရန်ကုန်လိုင်စင်ရရှိသည့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားများကို အားသာချက်၊ အားနည်းချက်ကြည့်ကာ ချိန်ဆပြီး ဝယ်ယူ နေကြသဖြင့် ကားသစ်စျေးကွက်မှာ တဖြည်းဖြည်းပိုပြီး အားကောင်းလာ သည်။ လာမည့်နှစ်အတွက် ထုတ်ပြန်ကြေညာထားသည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်ကြောင့် ကားစျေးများ အတက် အကျ ဖြစ်လာနိုင်ဖွယ်မရှိသည့်အတွက် အဝယ်တချို့ကလည်း အချိန်ယူ စဉ်းစားပြီးမှ ဝယ်ယူနေကြသည်။

“ဒီလထဲမှာက ရုံးပိတ်ရက်တွေရှိတော့ ခရီးသွားတဲ့သူတွေများလို့ ကားအဝယ်ဆင်းတာ နည်းသွားပါတယ်၊ အခုနောက်ပိုင်းစျေးကွက်ထဲမှာ ညာမောင်းမှ ညာမောင်းဆိုပြီး အရိုး၊ွဲပြီး ကြိုက်နှစ်သက်သူတွေလည်း နည်းသွားပါတယ်၊ အများစုကတော့ ကားသစ်တွေကို စိတ်ဝင်စားလာကြ တာ တွေ့ရပါတယ်၊ ကားသစ်တွေထဲမှာဆိုရင် Mitsubishi Eclipse Cross ၊ Mitsubishi ASX ၊ Toyota CHR ၊ Toyota Rush ၊ Brilliance V3 စတဲ့ ကားတွေက နေ့တိုင်းလိုလို အမေးများသလို အရောင်းအဝယ်လည်း ဖြစ်ပါတယ်၊ စလစ်စျေးတွေကျသွားပေမဲ့ စလစ် ကပ်ကားတွေကတော့ အဝယ်ပျောက်နေပါတယ်”ဟု PPE9 Auto မှ ဒါရိုက်တာ ကိုဇော်မင်းထွန်းက ပြောသည်။

လာမည့်နှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ် ချက်များအရ အပ်ကားစျေးကွက်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားမည် ဖြစ်သော်လည်း စလစ်ကပ်တင်သွင်းမည့် ကားအချို့နှင့် ရန်ကုန်လိုင်စင် ရယူမည့် Brand New ကားများအတွက် စလစ်လိုအပ်ချက် ရှိနေဦးမည် ဖြစ်၍ ကားဟောင်းစလစ်မှာ ကျပ်သိန်းတစ်ရာအောက် ကျဆင်းသွားနိုင် ဖွယ်မရှိကြောင်း သိရသည်။

“အခုရက်ပိုင်း စျေးကွက်ပျက်ပြီး အေးနေပါတယ်၊ နယ်အဝယ် လည်း မဆင်းပါဘူး၊ တန်ဆောင်တိုင်ပိတ်ရက် ခရီးထွက်ကြလို့လည်း ပါတယ်၊ ကထိန်နိဗ္ဗာန်စျေးတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်၊ ဝင်ငွေခွန် ၃ ရာခိုင်နှုန်းကြောင့်လည်း ကားဟောင်းစျေးကွက်တွေပျက်ပြီး Brand New တွေ စျေးကွက်ဝေစု ပိုရသွားပါတယ်၊ ၃ ရာခိုင်နှုန်းကိုတော့ အရောင်း အဝယ်သမားအားလုံးက ကြိုဆိုပါတယ်၊ ဒါပေမဲ့ မဖြစ်မနေအခွန်ဆောင် အမည်ပေါက်ပြောင်းရတာလေးကိုတော့ တစ်ပိုင်တစ်နိုင် ဝယ်/ရောင်း ပေါက်စလေးတွေအတွက် အခက်ခဲရှိပါတယ်၊ မြန်မာပြည်ဝင်လာကတည်း က အခွန်တွေ အဆင့်ဆင့်တောင်းသလောက်ကို မညည်းမညူ ဆောင် လာခဲ့ကြတာလေ၊ ယာဉ်လက်ဝယ်ရှိသူရဲ့ သဘောဆန္ဒမပါဘဲ လိုင်စင်ဝင် တာနဲ့ ပြောင်းရမယ်ဆိုတာက အတော်လေးမဖြစ်သင့်တဲ့ ကိစ္စပါ၊ ဒါတွေ အားလုံးကို ခြုံငုံသုံးသပ်ရရင် ကားအဟောင်းစျေးကွက် အေးစက်ပြီး Brand New ကားသစ်တွေလည်း ဝေစုပိုရသွားမှာဖြစ်ပေမဲ့ အခုရက် တွေမှာတော့ ကားအရောင်းအဝယ်တွေ မကောင်းကြပါဘူး”ဟု ကား ဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

ပြည်ပမှ တင်သွင်းသော Brand New ကားများသည်လည်း ဝင်ငွေ ခွန်ဖြေလျှော့ပေးလိုက်ချိန်တွင် ပြပွဲနှင့် Road Show များပြုလုပ်ကာ Promotion အစီအစဉ်များဖြင့် ရောင်းချနေသော်လည်း ရန်ကုန်လိုင်စင် ဖြင့် ဝယ်ယူခွင့်မရခြင်းကြောင့် အရောင်းအဝယ် သိသိသာသာ ပြန် ကောင်းမလာသေးကြောင်း သိရသည်။
အပ်ကားရှားပါးနေခြင်းကြောင့် ရန်ကုန်လိုင်စင် သက်တမ်းနှစ် နှစ် ဆယ်စလစ်မှာ ကျပ် ၁၂၅ သိန်းအထိ မြင့်တက်သွားခဲ့သလို တိုက်ကြေ စလစ်မှာလည်း ကျပ် ၁၁၈ သိန်းအထိ ရှိသွားခ့ဲကြောင်း ကားစျေးကွက် အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here