တစ်ဦးပိုင်ယာဉ်များကို ကုမ္ပဏီအမည်ပေါက်ယာဉ်များအဖြစ် ပြောင်းလဲရာတွင် YRTA ဝင်ရောက် စွက်ဖက်မည်မဟုတ်

342

 

ရန်ကုန်၊ သြဂုတ် ၂၅
YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲ နေကြသည့် တစ်ဦးပိုင်ယာဉ်များကို ကုမ္ပဏီ အမည်ပေါက်ယာဉ်များ အဖြစ် ပြောင်းလဲရာတွင် YRTA အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ ထိန်းကျောင်းမှုများသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။

YBS စနစ် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် တစ်ဦးပိုင်ယာဉ်များကို ကုမ္ပဏီ အမည်ပေါက်ဖြစ်ရေး အဓိကထား ဆောင်ရွက်မည် ဖြစ်သော်လည်း YRTA က ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ ကုမ္ပဏီနှင့် ယာဉ်ပိုင်ရှင် များ၏ သဘောတူညီမှုဖြင့်သာ လုပ်ဆောင်စေမည်ဖြစ်ကြောင်း သိ ရသည်၊။

‘‘ကုမ္ပဏီ အမည်ပေါက် ပြောင်းတာနဲ့ပတ်သက်ပြီး YRTA ကထိန်းကျောင်းတဲ့ အနေနဲ့ပဲပါ မယ်၊ ကုမ္ပဏီက သူတို့စည်းကမ်းနဲ့ သူတို့ရေးဆွဲထားတာ ဝင်လုပ်လို့ မရဘူး၊ ကုမ္ပဏီအမည်ပေါက်ထည့်ရင် တရားဝင်ထည့်၊ တန်ဖိုးသတ် မှတ်မယ်၊ ကုမ္ပဏီအမည် ပြောင်းရမယ်၊ အဲဒီလိုလုပ်ရမယ် ကုမ္ပဏီနဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ပဲ ညှိနှိုင်းဆောင် ရွက်တာက အကောင်းဆုံး ဖြစ်ပါ တယ်၊ အရင်တုန်းကတော့ တန်ဖိုးသတ်မှတ်ဝယ်ယူရေး လုပ်ခဲ့တယ်၊ ဒီအဆင့်ကို မသွားနိုင်ခဲ့ဘူး၊ အဲဒါ ကြောင့် ကုမ္ပဏီနဲ့ ယာဉ်ပိုင်ရှင်နဲ့ပဲ သဘောတူညီမှုနဲ့ပဲ လုပ်မယ်’’ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦး လှအောင်က ပြောသည်။

YBS တစ်ဦးပိုင် ယာဉ်ပိုင်များ ကို ကုမ္ပဏီအမည်ပေါက်အဖြစ် ပြောင်းလဲရာတွင် ယာဉ်တန်ဖိုးဖြတ် ဝယ်ယူသည်ကို လုပ်ဆောင်ပေးနိုင် ခြင်းမရှိသေးသည့်အတွက် ကုမ္ပဏီနှင့် ယာဉ်ပိုင်ရှင်များ၏ ညိနှိုင်း သဘောတူညီမှုဖြင့်သာ ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိတွင် တစ်ဦးပိုင်ယာဉ်အဖြစ် ပြေးဆွဲနေ သည့် YBS ယာဉ်အစီး တစ်ထောင် ဝန်းကျင် ရှိနေသေးကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here