တစ်ဦးချင်းပါမစ်ကို   တင်သွင်းသူကိုယ်တိုင်  လျှောက်ထားပါက စီး/ကူးမှ  လဝကထောက်ခံချက်  တောင်းခံတော့မည်  မဟုတ်

833

တစ်ဦးချင်းပါမစ်ကို တင်သွင်းသူ ကိုယ်တိုင် လျှောက်ထားပါက စီး/ ကူးမှ လဝက ထောက်ခံချက် တောင်းခံတော့မည် မဟုတ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဒီ ဇင်ဘာလမှစ၍ တစ်ဦးချင်းပါမစ် လျှောက်ထားပါက ပိုင်ရှင်ကိုယ် တိုင်လျှောက်ထားရန်နှင့် လဝက ထောက်ခံချက်တင်ပြရန် သတ်မှတ် ခဲ့သော်လည်း လက်ရှိတွင် တစ်ဦး ချင်းပါမစ်ကို တင်သွင်းသူကိုယ် တိုင်လျှောက်ထားပါက လဝက ထောက်ခံချက် တောင်းခံတော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

”ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တစ် ဦးချင်းပါမစ်ကို မမှန်မကန်နည်း လမ်းတွေနဲ့ အလုံးအရင်း လာ လျှောက်ကြတဲ့အတွက် တင်သွင်း သူကိုယ်တိုင် လျှောက်ထားရမယ် လို့ ကြေညာခဲ့ပါတယ်၊ လဝက ထောက်ခံချက်လည်း တင်ပြခိုင်းခဲ့ ပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ တစ်ဦးချင်းပါမစ်တွေကို ပိုင်ရှင် ကိုယ်တိုင် လာရောက်လျှောက်ထားမယ်ဆိုရင် ပါမစ်ထုတ်ပေးမှာ ဖြစ် ပါတယ်၊ လဝက ထောက်ခံချက် တင်ပြဖို့မလိုတော့ပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တစ်ဦးချင်းပါမစ်များကို တင် သွင်းသူကိုယ်တိုင် လာရောက် လျှောက်ထားရန် သတ်မှတ်ထားပြီး ယခုနှစ်အတွင်း ယာဉ်အို/ဟောင်း စလစ်ဖြင့် လျှောက်ထားသည့် ၂,၉၁၇ စောင်နှင့် ဖရီးပါမစ် ၃ဝ၅ စောင်တို့ကို တင်သွင်းခွင့်ပါမစ်ထုတ် ပေးထားကြောင်း သိရသည်။ ထို့ ပြင် အရောင်းစင်တာများမှ ကား ၃,၁၄၆ စီးနှင့် အရောင်းပြခန်းများမှ ကား ၄,၆၂၁ စီးအတွက် ဝယ်ယူ ခွင့်ပါမစ်များ ထုတ်ပေးထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here