တစ်နေရာတည်းတွင်   ဆိုင်ကယ်  Brand  အစုံရရှိမည့်  JIAFA Showroom  မန္တလေးမြို့ ၌   ဖွင့်လှစ်မည်

3038

တစ်နေရာတည်းတွင် ထိုင်း Honda ၊ ဗီယက်နမ် Honda ၊ ထိုင်း YAMAHA Fino ၊ အိန္ဒိယ YAMAHA FZ S ၊ အိန္ဒိယ TVS စသော နာမည်ရ ဆိုင်ကယ် Brand အစုံကို စုံလင်စွာ ထားရှိရောင်းချပေးမည့် JIAFA Cycle Showroom ကို မန္တလေးမြို့ ၃၇ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ယခု အောက်တိုဘာလအတွင်း ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

” JIAFA Trading ကုမ္ပဏီကနေ NCX Myanmar က ကိုယ်စားလှယ်ယူပြီး Honda ဆိုင်ကယ် Showroom သီးသန့် ဖွင့်တာရှိတယ်၊ JIAFA နာမည်နဲ့ပဲ ထိုင်း Honda နဲ့ YAMAHA QBIX ဆိုင်ကယ်တွေ နှစ်မျိုး သီးသန့်ရောင်းတဲ့ တစ်ဆိုင်ရှိတယ်၊ အခုဖွင့်မှာက JIAFA ရဲ့ သုံးဆိုင်မြောက်ပါ၊ အခု သုံးဆိုင်မြောက်မှာ ထူးခြားတာက အရည်အသွေးကောင်းတဲ့ နာမည်ရ Brand တွေစုပြီး ရောင်းချသွားမှာပါ”ဟု ‘ JIAFA Trading ကုမ္ပဏီ’မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

 

ယခု အောက်တိုဘာလအတွင်း သုံးဆိုင်မြောက် ဖွင့်လှစ်မည့် JIAFA Cycle Showroom ၌ အရည်အသွေးကောင်းသော နာမည်ရ Brand အစုံကို Brand New သီးသန့် အင်ဂျင်တစ်နှစ်မှ ၂ နှစ်အာမခံအထိ ဝန်ဆောင်မှုဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဘဏ်ဝန်ထမ်းနှင့် ကျောင်းဆရာ/ဆရာမများဖြစ်ပါက အကြီးအကဲထောက်ခံချက်နှင့် အရစ်ကျစနစ်ဖြင့်ပါ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

”အခု တတိယမြောက် Showroom နေရာက မျက်နှာပွင့်က ၃၅ ပေ နဲ့ ပေ တစ်ရာအကျယ်ရှိတဲ့အတွက် Brand New သီးသန့်နာမည်ရဆိုင်ကယ်တွေ အစုံရောင်းချ ဖို့ စီစဉ်ဖြစ်သွားတာပါ၊ အဲဒီမှာ ဆိုင်ကယ် အပိုပစ္စည်းတွေ အစုံရနိုင်အောင် ထားပေးသွားမှာဖြစ်သလို Service ခုံသုံးခုံနဲ့ပါ Service ခန်း သီးသန့်ထားပေးသွားပါမယ်၊ တစ်နေရာတည်းမှာ Sales ၊ Service ၊ Spare Parts(3S) ရရှိအောင် စီစဉ်နေပါ တယ်”ဟု အဆိုပါကုမ္ပဏီမှ ဦးဝင်းနိုင်က ထပ်မံဆိုသည်။

 

မန္တလေးမြို့တွင် ဆိုင်ကယ် အရောင်းပြခန်းများစွာ ရှိသော်လည်း အရည်အသွေးကောင်းပြီး နာမည်ရ Brand အစုံကို တစ်နေရာတည်း၌ ရောင်းချသည့်ဆိုင်မှာ တစ်ဆိုင်မျှ မရှိသေးသောကြောင့် ယခု JIAFA Showroom သည် မန္တလေးမြို့၏ Brand အစုံရောင်းချသော ပထမဆုံးဆိုင်အဖြစ်ရှိလာမည်ဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here