တစ်နာရီ ၁၈၆ မိုင်နှုန်းမောင်းနိုင်သည့် ဆိုင်ကယ်ကို Aston Martin စမ်းသပ်မောင်းနှင်

398

 

နာမည်ကျော် ဗြိတိန်ပြိုင်ကားကုမ္ပဏီ Aston Martin သည် ၎င်းတို့သက်တမ်းတစ်လျှောက် ပထမဆုံးထုတ်လုပ်သည့် မော် တော်ဆိုင်ကယ်ကို ဇွန် ၂၄ ရက်က ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့ကြောင်း dailymail သတင်းစာက ဖော်ပြသည်။
AMB 001 ဟု အမည်ပေးထားသော အဆိုပါ မြန်နှုန်းမြင့် မော်တော်ဆိုင်ကယ်သည် ၁၉၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ သော Aston Martin ကုမ္ပဏီသက်တမ်းတစ်လျှောက် ပထမဆုံးထုတ်လုပ်သည့် နှစ်ဘီးတပ် စီးတော်ယာဉ်လည်းဖြစ် သည်။ Aston Martin သည် အဆိုပါ ဆိုင်ကယ်ကို ဗြိတိန်မော်တော်ဆိုင်ကယ်ကုမ္ပဏီ Brough Superior နှင့် ပူးပေါင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အစီးရေ တစ်ရာသာ ကန့်သတ်ထုတ်လုပ်သွားမည်ဖြစ်သည်။
AMB 001 ဆိုင်ကယ်တွင် မြင်းကောင်ရေ ၁၈၀ အား တာဘိုအင်ဂျင်တပ်ဆင်ထားပြီး 6 Speed Gearbox an APTC Clutch ဖြစ်သည်။ ၃ ဒသမ ၇ စက္ကန့်အတွင်း သုညမိုင်မှ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်သလို အမြင့်ဆုံးအနေဖြင့် တစ်နာရီ ၁၈၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။ ထူးခြားချက်မှာ အဆိုပါ AMB 001 ဆိုင်ကယ်ကို ပြင်သစ်နိုင်ငံ၊ တူးလော့စ်မြို့ရှိ Brough Superior စက်ရုံတွင် လက်ဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး စမ်းသပ်မောင်းနှင်မှုကိုလည်း ပြင်သစ်နိုင်ငံ၊ Pau မြို့ရှိ Circuit Pau-Arnos ဆိုင်ကယ်ပတ်လမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘော်ဒီကို ကာဗွန်ဖိုင်ဘာဖြင့်ပြုလုပ်ထားပြီး ဒီဇိုင်းပိုင်းကိုလည်း အကောင်းဆုံးဖန်တီးတည်ဆောက်ထားသည်ဟု Aston Martin ကုမ္ပဏီက ထုတ်ပြန်သည်။
အလူမီနီယမ်တောင်ပံဒီဇိုင်းကလည်း သားနားပြီး ဈေးနှုန်းအရ တန်ဖိုးအမြင့်ဆုံး မော်တော်ဆိုင်ကယ်များအနက် တစ်စီးအ ဖြစ် သတ်မှတ်ခံထားရသည်။ လတ်တလောတွင် ဈေးအကြီးဆုံးမော်တော်ဆိုင်ကယ်သည် MotoGP ပြိုင်ပွဲဝင် Honda RC213V-S ဖြစ်ပြီး တစ်စီးလျှင် ယူရို ၁၈၈,၀၀၀(ပေါင် ၁၇၀,၀၀၀)ရှိသည်။ စွမ်းဆောင်ရည်မြင့်မားသော Aston Martin AMB 001 ဆိုင်ကယ်သည် အများပြည်သူသုံး လမ်းမများထက် တရားဝင်မောင်းနှင်ခွင့်မရှိဘဲ ပြိုင်ပွဲများကျင်းပရာ ပတ်လမ်း များတွင်သာ မောင်းနှင်နိုင်သည်။ ကြိုတင်အော်ဒါပေးပို့ထားသူများအနက် ပထမဆုံးလက်ခံရရှိမည့်သူကို ယခုနှစ် ဆောင်းဦးကာလအတွင်း ပေးပို့သွားမည်ဖြစ်သည်။

Ref: dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here