တစ်တန်အောက်  ထရပ်များကို  CO  နှင့်  ED  ပြမှသာ နယ်စပ်ဒေသမှ   တင်သွင်းခွင့်ပြုမည်

640

တစ်တန်အောက် ထရပ်များကို CO နှင့် ED ပြမှသာ နယ်စပ်ဒေသ မှ တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လာမည့် စက်တင်ဘာလမှစ၍ တစ်တန်အောက် ထရပ်များကို Country of Original (CO) နှင့် ကုန်ပစ္စည်း တင်ပို့သည့်နိုင်ငံ၏ Export Declaration(ED) တင်ပြနိုင်မှသာ နယ်စပ်ဒေသများမှ တင်သွင်းခွင့်ပြုရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

”နယ်စပ်ကနေ တင်သွင်းနေတဲ့ တစ်တန်အောက် ထရပ်တွေကို စက်တင်ဘာလကစပြီးတော့ CO တင်ပြနိုင်မှ တင်သွင်းခွင့်ပြုဖို့ စီစဉ်နေပါတယ်၊ ထိုင်းနယ်စပ်ကနေ တင်သွင်းမယ်ဆိုရင် ထိုင်းကထုတ်လုပ်တဲ့ကားပဲ သွင်းလို့ရမှာ ဖြစ်ပါတယ်၊  ထိုင်းကထုတ်လုပ်တဲ့ ကားအဟောင်းတွေ တင်သွင်းဖို့အတွက် CO မပြနိုင်ရင် ထိုင်း Custom ရဲ့ ED ပြနိုင်မှ တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်၊ ဂျပန်ကထုတ်တဲ့ကားကို ထိုင်းနိုင်ငံကနေ တင်သွင်းခွင့် မပေးတော့ပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တစ်တန်အောက် ထရပ်များ ကို ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် အစီးရေ ရှစ်ဆယ်အထိ တင်သွင်းရောင်းချခွင့်ကို ယခုလအတွင်း ကြီး/ကော်က ခွင့်ပြုပေးခဲ့သည်။

 

ထို့ပြင် နယ်စပ်ဒေသများမှ တင်သွင်းခွင့်ရနေသည့် တစ်တန်အောက် ထရပ်များကို CO နှင့် ED တင်ပြနိုင်မှသာ တင်သွင်းခွင့်ရတော့မည်ဖြစ်သလို ယင်းကားများကို ကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းမည်ဆိုပါကလည်း တစ်လလျှင် တစ်စီးသာ တင်သွင်းခွင့်ရမည် ဖြစ်သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here