တက္ကသိုလ်လေးခု ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းသစ်ကို လာမည့်နှစ် ဇန်နဝါရီလတွင် စတင်မည်

162

ရန်ကုန်၊ နိုဝင်ဘာ
တက္ကသိုလ်လေးခုကို ချိတ်ဆက် မည့် ယာဉ်လိုင်းအသစ်ကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း စတင်ပြေးဆွဲမည် ဖြစ်ကြောင်း OMNI FOCUS ကုမ္ပဏီမှ သိရ သည်။

ရန်ကုန်အနောက်ပိုင်း နည်း ပညာတက္ကသိုလ်ကို အခြေခံပြီး မြောက်ဥက္ကလာပ ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရွာသာကြီး စီးပွား ရေးတက္ကသိုလ်တို့အား ချိတ်ဆက် ပြေးဆွဲမည့် ယာဉ်လိုင်းအသစ်ကို ဇန်နဝါရီလအတွင်း စတင်ပြေးဆွဲ မည်ဖြစ်ပြီး YRTAမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။

“တက္ကသိုလ်လေးခုကို ချိတ် ဆက်ပြေးဆွဲမယ့် ယာဉ်လိုင်းသစ်အ တွက် ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်၊ ဒီယာဉ်လိုင်းအတွက် နံပါတ်သတ် မှတ်ပေးမှာလား၊ နာမည်တစ်ခုခု သတ်မှတ် ပေးမှာလားဆိုတာ မသိ ရသေးပါဘူး၊ လမ်းကြောင်းရေး ဆွဲနေပြီး ယာဉ်စီးခကို ကျပ် နှစ်ရာ နှစ်ဖြတ်စီနဲ့ အစအဆုံး ကျပ် သုံးရာ သတ်မှတ်ထားပါတယ်”ဟု ‘OMNI FOCUS ကုမ္ပဏီ’ မန်နေဂျင်း ဒါ ရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

တက္ကသိုလ်လေးခု ချိတ်ဆက် မည့် ယာဉ်လိုင်းသစ်သည် ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္က သိုလ်(WYTU)ကို အခြေခံပြီး ရွေ ပြည်သာ၊ မင်္ဂလာဒုံ၊ အမှတ်-၃ လမ်းဆုံ၊ မြောက်ဥက္ကလာ ခြောက်ကွေ့၊ မြောက်ဥက္ကလာ ဆေးတက္က သိုလ်(၂)၊ ဒဂုံတက္ကသိုလ်၊ အမှတ်-၂ လေးထောင့်ကန်လမ်းမ ကြီးမှ ရွာသာကြီး စီးပွားရေး တက္ကသိုလ်သို့ ချိတ်ဆက် ပြေးဆွဲမည် ဖြစ်သည်။

OMNI FOCUS မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အ ဝေးပြေးယာဉ်ရပ်နားဝင်း နှစ်ခုကို ချိတ်ဆက်ပြေးဆွဲမည့် Airport Shuttle Bus လမ်းကြောင်းသစ်ကို လည်း ဒီဇင်ဘာလအတွင်း ပြေးဆွဲ မည် ဖြစ်သည်။

OMNI FOCUS General Services Public Co.,Ltd ၏ ယာဉ်လိုင်းများဖြစ်သည့် YBS 56 ၊ YBS 20 ၊ YBS 82 ၊ YBS 83 ၊ YBS 98 ၊ YBS 99 ၊ YBS Airport Shuttle Bus တို့ကို ယာဉ် အစီး ၃၆ဝ ဖြင့် ပြေးဆွဲနေခြင်းြဖစ် ေြကာင်း သိရသည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here