အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဆန်အန်တိုနီယို စက်ရုံရှိ Toyota ကားစက်ရုံမှ ဝန်ထမ်းအချို့တွင် COVID -19 ရောဂါပိုး စစ်ဆေးတွေ့ရှိရခြင်း ကြောင့် ထုတ်လုပ်ရေးပိုင်းဆိုင်ရာ အခက်တွေ့နေရကြောင်း ဇွန် ၁၆ ရက်တွင် news4sanantonio ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက် တွေ့ခဲ့ရသည့် ကားကုမ္ပဏီများအနက် တစ်ခု အပါအဝင်ဖြစ်သော Toyota သည် မေ ၁၁ ရက်ကမှ ဆန်အန်တိုနီယိုစက်ရုံကို ပြန်လည် ဖွင့်လှစ်ကာ လုပ်ငန်းများစတင်လည် ပတ်ခဲ့ခြင်းဖြစ်သည်။ စက်ရုံစတင် လည်ပတ်ချိန်တွင် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကောင်းမွန်သော အစီအမံများချမှတ်၍ လုပ်ငန်းများ လည်ပတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဖွင့်လှစ်ပြီး တစ်လစွန်းစွန်း အကြာမှာပင် ရောဂါပိုးတွေ့ရှိသော ဝန်ထမ်းအချို့ ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ပမာဏ မည်မှျရှိသနည်းဆိုသည် ကို Toyota ဘက်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ ဇွန် ၁၆ ရက်အထိ အမေရိကန် ပြည်ထောင်စုတွင် ရောဂါပိုးတွေ့ရှိ သူ ၂ ဒသမ ၁ သန်းကျော် ရှိ သည့်အနက် ၁၁၈,၂၈၃ ဦး သေ ဆုံးခဲ့သလို ဆန်အန်တိနီယာစက်ရုံ တည်ရှိရာ တက္ကဆက်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၉၁,၃၈ဝရှိကာ ၂,ဝ၁၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
Ref: news4sanantonio