ညာမောင်းကျောင်းကားများကို ယခုပညာသင်နှစ်ကုန်အထိသာ နောက်ဆုံးထား ခွင့်ပြုပေးတော့မည်

667

ရန်ကုန်၊ မေ

ညာမောင်း ကျောင်းကားများကို  ယခု ပညာသင်နှစ်ကုန်အထိသာ နောက်ဆုံးထားပြီး ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကျောင်းကားစနစ်သစ် အတွက် ချမှတ်ထားသည့်အချက် ၁၂ ချက်တွင် ဘယ်မောင်း၊ ညာ အတက်/အဆင်း တံခါးပေါက်ပါသောယာဉ်များ ဖြစ်ရမည်ဆိုသည့်အချက်ကို ကျောင်းကားလုပ်ငန်းရှင်များက ဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြရာ ယခုပညာသင်နှစ်(၂ဝ၁၈ -၂ဝ၁၉) တစ်နှစ်တည်းသာ ညာမောင်းကားများကို ဆက်လက်ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

”ဒီပညာသင်နှစ် တစ်နှစ်အတွက်ပဲ ညာမောင်းကျောင်းကားတွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်၊ နောက်နှစ်တွေမှာတော့ ကျောင်းကားအတွက် သတ်မှတ်ထားတဲ့ အချက် ၁၂ ချက်နဲ့ကိုက်ညီမှ ခွင့်ပြုပေးတော့မှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းကားစနစ်သစ် ပြေးဆွဲရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသော အစိုးရကျောင်း ၁၈ ကျောင်း၌ ပြေးဆွဲနေသည့် ကျောင်း ကား ၉ဝ ရာခိုင်နှုန်းမှာ ညာမောင်း၊ ဘယ်အတက်/အဆင်း တံခါးပေါက် ယာဉ်များဖြစ်နေရာ ကျောင်းကားစနစ်သစ်အတွက် ချမှတ်ထားသည့် အချက် ၁၂ ချက်ထဲမှ ဘယ်မောင်း၊ ညာအတက်/အဆင်း တံခါးပေါက်ပါသောယာဉ်များ ဖြစ်ရမည်ဆိုသည့်အချက်ကို ဖြေလျှော့ပေးရန် အစိုးရအဖွဲ့ထံတင်ပြခဲ့ရာ ယခုပညာသင်နှစ် တစ်နှစ်တွင်သာ နောက်ဆုံးထား ပြေးဆွဲခွင့်ပြုတော့မည် ဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here