ညစ်ညမ်းဓာတ်ငွေ့ ကောလာဟလကြောင့် ကယ်လီဖိုးနီးယားကန္တာရတွင် Volkswagen မှ ပြန်လည်ဝယ်ယူခဲ့ရသည့်ကားများ အဆမတန်စုပုံနေ

936

ဂျာမန်ကားကုမ္ပဏီကြီးတစ်ခုဖြစ် သည့် Volkswagen သည် သတ်မှတ်ချက်ထက် ကျော်လွန်သည့် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု သတင်းများကြောင့် ကုမ္ပဏီထုတ် ကားပေါင်း သုံးသိန်းခွဲကို ပြန်လည်ဝယ်ယူရန် တွန်းအားပေးခြင်း ခံရပြီးသည့်နောက်တွင် ကယ်လီဖိုးနီးယားကန္တာရ၌  Volkswagen ကား ထောင်ပေါင်းများ စွာ စုပုံနေသည့် မှင်တက်ဖွယ်ဓာတ် ပုံများအကြောင်းကို မတ် ၃ဝ ရက် တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အဆိုပါဓာတ်ပုံများတွင် ညစ်ညမ်းဓာတ်ငွေ့ ပြဿနာကြောင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလျံကျော် တန်ဖိုးရှိသည့် VW ကားပေါင်း သုံးသိန်းခွဲကို ပြန်လည်ဝယ်ယူခဲ့ရပြီးနောက် အဆိုပါ ဝယ်ယူထားသည့်ကားများကို ထိန်းသိမ်းထားရာ နေရာတစ်ခုဖြစ်သည့် ကယ်လီဖိုးနီးယားကန္တာရတွင် မျက်စိတစ်ဆုံး များပြားလှသည့် ကားတန်းများကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ VW အနေဖြင့် ၎င်းတို့ ပြန်လည်ဝယ်ယူခဲ့ရသည့် ကားပေါင်းများစွာကို ကယ်လီဖိုးနီးယားပြည်နယ်၊ Victorville အနီးရှိ ကန္တာရနေရာအပါအဝင် ဒိထရွိုက် ဘောလုံးကွင်းနှင့် Minnesota စက္ကူစက်ရုံဟောင်း နေရာတို့တွင် ထိန်းသိမ်းထားရှိသည်။ VW ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Jeannie Ginivan ၏ အဆိုအရ အဆိုပါကားများကို ခဏတာ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ကားများ၏ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို အမေရိကန်ပြည်ထောင်စု၏ သတ်မှတ်ချက်နှင့်အညီ ပြုပြင်မွမ်းမံပြီးလျှင် ပြန်လည်တင်ပို့ရောင်းချသွားနိုင်မည် ဖြစ်သည်။

VWအနေဖြင့် ကားပိုင်ရှင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရနှင့် ကားအရောင်းကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုတွင် ကားများပြန်လည်ဝယ်ယူမှုအတွက် ဒေါ်လာ ၂၅ ဘီလျံကျော် အသုံးပြုသွားရန် သဘောတူညီခဲ့ပြီး လေထုညစ်ညမ်းစေသည့် ကားပေါင်း ငါးသိန်းနီးပါးကို ပြန်လည်ဝယ်ယူစေခဲ့သည်။ ထိုကဲ့သို့ ကားပြန်လည်ဝယ်ယူမှုကို ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Ref  :  Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here