ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနှင့်  ပတ်သက်ပြီး ကားအစီးရေ နှစ်သန်း လိမ်လည်ထားသည်ဟု ဏှဗ စွပ်စွဲခံရ

560

ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ပတ်သက်ပြီး လိမ်လည်မှုရှိသည်ဟု စွပ်စွဲခံထားရသော PSA ကုမ္ပဏီမှ ရောင်းချခဲ့သည့် ကားအစီးရေ နှစ်သန်းနီးပါးတွင် သံသယဖြစ်ဖွယ် ဆော့ဖ်ဝဲတပ်ဆင်အသုံးပြုခဲ့သည်ကို ပြင်သစ်စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ၌ ရေးသား ဖော်ပြခဲ့သည်။

 

PSA ကမူ ကုမ္ပဏီအနေဖြင့် မမှန်ကန်သော ဆော့ဖ်ဝဲစနစ်မျိုး သုံးစွဲထားခြင်းမရှိဟု ငြင်းဆိုသည်။ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လှည့်ဖြားသည့် ကိရိယာများမှာ စမ်းသပ်စစ်ဆေးချိန်တွင် အိပ်ဇောငွေ့၌ နိုက်ထရိုဂျင်အောက်ဆိုက် (NOx) ပါဝင်မှုကို ကန့်သတ်ထိန်း ချုပ်ပေးထားနိုင်သော်လည်း လမ်းပေါ်တွင် မောင်းနှင်ရာ၌မူ ဥပဒေအရ ခွင့်ပြုသည့်ပမာဏထက်များစွာ ကျော်လွန်ထွက်ရှိသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလက ပြင်သစ် နိုင်ငံယှဉ်ပြိုင်မှု၊ စားသုံးသူရေးရာ နှင့် လှည့်ဖြားမှု ဟန့်တားရေးဌာန (DGCCRF) ၏ စုံစမ်းစစ်ဆေးချက် များအရ Volkswagen ၊ Renault နှင့် Fiat Chrysler တို့ပြီးလျှင် PSA သည် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ် စတုတ္ထမြောက် ကားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်လာခဲ့သည်။ အင်ဂျင်ချိန်ညွိမှုများနှင့် ပတ်သက်ပြီး မည်သို့သော တရားမဝင် လိမ်ညာလှည့်ဖြားမှုမျိုးကိုမျှ မပြုလုပ် ထားကြောင်း PSA က အခိုင်အမာ ငြင်းဆိုခဲ့သည်။

 

PSA က မြို့ပြဒေသများတွင် NOx ထုတ်လွှတ်မှု လျော့နည်းစေရန် ဦးစားပေးပြီး အဝေးပြေးလမ်းများတွင် Nox နှင့် ကာဗွန်ဒိုင် အောက်ဆိုက် (CO2) ထုတ်လွှတ်မှု အမျှတဆုံးဖြစ်စေမည့် အင်ဂျင်ချိန် ညွိမှု မဟာဗျူဟာကို အလေးပေး အသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုသည်။ PSA အနေဖြင့် ရပ်တည်ရာ နိုင်ငံတိုင်းတွင် စည်းမျဉ်း၊ စည်းကမ်း လိုက်နာပြီး မော်တော်ကားများ၌ ဝယ်သူအသုံးပြုချိန်တွင် အသက်မဝင်ဘဲ စစ်ဆေးမှုခံယူချိန်၌သာ အသက်ဝင်စေမည့် ညစ်ညမ်းဓာတ် ငွေ့ပြုပြင်မှုဆိုင်ရာ ဆော့ဖ်ဝဲနှင့် စနစ်မျိုး မည်သည့်အခါမျှ တပ်ဆင်ခြင်းမရှိဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့သည် CO2 အမှန်တကယ် ထုတ်လွှတ်မှုပမာဏကို ထုတ်ပြန်သည့် တစ်ခုတည်းသော ကားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ကြောင်း PSA ၏ ကြေညာချက်တွင် ဖော်ပြထားပြီး ယခုနှစ်ကုန်ပိုင်းတွင် NOx ထုတ်လွှတ်မှုပမာဏကိုပါ တိုးချဲ့ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Reuters, Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here