ညကြီးကားပြေးဆွဲရန် ယာဉ်လိုင်းကိုးခု ရွေးချယ်ထားပြီး သကြင်္န်မတိုင်မီ ပြေးဆွဲပေးမည်

444

ရန်ကုန်၊ မတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားသူများ အဆင်ပြေစေရန်အတွက် ညကြီးကားပြေးဆွဲပေးရန် ယာဉ်လိုင်းကိုးခု ရွေးချယ်ထားပြီး သကြင်္န် မတိုင်မီ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ညကြီးကားများ ပြေးဆွဲရန် မြို့တွင်းအခြေပြုထားသည့် အဓိကယာဉ်လိုင်း ကိုးခု ရွေးချယ်ထားပြီး ပုံမှန်သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားအတိုင်း ကောက်ခံ၍ ည ၁ဝ နာရီအထိ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။

”ညကြီးကားတွေ ပြေးဆွဲပေးမယ့် ယာဉ်လိုင်း ကိုးလိုင်း ရွေးချယ်ထားပြီးပါပြီ၊ ဒီယာဉ်လိုင်းရဲ့ တာဝန်ခံကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်၊ ဆွေးနွေးမှုပြီးတာနဲ့ ပြေးဆွဲမယ့်ယာဉ်လိုင်းတွေကို ကြေညာပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညကြီးကားပြေးဆွဲရန်အတွက် မြို့တွင်းမှ သာကေတ-လှိုင်သာယာ-ရွှေပြည်သာ-အင်းစိန်-ထောက်ကြန့်-မြောက်ဥက္ကလာပ-မဂင်္လာဒုံ-ဒဂုံ (မြောက်)-ဒဂုံ(တောင်) စသည့်မြို့နယ်များသို့ ဆက်စပ်ထားသည့် ယာဉ်လိုင်းများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် ရွေးချယ်ထားသည့် ယာဉ်လိုင်းကိုးလိုင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေကာ သကြင်္န်မ တိုင်မီ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here