ဇွန်လအတွင်း YVQC စနစ်ဖြင့်  ရန်ကုန်လိုင်စင်ခွင့်ပြုရန် ရုံးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်

687

ရန်ကုန်၊ မေ

ဇွန်လအတွင်း YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုရန် ရုံးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့်ကို ဇွန်လအတွင်း စတင်အကောင်အထည်ဖော်ရန် စီစဉ်နေပြီး အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရမည့်စနစ်နှင့် ရန်ကုန် လိုင်စင် မော်တော်ယာဉ်အသုံးပြုခွင့်လက်မှတ် YVQC အတွက် ငွေပေးချေရန် ဘဏ်နှင့်ချိတ်ဆက်ရမည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နေပြီး အများပြည်သူသိရှိရန်လည်း လွှတ်တော်တွင် တင်ပြ၍ အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

”လာမယ့် ဇွန်လအတွင်းမှာ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ပေးဖို့ စီစဉ်နေပါတယ်၊ လက်ရှိမှာ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နေသလို ငွေပေးချေမှုအတွက်လည်း ဘဏ်တွေနဲ့ ချိတ်ဆက်နေပါတယ်၊ ရုံးလုပ်ငန်းတွေ စီစဉ်ဆောင်ရွက်မှုပြီးရင် တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြပြီး ကုန်သည် စက်မှုလက်မှုအသင်းမှာ  အများပြည်သူ ဝင်ရောက်ဆွေးနွေးနိုင်အောင် အစည်းအဝေးပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ပြုရန်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ ရရှိထားပြီးဖြစ်သလို တာဝန်ခံအဖွဲ့အစည်းအဖြစ် ပါဝင်သော YRTA ထံ လုပ်ငန်းများ လွှဲပြောင်းထားပြီး ဖြစ်ကြောင်း သိ ရသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အသုံးပြုခွင့်လက်မှတ်YVQC ရန်ကုန်လိုင်စင်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အစီးရေ ကန့်သတ်မည့်အစီအစဉ်ကို ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here