ဇူလိုင်လအတွင်း ၁၉၉၈ မိုဒယ်နှင့်အောက် YBS ခရီးသည်တင်ယာဉ် အပ်နှံသည့်အစီးရေ လျော့နည်းသွား

491

ရန်ကုန်၊ ဇူလိုင် ၁၆
ဇူလိုင်လအတွင်း ၁၉၉၈ မိုဒယ်နှင့် အောက် YBS ခရီးသည်တင် ယာဉ် အပ်နှံသည့်အစီးရေ လျော့ နည်းသွားကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
၁၉၉၈ မိုဒယ်နှင့်အောက် YBS ခရီးသည်တင် ယာဉ်များကို အပ်နှံရန် ညွန်ကြားထားပြီး ဧပြီ ၁ ရက် နောက်ပိုင်းမှစ၍ အပ်နှံရန် ကျန်ရှိသည့် ယာဉ်များကို ယာဉ် လိုင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။ အပ်နှံခွင့်ပြုထားသည့် အစီးရေမှာ ရှစ်ဆယ်ကျော်သာ ကျန်ရှိတော့ သဖြင့် ယခုလအတွင်း လာရောက် အပ်နှံသည့် ကားအရေအတွက် လည်း နည်းပါးသွားကြောင်း သိရ သည်။
‘‘အပ်နှံခွင့်ပြုထားတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးအပ်နှံဖို့အ တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်၊ ဒီကားတွေ ကို ဧပြီ ၁ ရက် နောက်ပိုင်းကစပြီး ပြေးဆွဲခွင့်မပြုတော့ပေမဲ့ အပ်နှံဖို့ အစီး ရှစ်ဆယ်ကျော် ကျန်ရှိနေပြီး တစ်ပတ်ကို တစ်စီးလောက်ပဲ လာ ရောက်အပ်နှံမှုရှိပါတယ်’’ဟု ကုန်း လမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီး ဌာန(မြင်သာ)မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
YBS စနစ် စတင်ပြောင်းလဲ ပြေးဆွဲချိန်မှစ၍ ကြံ့ခိုင်မှုမရှိသော ယာဉ်များကို မိုဒယ်အလိုက် အပ် နှံခွင့်ပြုခဲ့ပြီး လူစီးစလစ်ထုတ်ပေးခဲ့ သည်။ YBS ယာဉ်များ အပ်နှံပြီး လူစီးစလစ်ထုတ်ပေးခြင်းကို ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလမှစ၍ ခွင့်ပြု ခဲ့ရာ City Bus ၁,၃ဝ၈ စီး၊ Mini Bus ၂၆၆ စီး၊ BM ၄ဝ၃ စီး၊ Dyna ၁,၂၆၇ စီး၊ Pick up ၂၆ စီးနှင့် Light Truck ၂၃ စီးတို့ အပ် နှံခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် အဖြစ် ၁၉၉၈ မိုဒယ်နှင့်အောက် YBS ယာဉ် ၃၆၉ စီးကို အပ်နှံခွင့် ပြုခဲ့ရာတွင် ဇူလိုင်လ ဒုတိယပတ် အထိ City Bus ၃၃၈ စီး၊ Mini Bus ရှစ်စီး၊ BM၁ဝ စီးနှင့် Dyna သုံးစီး အပ်နှံထားပြီးဖြစ်ကြောင်း သိရ သည်။
ဆန်းအောင်၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here