ဇူလိုင်လအတွင်း လေးလုံးပူးနံပါတ်အလှနှင့် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်ရောင်းချမှုမှ ကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ရရှိ

629

ရန်ကုန်၊ ဇူလိုင် ၃၁
ဇူလိုင်လအတွင်း လေးလုံးပူး နံ ပါတ်အလှနှင့် ယာဉ်ပိုင်ရှင်စိတ် ကြိုက် နံပါတ်ရောင်းချမှုမှ ကျပ်သိန်း ပေါင်း နှစ်ထောင်ကျော် ရရှိခဲ့ ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွန် ကြားမှုဦးစီးဌာနမှ ဇူလိုင်လဆန်း ပိုင်းတွင် 9P အက္ခရာများ ထုတ် ပေးခဲ့ပြီး ယင်းလအတွင်း လေးလုံး ပူးနံပါတ် အလှထဲမှ 3Q/5555 တစ်ခုသာ ရောင်းချခဲ့ကြောင်း သိ ရသည်။
‘‘ဇူလိုင်လအတွင်းမှာ လေး လုံးပူးနံပါတ် အလှထဲက 3Q/5555 တစ်ခုပဲ ရောင်းချခဲ့ပါတယ်၊ ယာဉ် ပိုင်ရှင်စိတ်ကြိုက် နံပါတ်ဝယ်ယူမှု က တစ်ရက်ကို အစီးသုံးဆယ်ရှိပါ တယ်၊ ဇူလိုင် တစ်လလုံးမှာ 3Q/5555 နံပါတ်အလှ ရောင်းချမှုက နေ ကျပ် ၅၄ သိန်းနဲ့ ယာဉ်ပိုင်ရှင် စိတ်ကြိုက် နံပါတ်ရောင်းချမှုကနေ ၂၇၈ စီးစာအတွက် ကျပ် ၂,၃၉၄ သိန်း ရရှိခဲ့ပါတယ်’’ဟု ထောက် ကြန့် ကညန၊ ကနဦးမှတ်ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွန် ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင် ဌာနမှ ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံ ပါတ်များကို ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ရောင်းချပေး၍ ဝယ်ယူသည့်အရေ အတွက် လျော့နည်းသွားပြီး ၂ဝ၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ၌ ၄ဝ၇ စီး အတွက် ကျပ် ၄,၁၄၃ သိန်း၊ ဖေ ဖော်ဝါရီလ၌ ၄၂၅ စီး အတွက် ကျပ် ၄,၁၁၃ သိန်း၊ မတ်လ၌ ၂၅၉ စီး အတွက် ကျပ် ၂,၈၃၅ သိန်း၊ ဧပြီလ၌ ၂၈၆ စီးအတွက် ကျပ် ၄,၁၄၈ သိန်း၊ မေလ၌ ၄၃၉ စီးအ တွက် ကျပ် ၃,၉၅၄ သိန်း၊ ဇွန်လ ၌ ၃၆၄ စီးအတွက် ကျပ်သိန်း ၄,ဝ၈ဝ၊ ဇူလိုင်လ၌ ၂၇၉ စီး အတွက် ကျပ် ၂,၄၄၈ သိန်း ရရှိခဲ့ ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here