ဇိမ်ခံကားဈေးကွက်ဦးဆောင်မှုတွင် Mercedes-Benz BMW နှင့် Audi တို့အထက်မှ ဆက်လက်ရပ်တည်

1020

ပြန်လည်မွမ်းမံထားသည့် E-class ဆီဒန်ကားများ၊ အသစ်ထုတ်လုပ် သည့် SUV  ကားများဖြင့် BMW  နှင့် Audi တို့ကို ကျော်တက်ကာ ကမ္ဘာ့ ဇိမ်ခံကားရောင်းအားတွင် Mercedes-Benz ကုမ္ပဏီက ဆက် လက် ဦးဆောင်နေဆဲ ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

ယခုနှစ် ပထမ ကိုးလတာ အတွင်း Mercedes အမှတ်တံဆိပ် ကားအစီးရေ ၁ ဒသမ ၇၂ သန်း ရောင်းချနိုင်ခဲ့ပြီး ရောင်းအား ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် အစီးရေ ၁ ဒသမ ၅၄ သန်း ရောင်းချနိုင်ခဲ့ပြီး ၃ ဒသမ ၉ ရာခိုင် နှုန်း မြင့်တက်ခဲ့သည့် BMW ၏ ရောင်းအား ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ပက ရာခိုင်နှုန်း သုံးဆ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ Audi မှာ အစီး ရေ ၁ ဒသမ ၃၈ သန်းသာ ရောင်းချနိုင်ခဲ့ရာ ရောင်းအား ၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ Mercedes သည် ဆယ်စုနှစ်တစ်ခု ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဇိမ်ခံကား အရောင်းရဆုံး နံပါတ်တစ်နေရာကို BMW ထံမှ ၂၀၁၆ ခုနှစ်က ရယူခဲ့ခြင်း ဖြစ် သည်။ ယမန်နှစ် စက်တင်ဘာလ ရောင်းအားနှင့် နှိုင်းယှဉ်ပါက ယခု နှစ် စက်တင်ဘာလ ရောင်းအား တွင် Mercedes ၏ SUV ကား ရောင်းအား ၁၅ ရာခိုင်နှုန်း မြင့် တက်ခဲ့သလို Coupe ၊ Convertible နှင့် Roadster ကားအမျိုး အစားများ ရောင်းအားမှာလည်း ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ သည်။ BMW က အသစ်ထွက်မည့် X3 SUV ကားအမျိုးအစားကို စောင့်မျှော်နေသည့် ဝယ်ယူသူများ ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရောင်းအား နှေးခဲ့ရသည်ဟု ဆိုသည်။ BMW သည် ထိုင်ခုံသုံး တန်းပါ X7 နှင့် 8-Series Coupe ကားမိုဒယ်သစ်များဖြင့် ဈေးကွက် တွင် တန်ပြန်ယှဉ်ပြိုင်ရန်စီစဉ်နေပြီး လျှပ်စစ်ကားနှင့် မောင်းသူမဲ့ကား များ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ် နှံရန် ဖိအားများရှိနေသော်လည်း ကုမ္ပဏီ၏ အမြတ်အစွန်းကို မထိ ခိုက်ရန် အာရုံစိုက်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် SUV ရောင်း အားမြင့်တက်မှုကြောင့် မိခင်ကုမ္ပဏီ Volkswagen ၏ ဒီဇယ်ညစ်ညမ်း ဓာတ်ငွေ့ထုတ်လွှတ်မှု ပြဿနာနှင့် အတူ တရုတ်အရောင်းကိုယ်စားလှယ် များနှင့် ကုမ္ပဏီတို့ကြား ပဋိပက္ခ ဖြစ်ပွားမှုများမှ ပြန်လည်ရုန်းထနိုင် မည့် အရိပ်အယောင် ပြသခဲ့သော Audi သည် စက်တင်ဘာလတွင် ကမ္ဘာတစ်ဝန်းရောင်းအား ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း မက္ကဆီကိုနှင့် ဘရာဇီးတို့၌မူ ယခု နှစ် ရောင်းအားမှာ ၁၀ ရာခိုင်နှုန်း ကျော် ထိုးကျခဲ့ကြောင်း သိရသည်။

Ref: Bloomberg ,Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here