ဇန်နဝါရီ ၁ ရက်တွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရန် လျာထား

121

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
Covid-19 ရောဂါကြောင့် ရပ်နား ထားရသည့် ပြည်ပ လေကြောင်း လိုင်း ခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ပြေး ဆွဲခွင့်ပြုရန်လျာထားကြောင်း လေ ကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်များကို Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အ မျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲခွင့် ပြုထားပြီးဖြစ်သည်။ ယင်းနောက် ပြည်ပ လေကြာင်းလိုင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဇန်နဝါရီလအတွင်း ပြေးဆွဲသွားနိုင်ရန် လျာထားကြောင်း ဆိုသည်။
“ပထမအဆင့်အနေနဲ့ ဒီလ ၁၆ ရက်မှာ ပြည်တွင်း လေကြောင်းလိုင်းတွေ ပြန်ပြီးပြေးဆွဲပါမယ်၊ အဲ့ဒီ အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို စနစ်တကျ လိုက်နာ ပြင်ဆင်နိုင်ဖို့အတွက် ထပ်ဆင့် ညွှန်ကြားထားပါတယ်၊ ပြည်တွင်း လေကြောင်းလိုင်းတွေ ပြေးဆွဲပြီးရင် ပြည်ပလေကြောင်း လိုင်းတွေ ဆက်ပြီးပြေးဆွဲဖို့ ရှိပါ တယ်၊ ပြည်ပလေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လိုအပ်တာတွေ ဆောင်ရွက်ဖို့အတွက် ညွှန် ကြားထားတာရှိပါတယ်၊ ပြည်ပ လေ ကြောင်းလိုင်း ပြေးဆွဲဖို့ကို ကနဦး အနေနဲ့ ဇန်နဝါရီ ၁ ရက်ကို လျာ ထားပါတယ်”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးနေဝင်းကပြောသည်။

ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီး ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေး စံသတ်မှတ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လေယာဉ်စီးခရီးသည်များ အနေဖြင့် Covid-19 Negative ထောက်ခံချက်ပါရှိမှသာ စီးခွင့်ရရှိမည်ဖြစ်သည်။ သို့သော်လည်း လေယာဉ်ထွက်ခွာမည့် အချိန်တွင် Covid-19 ဆေးစစ်ချက်အဖြေသည် ၃၆ နာရီကျော်လွန်နေပါက စီးခွင့်ရှိ မည်မဟုတ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here