ဆွဲဆောင်အားကောင်းတဲ့ ရုပ်ထွက်နဲ့ 2018 Acura TLX V6 SH-AWD

912

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Honda ရဲ့ ဇိမ်ခံကားလုပ်ငန်းခွဲ Acura ဟာ အသေးစားအဆင့်မြင့်ဆီဒန်ကားမိုဒယ် TLX ကို ၂ဝ၁၅ ခုနှစ်က တည်းက TL နဲ့ TSX ဆီဒန်ကားနေရာမှာ အစားထိုးထုတ်လုပ် စျေးကွက်တင်ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာတော့ ရုပ်ထွက်ပြောင်းသွားတဲ့ ၂ဝ၁၈ မိုဒယ်သစ်ကို ထပ်ပြီးပွဲထုတ်ခဲ့ပါတယ််။ ၂ဝ၁၈ မိုဒယ် TLX ဟာ ပိုလှပြီး ပေါ့ပါးဖျတ်လတ်ရုံတင်မကဘဲ ၂ဝ၁၆ ခုနှစ်က ပွဲထုတ်ပြသခဲ့ဖူးတဲ့ Acura Precision Concept လို ဆွဲဆောင်အားကောင်းတဲ့ ရုပ်ထွက်ကို ပိုင်ဆိုင်ထားပါတယ်။ ကားကိုယ်ထည်ကို အသားပေးမွမ်းမံထားတဲ့ TLX ကားသစ်မှာ ပိုအဆင့်မြင့်တဲ့ ကားတွင်းအသုံးအဆောင်တွေ ထည့်သွင်းပေးထားပြီး နည်းပညာလည်း ထပ်တိုး အဆင့်မြှင့်တင်ထားပါတယ်။ ၂ဝ၁၈ Acura TLX ဆီဒန်ကားသစ်ရဲ့ Trim Level တွေထဲမှာ လေးဘီးယက်စနစ်သုံး TLX V6 SH-AWD လို အဆင့်မြင့်ဗားရှင်းနဲ့ Package တွေလည်း ပါဝင်ပါတယ်။

စက်စွမ်းရည်
TLX မိုဒယ်သစ်မှာ ကားရဲ့ စက်ပိုင်းဆိုင်ရာက သိပ်အပြောင်းအလဲ မရှိပါဘူး။ ရှေ့ဘီးယက်စနစ်သုံး အခြေခံမိုဒယ်မှာ မြင်းကောင်ရေ ၂ဝ၆ ကောင်အား 2.4 Liter ဆလင်ဒါလေးလုံးထိုးအင်ဂျင် တပ်ဆင်ထားပြီး ပိုအဆင့်မြင့်တဲ့ Trim Level တွေမှာတော့ မြင်းကောင်ရေ ၂၉ဝ အား 3.6 Liter V6 အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ V6 အင်ဂျင်တပ် မိုဒယ်တွေမှာ Paddle Shifter လေးတွေနဲ့ အသုံးပြုရတဲ့ Auto ဂီယာ ကိုးချက် ပါဝင်ပါတယ်။ V6 အင်ဂျင်ကို Trim အပေါ်မူတည်ပြီး ရှေ့ဘီး ယက်စနစ်၊ ဒါမှမဟုတ် လေးဘီးယက်စနစ်ကိုလည်း ရရှိနိုင်ပါတယ်။ Acura ရဲ့ SH-AWD လေးဘီးယက်စနစ်သုံး V6 အင်ဂျင်တွေရဲ့ ဆီစား နှုန်းက မြို့တွင်းမှာ တစ်ဂါလန် ၂၁ မိုင်၊ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၁ မိုင်နဲ့ နှစ်ခုပေါင်း ပျမ်းမျှ တစ်ဂါလန် ၂၅ မိုင်နှုန်းအထိ အသုံးပြု နိုင်ပါတယ်။ V6 အင်ဂျင်မှာ ဆီစားသက်သာစေမယ့် Variable Cylinder Management တပ်ဆင်ပေးထားပေမဲ့ အခြေခံမိုဒယ်ထက်တော့ ဆီနည်း နည်းပိုစားပါတယ််။ ကားမိုဒယ်ခွဲတိုင်းမှာ Acura ရဲ့ Precision All Wheel Steering အသုံးပြုထားပါတယ်။

တည်ဆောက်ပုံ
၂ဝ၁၈ မိုဒယ် TLX ဆီဒန်ကားသစ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မိတ်ဆက်ခဲ့ဖူးတဲ့ ကိုယ်ထည်ပုံစံကိုပဲ ကိုယ်စားပြုထားပါတယ်။ ကားကိုယ် ထည်ဟာ လုံးဝအသစ်ပြောင်းလဲသွားတာမဟုတ်ပေမဲ့ အတော်လေး များပြားတဲ့ ကိုယ်ထည်အပြောင်းအလဲတွေကို တွေ့မြင်ရမှာပါ။ အဆင့်မြှင့် တင်ထားတဲ့ ကိုယ်ထည်မှာ အထူးခြားအထင်ရှားဆုံးကတော့ ကားရှေ့ မျက်နှာစာက ပဥ္စဂံပုံစံ Acura Precision ရှဲလ်(Grille)ဒီဇိုင်းသစ်ပဲ ဖြစ်ပါတယ်။ အရင်ပုံစံနဲ့စာရင် ပိုပြီးပေါ်လွင်လှပတဲ့ ရှဲလ်မှာ ထူးခြားတဲ့ ဆန် ခါကွက်ဒီဇိုင်းပါဝင်ပြီး ရှဲလ်ပေါ်က Acura အမှတ်တံဆိပ်လိုဂိုကိုလည်း ပိုပြီး ထင်ရှားပေါ်လွင်စေပါတယ်။ ပဥ္စဂံပုံစံရှဲလ်ရဲ့ ဘေးပတ်လည်မှာ ထင်ရှားပေါ်လွင်တဲ့ ခရိုမီယမ်ရောင်ပေါင်ထူထူ ခတ်ထားပါတယ်။ ကား ရှေ့မီးတွေကိုလည်း ရှဲလ်နဲ့ တစ်တန်းတည်းဖန်တီးထားပြီး ကားမီးအုံရဲ့အပြင်ဘက်ထောင့်နားတွေကို ဒီဇိုင်းသစ်မွမ်းမံထားပါတယ်။ အဲဒီအောက် ဘက်က ကျန်တဲ့ကားရှေ့မျက်နှာစာဧရိယာဟာ အပြောင်းအလဲနည်းေပမဲ့ ထောင့်စွန်းလေစုပ်ပေါက်တွေကိုတော့ ဆန်ခါကွက်ဒီဇိုင်းအသစ်နဲ့ပိိုပြီး ပေါ်လွင်ထင်ရှားအောင် အသစ်ပြောင်းလဲထားပါတယ်။ လေစုပ်ပေါက် တွေကို ခပ်ထူထူခရိုမီယမ်ရောင် ပေါင်ခတ်ထားပြီး ကားရှေ့မျက်နှာစာရဲ့ အောက်ဘက်အနိမ့်ဆုံးထောင့်စွန်းက အရှေ့ဘက်နှုတ်ခမ်းစွန်းတွေဟာ လည်း ပိုကြီးမားထင်ရှားပါတယ်။ ကားဘေးဘက်မှာတော့ ထူးခြားသိသာ တဲ့ အပြောင်းအလဲမရှိပါဘူး။ မိုဒယ်ခွဲအတော်များများမှာ ၁၈ လက်မ အရွယ် ကားဘီးတွေ တပ်ဆင်ထားပြီး A-Spec မိုဒယ်မှာတော့ ၁၉ လက်မအရွယ်ဘီးတွေ တပ်ဆင်ထားပါတယ်။ ကားအနောက်ဘက်မှာ ဒီဇိုင်းသစ်ကြောင့် ပိုပြီးသစ်လွင်လှပတဲ့ ကားနောက်မီးတွေပါဝင်ပြီး ကား အနောက်ဘက်ရဲ့ အနိမ့်ပိုင်းကိုလည်း အသစ်မွမ်းမံထားပါတယ်။ ဒါ့ပြင် အိပ်ဇောပိုက်တွေကို Diffuser လို အစိတ်အပိုင်းက ဝန်းရံထားပြီး ဇိမ်ခံ ဆီဒန်ကား TLX ရဲ့ အသွင်ကို ပိုအဆင့်မြင့် စတိုင်လ်ကျစေပါတယ်။

အတွင်းခန်း
TLX ရဲ့ ကားအတွင်းခန်းမှာတော့ ကိုယ်ထည်ထက်စာရင် အပြောင်း အလဲနည်းပါးပါတယ်။ ဒါပေမဲ့ Acura ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဖန် သားပြင်နှစ်ခုပါ Dual-Screen Interface ပါဝင်ပြီး အရင်ထက် ၃ဝ ရာခိုင်နှုန်း ပိုပြီးမြန်ဆန်ဖျတ်လတ်ပါတယ်။ Technology Package ပါဝင်တဲ့ V6 မိုဒယ်တွေမှာဆိုရင် ထိုင်ခုံကို ထပ်တိုး အဆင့်မြှင့်တင်ပေး ထားပြီး ကားထိုင်ခုံတွေတင်မက စတီယာရင်နဲ့ ရေသုတ်တံတွေကိုပါ အပူပေးနိုင်အောင် ဖန်တီးထားပါတယ်။ TLX မိုဒယ်သစ်ရဲ့ အတွင်းခန်းမှာ နည်းပညာတွေ ထပ်တိုးအဆင့်မြှင့်တင်ထားသလို ဇိမ်ကျသက်သာစွာ အသုံးပြုနိုင်အောင်လည်း စီမံထားပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်
၂ဝ၁၈ မိုဒယ် Acura TLX ဆီဒန်ကားသစ်ရဲ့ အခြေခံမိုဒယ်အတွက် စျေးကို အမေရိကန်ဒေါ်လာ ၃၃,ဝဝဝ နဲ့အထက် သတ်မှတ်ထားပြီး ပို အဆင့်မြင့်တဲ့ TLX V6 SH-AWD မိုဒယ်တွေရဲ့ စျေးကတော့ ဒေါ်လာ ၃၈,၂ဝဝ နဲ့အထက် ဖြစ်ပါတယ်။ အသေးစား ဇိမ်ခံဆီဒန်ကားစျေးကွက် မှာ 2018 Acura TLX နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေကတော့ BMW 3 Series နဲ့ Mercedes C-Class တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here