ဆောက်လုပ်ရေးနဲ့ လယ်ယာလုပ်ငန်းရဲ့ မရှိမဖြစ် ဘူဒိုဇာသမိုင်းကြောင်း တစေ့တစောင်း

330

 

ဘူဒိုဇာ(Bulldozer)လို့ခေါ်တဲ့ယာဉ်ဟာ ဆောက်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ဆည်တည်ဆောက်ရေး၊ ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ သစ်တောခုတ်ထွင်ရေး၊ မြေကြီးရှင်းလင်းရေး၊ လမ်း ဖောက်လုပ်ရေး စတဲ့ နယ်ပယ်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ ယာဉ် တစ်စီးဖြစ်ပါတယ်။ မြန်မာမှုပြုရမယ်ဆိုရင် ဘူဒိုဇာဆိုတာ မြေထိုးစက်လို့ ခေါ်နိုင်ပြီး သူ့ရဲ့လုပ်အားနှုန်းက လူတော်တော်များများ လုပ်ဆောင်နိုင်တာနဲ့ ထပ်တူညီပါတယ်။ ဘူဒိုဇာတစ်စီးရဲ့အဓိကတာဝန်က မြေကြီးတွေ ကော် ယူတာ၊ အုတ်ကျိုးအုတ်ပဲ့တွေ ကော်ယူတာ၊ ရွံ့နွံတွေ ဖယ်ရှားတာ စသဖြင့် နေရာမျိုးစုံမှာ အသုံးတည့်လှတဲ့ယာဉ်တစ်စီးပဲ ဖြစ်ပါတယ်။
ဘူဒိုဇာဟာ လယ်ယာလုပ်ငန်းမှာလည်း အရေးပါလှပြီး ယာဉ်ရဲ့ အရှေ့ဘက်မှာ ဓားသွားတွေပါဝင်တဲ့ ပစ္စည်းတင်ဆောင်စရာ လက်တံကြီး တစ်ခု ပါဝင်ပါတယ်။ ဘူဒိုဇာဆိုတာ ကားတွေလို မြန်မြန်မောင်းနှင်နိုင်တာမျိုး မဟုတ်ဘဲ တင့်ကားတွေလို ချိန်းကြိုးတွေနဲ့မောင်းနှင်ရတာပါ။ ဒါ့ပြင် မော် တော်ကားတွေလို တာယာကြီးတွေနဲ့ မောင်းနှင် ရတဲ့ ဘူဒိုဇာကြီးတွေလည်းရှိပါတယ်။ ဘူဒိုဇာ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ၁၉၂ဝ ပြည့်နှစ် အစောပိုင်းကာလကို ပြန်သွားရပါ လိမ့်မယ်။ မော်တော်ယာဉ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း လယ်ယာ လုပ်ငန်းသုံး လယ်ထွန်စက်တွေ ထွက်ပေါ်လာခဲ့ပေမဲ့လည်း ထွန်ယက်စိုက် ပျိုးတဲ့နေရာမှာ ဘူဒိုဇာတွေလို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတော့ မဖြစ်ခဲ့ပါဘူး။
လယ်ယာလုပ်ငန်းမှာတင်မက နယ်ပယ်စုံအတွက် အသုံးတည့်လှတဲ့ မော်ဒန်ဘူဒိုဇာကို စတင်တည်ဆောက်ခဲ့သူတွေက အမေရိကန်နိုင်ငံသား လယ်သမားတစ်ဦးဖြစ်သူ James Cummings နဲ့ ခဲခြစ်ပုံကြမ်းရေးဆွဲရာမှာ ကျွမ်းကျင်တဲ့ J.Earl McLeod တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၂၃ ခုနှစ်အစပိုင်းမှာ ဘူဒိုဇာတည်ဆောက်ဖို့ ဒီဇိုင်းဆွဲခဲ့ပြီး Kansas ပြည်နယ်၊ Morrowville မြို့က ပန်းခြံတစ်ခုမှာပြုလုပ်တဲ့ ပြပွဲတစ်ခုမှာ သူတို့ရဲ့ပထမဆုံးသော ဘူဒိုဇာပုံစံတူကို ပြသခဲ့ပါတယ်။ သူတို့နှစ်ယောက် ပူးပေါင်းဖန်တီးခဲ့တဲ့ ဘူဒိုဇာဒီဇိုင်းက တခြားသော လယ်ထွန်စက်တွေလို မဟုတ်ဘဲ နယ်ပယ်စုံအတွက် အသုံးဝင်တာကြောင့် လူကြိုက်များ ထင် ရှားခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်၊ ဒီဇင် ဘာ ၁၈ ရက်မှာတော့ Cummings နဲ့ McLeod တို့ဟာ သူတို့ နှစ် ယောက် တီထွင်မှုအတွက် မူပိုင် ခွင့်တင်ခဲ့ပြီး အမေရိကန်ပြည်ထောင် စု မူပိုင်ခွင့်ဌာနက မူပိုင်ခွင့်အမှတ် # 1,522,378 နံပါတ်နဲ့ မူပိုင်ခွင့် ပေးခဲ့ပါတယ်။
အဲဒီနောက် တစ်နှစ်ကျော်အ ကြာဖြစ်တဲ့ ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာတော့ Cummings နဲ့ McLeod တို့ဟာ လယ်ယာလုပ်ငန်း မှာရော တခြားသောလုပ်ငန်းခွင်တွေမှာပါ အသုံးပြုနိုင်တဲ့ ကိရိယာတန်ဆာပလာ အစုံ ထည့်သွင်းထားတဲ့ ဘူဒိုဇာတစ်စီးကို တရား ဝင်ပြသခဲ့ပါတယ်။ အဲဒီဘူဒိုဇာမှာ ထွန်ခြစ် တွေ၊ အရာဝတ္ဃုတွေကို ခုတ်ပိုင်းနိုင်တဲ့ ဓား သွားတွေပါဝင်ပြီး Attachment for Tractors လို့ အမည်ပေးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here