ဆီစားသက်သာပြီး အဆွဲအရုန်းကောင်းတဲ့ အရည်အသွေးမြင့် အင်ဂျင်တပ်ဆင်ထားတဲ့ Wingo 100

1734

တရုတ်နိုင်ငံ Wuyang-Honda ကုမ္ပဏီထုတ် ၂ဝ၁၈ မိုဒယ် WINGO 100 ဆိုင်ကယ်ဟာ အင်ဂျင်ပါဝါသေးပြီး လူငယ်ကြိုက် ရုပ်ဆိုးပုံစံဖြစ်လို့ မန္တလေးမြို့ ဆိုင်ကယ်ချစ်သူ လူငယ်မိန်းကလေးတွေကြားမှာ ရေပန်းစား အကြိုက်တွေ့နေတဲ့ ဆိုင်ကယ်အမျိုးအစား ဖြစ်နေပါတယ်။ အင်ဂျင်ပါဝါ 100 CC ဖြစ်ပေမဲ့ Wuyang-Honda ရဲ့ အရည်အသွေးမြင့်အင်ဂျင်က အဆွဲအရုန်းကောင်းပြီး စီးရတာ သက်သောင့်သက်သာရှိတဲ့အတွက် မြေပြန့်ဒေသတွေမှာမောင်းနှင်ဖို့ အထူးသင့်တော်တဲ့ ဆိုင်ကယ်အမျိုးအစား ဖြစ်ပါတယ်။

လက်ရှိမှာလည်း မန္တလေးမြို့ပေါ်က ဆိုင်ကယ်အသုံးပြုသူတွေအပြင် မုံရွာ၊ တောင်တွင်းကြီး အစရှိတဲ့ နယ်ဒေသတွေကပါ အကြိုက်တွေ့တဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်နေတယ်လို့ ဒီဆိုင်ကယ်ကို မန္တလေးစျေးကွက် အတွင်း တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Khine Shwe Tae Co.,ltd က ဆိုပါတယ်။

ခေါင်းပိုင်းက လက်ရှိ လူကြိုက်များနေတဲ့ ရုပ်ဆိုးပုံစံဒီဇိုင်းဖြစ်ပြီး နောက်ပိုင်းကလည်း တရုတ်ဆိုင်ကယ်လောကမှာ ရေပန်းစားဒီဇိုင်းဖြစ်တဲ့ Cyclone ဒီဇိုင်း ဖန်တီးထားတာက WINGO 100 ဆိုင်ကယ်ရဲ့ ဆွဲ ဆောင်မှုတစ်ခုလို့ ဆိုပါတယ်။ ကာဗာသားတွေကို အရည်အသွေးကောင်းတဲ့ ပလတ်စတစ်အပျော့သားနဲ့ ပြုလုပ်ထားတာကြောင့် အလွယ်တကူကျိုးပဲ့တာမျိုးမဖြစ်စေဘဲ ဆေးသားကိုလည်း နေပူဒဏ်ခံနိုင်တဲ့ အရည်အသွေးမြင့်ဆေးသား အသုံးပြုထားတယ်လို့ သိရပါတယ်။

အားသာချက်တွေအနေနဲ့ အင်ဂျင်အပူလွန်ကဲမှု သက်သာစေတဲ့ တာဘိုပါဝင်ပြီး စက်သံငြိမ်သက်မှုရှိတဲ့ အရည်အသွေးကောင်းဆိုင်ကယ် အမျိုးအစားဖြစ်ပါတယ်။ ကာပရိုက်တာ Type အင်ဂျင်ဖြစ်ပြီး အင်ဂျင်ပါဝါ သေးတာကြောင့် ဆီစား အထူးသက်သာစေတဲ့အပြင် ဆီကိုလည်း အမျိုးအစားတစ်မျိုးတည်းကိုသာ ရွေးချယ်အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

ရိုးရိုးဒိုင်ခွက်၊ ကျွတ်ပါတဲ့တာယာ၊ လင်းအားကောင်းတဲ့မီးသီးကြီး တွေ အသုံးပြုထားပြီး ရှေ့ Disc ၊ နောက် Drum ဘရိတ် အမျိုးအစား ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းရာမှာလည်း တုန်ခါမှုမဖြစ်ပေါ်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒီဆိုင်ကယ်အတွက် ကုမ္ပဏီရဲ့အကြံပြုမှုတွေအနေနဲ့ ဆီစားသက်သာခြင်း၊ အပြင်ပန်း ဆန်းသစ်လှပခြင်း၊ ဒီဇိုင်းလှပခေတ်မီခြင်းတို့နဲ့ မြေပြန့်ဒေသမှာ မောင်းနှင်ဖို့ သင့်တော်တယ်လို့ အကြံပြုထားပါတယ်။

အရောင်တွေအနေနဲ့ လူငယ်အများစု အကြိုက်ဖြစ်တဲ့ ဖြူပြာ၊ အနက်၊ နက်နီ၊ ခဲနက် အစရှိတဲ့ ကာလာတွေ ထွက်ရှိတဲ့အထဲမှာ ယောကျာ်းလေးအများစုက အနက်ရောင်ကို အကြိုက်တွေ့ပြီး မိန်းကလေးအများစုကတော့ ဖြူပြာကို အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။

Wuyang-Honda ကုမ္ပဏီထုတ် ၂ဝ၁၈ မိုဒယ် WINGO 100 ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၁,၁၂ဝ,ဝဝဝ ဝန်းကျင်ရှိပြီး အာမခံ တစ်နှစ် သတ်မှတ် ရောင်းချပေးလျက် ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here