ဆိုင်ကယ် Taxi အယောင်ဆောင် ငွေညစ်မှုများကို ဖမ်းဆီးရန် ခက်ခဲ နေဟုဆို

634

 

ဆိုင်ကယ်ကို အားထားအသုံးပြု ကြရသော မန္တလေးမြို့တော်တွင် ဆိုင်ကယ် Taxi အယောင်ဆောင်၍ ငွေညစ်မှုများမကြာခဏဖြစ်ပွားနေသောကြောင့် ဖမ်းဆီးအရေးယူနိုင် ရန် ကြပ်မတ်လျက်ရှိသော်လည်း လူသွားလူလာနည်းသည့်နေရာ များတွင် ကျူးလွန်ကြခြင်းကြောင့် ထိုသို့လုပ်ဆောင်မှုများကို ဖမ်းဆီး နိုင်ရန် ခက်ခဲကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

”ဆိုင်ကယ် Taxi အယောင် ဆောင်ပြီး နံနက်အစောပိုင်းမှာ ပစ္စည်း လုယက်တာတွေ၊ ငွေညစ် တာတွေ ရံဖန်ရံခါဖြစ်တာရှိပါ တယ်၊ အဲဒီထဲမှာ တစ်ချို့ဖမ်းမိတာ လည်းရှိတယ်၊ မမိတာတွေလည်းရှိ တယ်ပေါ့၊ အဓိကတော့ ခရီးသည် ဆီက ငွေညစ်တာတို့ လုယက်တာ တို့က လူသူပြတ်လပ်တဲ့နေရာတွေ မှာလုပ်ပြီး  ထွက်ပြေးသွားကြ တော လိုက်လံဖမ်းဆီးဖို့ခဲယဉ်း တယ်၊ ဒါပေမယ့် သွားလာနိုင်မယ့် လမ်းကြောင်းတွေမှာ CCTVက တစ်ဆင့်ခြေရာခံတာ လှည့်ကင်း ပတ်ကင်းတွေ ဝပ်ကင်းတွေချပြီး ဖမ်းဆီးမှုတွေလုပ်နိုင်အောင်တော့ ဆောင်ရွက်နေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ခရီးသည်များထံ ဆိုင်ကယ် Taxi သမားများမှငွေညစ်မှု၊ လုယက်မှုအများဆုံးမှာ ကားဝင်းများ၊ ဘူတာရုံများ၌ နံနက်အစောပိုင်းနှင့် ညဉ့်နက်ပိုင်းတွင် ဖြစ်ပွားလေ့ရှိပြီးအကောင်းဆုံးမှာ ကားကြီးကွင်း များ၌ စာရင်းပေးထားသော Taxi နံပါတ်ပါသည့် ဆိုင်ကယ်များကိုသာ ငှားရမ်း၍ သွားလာကြစေလို ကြောင်း၊ ထို့ပြင်အသိမိတ်ဆွေများမှ တဆင့် ချိတ်ဆက်ပေးသော ယုံကြည်စိတ်ချရသည့် ဆိုင်ကယ် Taxi များကိုသာ ငှားရမ်း၍ သွား လာပါကလည်း ယင်းသို့ဖြစ်ပွားမှု လျော့ကျနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

”တစ်ချို့ကားကွင်းတွေမှာ အုပ်ချုပ်ရေးမှူးရုံးကနေ စာရင်း ကောက်ပြီးTaxi နံပါတ်ထုတ် ပေးထားတာရှိတယ်၊ အဲဒီနံပါတ်ပါ အကျီဝတ်ထားတဲ့ Taxi သမားကိုမှ ဆိုင်ကယ်နံပါတ်လည်းပါမယ်ဆို စိတ်ချရနိုင်ပါတယ်၊ တစ်ခုခုဖြစ်ရင် နံပါတ်မှတ်ထားရင်ကို အဆင်ပြေ နိုင်တယ်၊ အကောင်းဆုံးကတော့ ကိုယ်နဲ့သိတဲ့ Taxi သမားဆိုရင် တော့ စိတ်ချရတာပေါ့၊ အခုငွေညစ် တာတွေနဲ့ လုယက်မှုဖြစ်တဲ့ဖြစ်စဉ် တွေမှာကြည့်ရင် နယ်ဝေးကလာတဲ့ ခရီးသွားတွေကို ပစ်မှတ်ထားတာ များတယ်၊ဖြစ်ပွားမှုနည်းအောင် တော့ စည်ပင်ရဲ၊နယ်မြေရဲပေါင်းပြီး ကြပ်မတ်နေပါတယ် ”မန္တလေး တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် မန္တလေးမြို့တော် ရှိ ကားကြီးကွင်းများ၌ ဆိုင်ကယ် Taxi သမားများကို ကားကွင်းထဲသို့ ဝင်ရောက်၍ ခရီးသည်အကြိုအပို့ ပြုလုပ်မှု ပိတ်ပင်ထားသော်လည်း ပြင်ပတွင် ဈေးအဆမတန်တောင်း မှု၊စကားပြောမိုက်ရိုင်းမှု၊လိမ် ညာပြောဆိုမှုများကြောင့် ခရီး သည်များ စိုးရိမ်ပူပန်နေရသည့် အတွက် Cycle Taxi ပြေးဆွဲ သူများကို သေချာစိစစ်၍ Taxi အသင်းဖွဲ့ကာ ကျသင့်သည့် နှုန်း ထားများနှင့်တကွ အမြန်ဆုံး သတ် မှတ်ပေးစေလိုကြောင်း မန္တလေး မြို့ခံ များကသုံးသပ်သည်။

”ကျွန်တော်ဆိုရင် တစ်ခါရန် ကုန်ကနေ မန္တလေးကို ပြန်ခဲ့တာ နံနက် ၆ နာရီလောက်ရောက်တော့ ဆိုင်ကယ် Taxi တစ်စီး ငှားလိုက် တယ်၊ စထွက်တဲ့အချိန်မှာ ဈေး တစ်မျိုးပြောတယ်၊  လမ်းတစ်ဝက် လောက်ရောက်တော့ ဈေးတစ်မျိုး ပြောပြီး မပေးရင်ဒီနေရာတင် ချ ထားခဲ့မယ်ဆိုပြီးပြောတယ်၊နံနက်အစောကြီး လမ်းမှာလည်းလူက ပြတ်တော့ ချထားခဲ့ပြီးလူရိုက်ယူသွားမှာတွေစိုးတော့ သူတောင်းတဲ့ ဈေးပေးပြီးအရောက်ပို့ခိုင်းရတယ်၊ စငှားတုန်းက စကားပြောကချိုပေ မယ့်လမ်းတစ်ဝက်လောက်လည်း ရောက်တော့ စကားပြောကမိုက် မိုက်ရိုင်းရိုင်းတွေနဲ့ဖြစ်ကုန်ရော၊ အဓိက မနက်အစောပိုင်းလူသွား လူလာပြတ်တယ်ဆိုပြီး အခွင့် ကောင်းယူတာပေါ့၊ အခုလိုမျိုးနံ နက်အစောပိုင်း လုံခြုံရေးကိုအမြဲ ကြပ်မတ်စေချင်တယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၂၃ နှစ်အ ရွယ် မန္တလေးမြို့ခံ တစ်ဦးက၎င်းအမြင်ကိုပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here