ဆိုင်ကယ်မှောက်ကာ အသက်ဘေးနီးခဲ့သော အမေရိကန်လူငယ် ပြန်လည်ကောင်းမွန်လာပြီး စွန့်စားမှုများ ထပ်မံပြုလုပ်ရန်ရည်မှန်း

476

 

အမေရိကန်ပြည်ထောင်စု၊ Arizona  ပြည်နယ်၊ Gilbert မြို့မှ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် ဆိုင်ကယ်မှောက်မှုကြောင့် အသက် ဘေးနီးခဲ့ရာမှ ပြန်လည်ကောင်းမွန်ရန် ဇွဲရှိရှိကြိုးစားခဲ့ကာ နောက်ထပ် စွန့်စားရမည့် အားကစားနည်းများ လုပ်ရန်ရည်မှန်းနေကြောင်း Daily Mail သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ သည်။

 

Wyatt Tidwell အမည်ရှိ အဆိုပါလူငယ်သည် ပြီးခဲ့သောနှစ် အောက်တိုဘာလက ဆိုင်ကယ် မောင်းလာစဉ် အရှိန်လျှော့ရန်ကြိုးပမ်းသော်လည်း အရှိန်မြင့်တက် သွားသဖြင့် တစ်နာရီ ၈၄ မိုင် အမြန်နှုန်းဖြင့် ပြေးနေသော ဆိုင်ကယ်ပေါ်မှ လွင့်ထွက်ကာ လမ်းဘေး အကာအရံတန်းများနှင့် တိုက်မိပြီး နောက်ကျောရိုး၊ အဆုတ်၊ ပေါင်ရိုး၊ ညပ်ရိုး၊ ပခုံး စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ဒဏ်ရာ အပြင်းအထန်ရခဲ့သည်။

 

ဆေးရုံသို့ ရောက်လာသော Wyatt Tidwell ကို အစောပိုင်း၌ ဆရာဝန်များက အသက်ရှင်ရန် သံသယရှိခဲ့သလို ခွဲစိတ်ကုသမှုများ လုပ်ပြီးသည့်အခါ ခါးအောက်ပိုင်းမှ စကာ လေဖြတ်သလို မလှုပ်နိုင်ဘဲ တစ်သက်လုံး လမ်းပြန်လျှောက် နိုင်တော့မည်မဟုတ်ကြောင်း အသိပေး ပြောဆိုခဲ့ကြသည်။ သို့ရာတွင် Wyatt Tidwell  က စိတ်ဓာတ်မကျဘဲ ဆရာဝန်များ၏ ခန့်မှန်းချက် မှားယွင်းကြောင်း သက်သေပြရန်ဆုံး ဖြတ်ကာ ပြန်လည်ကြံ့ခိုင်လာမည့် လေ့ကျင့်ခန်းများကို တစ်နေ့ နှစ်နာရီနှုန်းဖြင့် ဇွဲရှိရှိ ကြိုးစားပြုလုပ်ခဲ့ရာ ခြောက်လအကြာ၌ပင် မတ်တတ်ပြန်ရပ်နိုင်ခဲ့ကြောင်း သိ ရသည်။ မိသားစုနှင့် သူငယ်ချင်းမလေး McKrindee Patton တို့၏ ရာနှုန်းပြည့် ထောက်ခံအားပေးမှုကြောင့် ယခုလို ပြန်လည်ကောင်း မွန်လာကာ အလုံးစုံ ကြံ့ခိုင်မှု ရှိလာပါက ဆိုင်ကယ်စီးခြင်းအပြင် ရေလွှာလျှောစီးခြင်း၊ Wakeboarding ၊ Skydining တို့လို စွန့်စားရသော အားကစားနည်းများ လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း Wyatt Tidwell  က ဆိုသည်။ Wyatt Tidwell  ၏ ဆေးကုသမှု ကုန် ကျစရိတ် အမေရိကန် ဒေါ်လာ ငါးသောင်းပေးရန် အွန်လိုင်းမှ အကူ အညီတောင်း ကောက်ခံနေရာ လတ် တလော အမေရိကန် ဒေါ်လာ ၁ဝ,၇၉၅ ဒေါ်လာ ရရှိထားပြီး ဖြစ် သည်။

 

Ref: Dailymail.co.uk

 

LEAVE A REPLY

Please enter your comment!
Please enter your name here