ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့သည့်  ရုပ်ရှင်မင်းသား  Gerard Butler  ကို ဆေးရုံသို့  ပို့ဆောင်ပေးခဲ့ရ

488

လော့စ်ဇင်းဂျလိစ်မြို့တွင် ထိတ် လန့်ဖွယ် ဆိုင်ကယ်မတော်တဆ မှုဖြစ်ပွားခဲ့ပြီးနောက် နာမည်ကျော် စကော့တလန်ရုပ်ရှင် မင်းသား Gerard Butler  ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

300 ရုပ်ရှင်ဇာတ်ကားများဖြင့် နာမည်ကျော်ကြားသူ အသက် ၄၇ နှစ်အရွယ်ရှိ ဟောလိဝုဒ်မင်းသား Gerard Butler  သည် လော့စ်ဇင်းဂျလိစ်မြို့၌ ဆိုင်ကယ်စီးနင်းသွားလာစဉ် ကားတစ်စီးနှင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ပွန်းပဲ့ဒဏ်ရာများသာ ရရှိသွားခဲ့ကာ အနီးအနားရှိလူများက အရေးပေါ်ဖုန်းနံပါတ် ၉၁၁ သို့ ချက်ချင်းအကြောင်းကြားပေးခဲ့သဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ ဆေးတပ်ဖွဲ့ဝင်များရောက်လာပြီး ၎င်းအားနီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ Gerard Butler  သည် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း လာမည့် သီတင်းပတ်အတွင်း ထွက်ရှိမည့် ရုပ်ရှင်ဇာတ်ကားသစ် Geostrom အတွက် အရောင်းမြင့်တင်ရေး အစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Gerard သည် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ အသက် ၃၉ နှစ်အရွယ်ချစ်သူ အိမ်တွင်းအလှဆင်ပညာရှင် Morgan Brown နှင့် လမ်းခွဲလိုက်၊ ပြန်တွဲလိုက် ဆက်ဆံရေးမျိုးရှိနေသူ ဖြစ်သည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here