ဆိုင်ကယ်ဖြင့် နှစ်ခြောက်ဆယ်ကြာ ကမ္ဘာပတ်ခဲ့သော ဝေးလ်စ်အဘိုးအို နောက်ထပ် ခရီးစဉ်များ စီးနင်းရန် ဆန္ဒရှိနေဆဲ ဟု ထုတ်ဖော်ပြောဆို

804

ဝေးလ်စ်နိုင်ငံ၊ Ebbw Vale မြို့မှ အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် အဘိုးအို  Graham Evans သည် ဆိုင်ကယ်ဖြင့် နှစ်ခြောက်ဆယ်ကြာ ကမ္ဘာပတ်ပြီးသော်လည်း နောက်ထပ်ခရီးစဉ်များ စီးနင်းရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု မေ ၅ ရက်တွင် BBC သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့သော Graham Evans သည် ငယ်ရွယ်စဉ်က မိုင်းလုပ်သား၊ ဗြိတိန် တော်ဝင် လေတပ်သား၊ လျှပ်စစ်ပညာရှင်နှင့် စတီးလုပ်ငန်းများတွင် ကျင်လည်ခဲ့သလို အားလပ်ချိန်များတွင် ဆိုင်ကယ်ပြိုင်ပွဲများ ဦးဆောင်ကျင်းပပေးခဲ့သူဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် အလုပ်မှထွက်ပြီး ဝေးလ်စ် နိုင်ငံမှတစ်ဆင့် ဥရောပအလယ်ပိုင်း၊ ဂရိနှင့် တူရကီတို့ကိုဖြတ်ကာ အာဖရိကတိုက်သို့ စတင်ခရီးထွက်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးခရီးကို ၁၉၅၆ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် Graham Evans သည် တောင်အာဖရိကနိုင်ငံတွင် ဇနီးလောင်း  Doreen  နှင့် တွေ့ဆုံပြီး လက်ထပ်ခဲ့သည်။ အိမ် ထောင်ကျပြီးနောက်ပိုင်းတွင်လည်း Graham Evans သည် ဇနီးသည် Doreen ကို ဆိုင်ကယ်နောက်ခုံတွင် တင်ကာ သြစတြေးလျ၊ နယူးဇီ လန်၊ သီရိလကင်ာ္၊ အိန္ဒိယ၊ အီရန်နိုင်ငံများသို့ ဆက်လက်ခရီးထွက်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် Graham Evans  နှင့် Doreen တို့သည် ကားဖြင့် မြောက်အမေရိက၊ တောင်အမေရိကနှင့် ဥရောပတိုက်များသို့ သွားရောက်ခဲ့သေးသည်။ ယာဉ်ခြောက်စီးဖြင့် ကမ္ဘာ့တိုက်ကြီး ငါးတိုက်ကို မိုင်ပေါင်း သန်းဝက်နီးပါး ခရီးနှင်ခဲ့ပြီးသည့် Graham Evans ၏ ဇနီးဖြစ်သူ Doreen မှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွယ်လွန်သွားသော်လည်း Evans အနေဖြင့် ကမ္ဘာပတ်ရန် ဆန္ဒရှိနေဆဲဖြစ်ကာ အရှေ့ အလယ်ပိုင်းဒေသနှင့် ချယ်ရီပန်း များပွင့်ရာ ဂျပန်နိုင်ငံသို့သွားရောက်ရန် စီစဉ်ထားကြောင်းနှင့် ကမ္ဘာပတ်လိုသည့် မိမိဆန္ဒကို သေမှသာ ရပ် တန့်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။      Ref : bbc.com

LEAVE A REPLY

Please enter your comment!
Please enter your name here