ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

1087

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

၁။ Gasket ကော်

ဆိုင်ကယ်အင်ဂျင်ခြမ်းနှစ်ခြမ်း ဆက်ရာမှာ Gasket နဲ့အတူ ကြားခံပစ္စည်းအနေနဲ့ အသုံးပြုတဲ့ Gasket ကော်ဟာ ရော်ဘာသားနဲ့ ဓာတုဗေဒပစ္စည်းတို့ ပေါင်းစပ်ပြုလုပ်ထားတာကြောင့် သုတ်လိမ်းပြီးတာနဲ့ အင်ဂျင်ဆီယိုစိမ့်မှုမရှိအောင် စွမ်းဆောင်ပေးနိုင်တယ်လို့သိရပါတယ်။ Gasket ကော် ၃ဝ ဂရမ် တစ်ဘူးကို အင်ဂျင်တစ်လုံးစာအတွက်ပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံထုတ်ဖြစ်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ စျေးနှုန်းက ၉ဝဝ ကျပ် ။

 

၂။ ရှေ့ဘရိတ်ရှူး

ထိုင်း Click ၊ Scoopy i ဆိုင်ကယ်သီးသန့်သုံး ရှေ့ဘရိတ်ရှူးဟာ ရော်ဘာ၊ ကြေးစ၊ ဓာတုဗေဒတို့နဲ့ ပေါင်းစပ်ထားတာကြောင့် ကြာရှည်အသုံးခံတယ်လို့ သိရပါတယ်။ အဲဒီဘရိတ်ရှူးဟာ ဆီဘရိတ်တွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး မိုးရေထိတွေ့မှု နည်းမယ်ဆိုရင်တော့ အနည်းဆုံး တစ်နှစ်ကျော်အသုံးခံပါမယ်။ စျေးနှုန်းက

(၂,၁ဝဝ) ကျပ်။

 

၃။ အရောင်တင်ဆီ

ထိုင်းနိုင်ငံထုတ် Waxy တံဆိပ် အရောင်တင်ဆီဟာ ဆိုင်ကယ်ကူရှင်နဲ့ တာယာ စတဲ့ သားရေတွေသုတ်လိမ်းဖို့ သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အရောင်တင်ဆီသုတ်လိမ်းထားခြင်းအားဖြင့် ဆိုင်ကယ်ဖင်ထိုင်ခုံနဲ့ တာယာက Original အရောင်ထက် ပိုတောက်ပစေမှာဖြစ်လို့ ဖုန်မှုန့်တွေ သန့်ရှင်းရေးလုပ်ရာမှာ မြန်ဆန်စေတယ်လို့ သိရပါတယ်။ စျေးနှုန်းက ၂,၈ဝဝ ကျပ်။

 

၄။ ဆိုင်ကယ်ဦးထုပ်

ထိုင်း Sonic တံဆိပ် ဆိုင်ကယ်ဦးထုပ်ဟာ အသက်အန္တရာယ် ကောင်းစွာကာကွယ်နိုင်အောင် ထုတ်လုပ်ထားပြီး ရှေ့မှန်ကာအရောင်ကလည်း နက်ညိုရောင်ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ Sonic ဆိုင်ကယ်ဦးထုပ်ဟာ နားရွက်နေရာအထိပါ ဖုံးအုပ်ပေးထားတာကြောင့် ဆောင်းတွင်းလို ချမ်းအေးတဲ့ရာသီမှာ လေတိုးဒဏ်ကာကွယ်ပေးမှာဖြစ်ပြီး ဦးထုပ်ဘေးနဲ့ ရှေ့မှာပါ လေဝင်၊ လေထွက်ပေါက်တွေ စနစ်တကျထုတ်လုပ်ပေးတယ်။ စျေးနှုန်းက ၁၃,၅ဝဝ ကျပ်။

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊
မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here