ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accesories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessoriesလေးတွေကို  စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

1147

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

 

 

၁။ ကလပ်ပြား

 

တရုတ်နိုင်ငံထုတ် ကလပ်ပြားဟာ သံပြားပေါ်မှာ ကလပ်ဖိုက်ဘာနဲ့ ပြုလုပ်ထားတာဖြစ်လို့ အင်ဂျင်ဝိုင်လဲလှယ်ပေးဖို့ မေ့နေခဲ့ရင်လည်းအင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို လျှင်မြန်စွာအထောက်အပံ့ပေးမယ်လို့သိရပါတယ်။ အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးမယ်ဆိုရင်တော့ ကလပ်ပြားဟာလည်းအနည်းဆုံး နှစ်နှစ်အသုံးပြုခံမယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ၁၂၅ဝ ကျပ်ပါ။

 

၂။ ကပ်ခွာ

 

ဆိုင်ကယ်ကျွတ်(လေလုံး)ပေါက်တဲ့အခါ ပြန်လည်ဖာထေးပေးနိုင်မယ့်ကပ်ခွာဟာ ရော်ဘာသားနဲ့ ပြုလုပ်ထားတာဖြစ်လို့ ခိုင်ခံ့စွာအသုံးပြုနိုင်မယ်လို့သိရပါတယ်။ ကျွတ်ဖာတဲ့နေရာမှာ ဂျေးပြောင်းအောင်တိုက်ဖို့တော့ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကပ်ခွာဟာ ဆိုဒ်ကြီး၊ ဆိုဒ်လတ်၊ ဆိုဒ်သေးသုံးမျိုးထွက်ရှိပြီး စျေးနှုန်းကတော့ တစ်ဗူး ၆ဝဝ ကျပ်ပါ။

 

၃။  ဟွန်း

 

ဆိုင်ကယ်အချက်ပေး ဟွန်းဟာ အရည်အသွေးကောင်းသော သံနဲ့ပြုလုပ်ထားတာကြောင့် ဆိုင်ကယ်တုန်ခါမှုကြောင့် တပ်ဆင်ထားတဲ့အချိန်မှာ ပဲ့ကျတာမျိုးတွေ မရှိဘူးလို့ သိရပါတယ်။ 12 V ဘက်ထရီအားကောင်းနေရင်တော့ အသံထွက်မှုလည်း ကြည်လင်စွာနဲ့ အသံကျယ်လောင်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၁၃ဝဝ ကျပ်ပါ။

 

၄။ ရှေ့မီးသီး

 

တရုတ်နိုင်ငံထုတ် Speed တံဆိပ် ရှေ့မီးသီးဟာ ရှေ့မျက်နှာပြင်ဖန်သား နောက်ကာဗာကို စတိန်းလက်စတီးနဲ့ပြုလုပ်ထားတာအပြင် ဖြူပြာနုရောင်ဖြင့်ထုတ်လုပ်ထားတာကြောင့် သုံးစွဲသူတိုင်း စိတ်ကျေနပ်စေမှာဖြစ်ပါတယ်။ 110, 125, 90 CC စသော ဆိုင်ကယ်အမျိုးအစားအစုံ အသုံးပြုနိုင်ပြီး ဝါယာရိန်း၊ ဘက်ထရီ စတဲ့ မီးပိုင်းကောင်းရင်တော့ ကြာရှည်အသုံးပြုခံမယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ၁ဝဝဝ ကျပ်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here