ဆာလ်ဖာပါဝင်မှုနိမ့်သော ပရီမီယမ်ဒီဇယ် (Ultra Low Sulphur Diesel-ULSD)

108

 

မိုဒယ်မြင့်ဒီဇယ်ကားကို ပရီမီယမ်ဒီဇယ်ပဲ သုံးရပါတယ်။ ပရီမီယမ် ဒီဇယ် ဆိုတာ ဆာလ်ဖာပါဝင်မှုနိမ့်တဲ့ဒီဇယ် ဖြစ်ပါတယ်။ ရိုးရိုးဒီဇယ်ဆီနဲ့ ပရီမီ ယမ်ဒီဇယ်ဆီ ဘာတွေကွာခြားသလဲ။ ပရီမီယမ်ဒီဇယ်ဆိုတာ ပိုပြီး အရည် အသွေးကောင်းတဲ့၊ သန့်စင်တဲ့ ဒီဇယ်ဆီကိုပြောတာပါ။ တွင်းထွက် ရေနံစိမ်းကို ရေနံဓာတုဗေဒ နည်းစဉ်အတိုင်း အဆင့်ဆင့်ချက်လုပ်ပြီးမှ ဒီဇယ်ဆီကို ရပါတယ်။ ရေနံစိမ်းမှာ ဖယောင်းနဲ့ ဆာလ်ဖာဓာတ် ပါဝင်နေတဲ့ အတွက် ဒီဇယ်ဆီမှာလည်း ဆာလ်ဖာတွေ ပါဝင်နေတယ်။ အရည်အသွေးမြင့်တဲ့ ဒီဇယ်ဆီက ဆာလ်ဖာပါဝင်မှု နည်းရပါတယ်။ ဆာလ်ဖာပါဝင်မှု အနည်းအများကိုလိုက်ပြီး ဒီဇယ်ဆီရဲ့အရည်အသွေး အဆင့်အတန်းကို သတ်မှတ်ပါတယ်။ ဆာလ်ဖာပါဝင်မှု ပမာဏနည်းလေ ဒီဇယ် အရည်အသွေး ကောင်းလေပါပဲ။
ဆာလ်ဖာပါဝင်မှုပမာဏကို ppm (Parts Per Million) ယူနစ်နဲ့ ဖော်ပြပါတယ်။ ရေနံစိမ်း(Crude Oil)မှာ ဆာလ်ဖာပါဝင်နေတဲ့ ပမာဏက 33,000 ppm အထိ ရှိပါတယ်။ ရေနံစိမ်းကို ချက်လုပ်တဲ့နည်းစဉ် (Refining Process)မှာကတည်းက ဆာလ်ဖာဓာတ်တွေကို မဖယ်ရှားနိုင် ခဲ့ရင်တော့ ညစ်ညမ်းနေတဲ့ ဒီဇယ်ဆီတွေပဲ ထွက်လာမှာပါ။ ရေနံစိမ်းရဲ့ မူလ အရည်အသွေးအပေါ်မှာ မူတည်ပြီး ထွက်ရှိလာတဲ့ ဒီဇယ်ဆီရဲ့ ဆာလ် ဖာပမာဏ(Sulphur Level)ဟာ 50 ppm ကနေ 10,000 ppm အထိ ရှိပါတယ်။ ဆာလ်ဖာပါဝင်မှု Level ကိုလိုက်ပြီး ဒီဇယ်ကို Grade တွေ ခွဲထားပါတယ်။
Standard Grade Diesel- 550 ppm Sulphur
Low Sulphur Grade Diesel- 50 ppm
Ultra Low Sulphur Diesel- 15 ppm
နိုင်ငံတကာမှာတော့ ၂၀ဝ၇ မိုဒယ်နဲ့အထက် ဒီဇယ်ကားတွေကို ပရီမီယမ်ဒီဇယ်ပဲ သုံးနေပါပြီ။ ဆာလ်ဖာပါဝင်မှုနိမ့်တဲ့ ဒီဇယ်ဆီကို သုံးရင် ဘာတွေ အကျိုးရှိမလဲ။ ဒီဇယ်မီးခိုးထွက်တာ လျော့ကျသွားမယ်၊ အင်ဂျင် performance ပိုကောင်းလာမယ်။ ဒီဇယ် Injection စနစ်က Injector တွေ ပွန်းစားမှုသက်သာမယ်။ ဆာလ်ဖာပါဝင်မှု အလွန်နည်းပါးသွားတဲ့ အတွက် အင်ဂျင်ဝိုင်သက်တမ်းပိုပြီး တာရှည်ခံတယ်။ ဆာလ်ဖာကြောင့် အင်ဂျင် ညစ်ပတ်စေတာပါ။ အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ ပစ္စတင် Ring တွေ၊ ဆလင်ဒါတွေ၊ အိပ်ဇောဗား၊ Intake Valve တွေ ပွန်းစားမှုသက်သာပြီး အင်ဂျင်သက်တမ်း ပိုရှည်ပါတယ်။
ပတ်ဝန်းကျင်လေထု ညစ်ညမ်းစေတဲ့ ဒီဇယ်မီးခိုးအမှုန်အမွှားတွေနဲ့ Diesel Emission တွေ သိသိသာသာ လျော့ကျသွားတယ်။ ဒီဇယ်အိပ် ဇောမီးခိုးကြောင့်ဖြစ်ရတဲ့ လူ့ကျန်းမာရေးထိခိုက်မှုတွေ သက်သာသွား တယ်။ ဒီဇယ်ဆီကို သုံးစွဲနေတဲ့နယ်ပယ်က ဓာတ်ဆီအသုံးထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ သုံးစွဲမှုပမာဏလည်း ပိုပြီးများပါတယ်။ စီးပွားရေး လုပ်ငန်းသုံး ကားကြီးမှန်သမျှ ဒီဇယ်ဆီပဲ သုံးပါတယ်။ တခြားစက်မှုလုပ် ငန်းတွေမှာလည်း ဒီဇယ်၊ လက်ယာကဏ္ဍသုံး စက်ယန္တရားတွေ၊ ရေယာဉ် သင်္ဘောတွေလည်း ဒီဇယ်၊ ရထားပို့ဆောင်ရေးလည်း ဒီဇယ်၊ အရေးပေါ် မီးစက်အင်ဂျင်လည်း ဒီဇယ်၊ တည်ဆောက်ရေးလုပ်ငန်းသုံး ယန္တရားကြီး တွေလည်း ဒီဇယ်၊ ဒီဇယ်ဆီအသုံးက ပိုပြီး ကျယ်ပြန့်သလောက် ပတ် ဝန်းကျင်လေထု ညစ်ညမ်းမှုတွေကလည်း တိုးမြင့်နေပါတယ်။
ဒါတွေကို လျော့နည်းကျဆင်းသွားစေဖို့ Diesel Emission တွေ ကို ထိန်းချုပ်ဖို့လိုပါတယ်။ နိုင်ငံတကာမှာ သက်ဆိုင်ရာအစိုးရက ဒီဇယ် အိပ်ဇော Emission တွေ၊ ဆာလ်ဖာ လျော့နည်းကျဆင်းစေဖို့ Low Sulphur Diesel ဆီတွေ သုံးစွဲရေးကို ဥပဒေသတ်မှတ်ပြဋ္ဌာန်းပြီး ထိန်း ကျောင်းမှုတွေ လုပ်နေကြပါပြီ။ EU လို့ခေါ်တဲ့ ဥရောပနိုင်ငံတွေမှာ ၂၀ဝ၅ ခုနှစ်ကတည်းစပြီး Emission အဆင့်ကို Euro IV လို့သတ်မှတ်ပြီး ဒီဇယ် ကားတွေမှာ ဆာလ်ဖာပါဝင်မှု 50 ppm (Parts Per Million) ရှိတဲ့ Low Sulphur Diesel တွေကို သုံးစွဲစေပါတယ်။ ၂၀ဝ၉ ခုနှစ်မှာတော့ ဥရော ပကော်မရှင်က Emission အဆင့်ကို Euro V လို့ သတ်မှတ်ပြီး Ultra-Low Sulphur Diesel (ULSD) ကို သုံးစွဲစေခဲ့ပါတယ်။ ဆာလ်ဖာပါ ဝင်မှုက 10 ppm ပဲရှိပါတယ်။
အမေရိကန်မှာတော့ USEPA လို့ခေါ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေမှာ အာဏာပိုင်အဖွဲ့အစည်းပါ ထိထိရောက်ရောက်ကို အရေးယူဆောင်ရွက် ပါတယ်။ 2007 model year ကစပြီး Light Duty Diesel Engine တိုင်းမှာ Emission Regulation တွေကို လိုက်နာရပြီး Low Sulphur Diesel ကိုပဲ သုံးရပါတယ်။ ကားတိုင်းမှာ Advanced Emission Control နည်းပညာတွေကို တပ်ဆင်အသုံးပြုရပါတယ်။ အမေရိကန်ရဲ့ Ultra Low Sulphur ဆီရဲ့ ဆာလ်ဖာပါဝင်မှုက 15 ppm ပဲရှိပါတယ်။
15 ppm ဆိုတာ တော်တော်နည်းပါးတဲ့ ပမာဏပါ။ ရာခိုင်နှုန်းနဲ့ ဆိုရင် သုည ဒသမ ဝ၀၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီဇယ်ကားတွေမှာ သုံးရမယ့် ဒီဇယ်ဆီ ွမေိန ကို ကန့်သတ်လိုက်တာကြောင့် အမေရိကန် ဈေးကွက်ကို တင်ပို့လိုက်တဲ့ Toyota , Nissan , Audi , Mercedes-Benz , BMW စတဲ့ ဒီဇယ်ကားတွေမှာ Emission Standard ကို မြှင့်တင်လိုက်ရပါတယ်။ ဒီလိုမျိုး ဒီဇယ်အရည်အသွေးကို ကန့်သတ် ထိန်းချုပ်လိုက်တဲ့အတွက် ဘာတွေအကျိုးရှိသလဲဆိုတော့ ဒီဇယ်ကား တွေက မှုတ်ထုတ်လိုက်တဲ့ ဒီဇယ်မီးခိုးအမှုန်အမွှား (Diesel Particulate Matter) လေးတွေ တစ်နှစ်ကို တန်ချိန် ၁၁၀,ဝဝဝ လောက် လျှော့ချ နိုင်တယ်လို့ US , EPA က ခန့်မှန်းတွက်ချက်ထားပါတယ်။
အင်္ဂလန်၊ ဂျာမနီ၊ ဆွီဒင်စတဲ့ စက်မှုနိုင်ငံတွေမှာလည်း လေထု ညစ်ညမ်းမှုသက်သာစေတဲ့ Ultra Low Sulphur Diesel ကို သုံးနေ ကြပါပြီ။ မြောက်အမေရိကဒေသဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေ မှာလည်း ၂၀ဝ၆ ခုနှစ်လောက်ကစပြီး ULSD ဒီဇယ်ကို သုံးနေကြပါပြီ။ အိန္ဒိယနိုင်ငံကလည်း ဒီဇယ်ကားများအတွက် ဒီဇယ်ဆီဆာလ်ဖာပါဝင်မှုကို 350 ppm အထိ ကန့်သတ်ထားပါတယ်။ မြို့ပြ လေထုညစ်ညမ်းမှုတွေ အမြင့်ဆုံးရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံကလည်း Emission Standard ကို Euro III လို့ သတ်မှတ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်လုပ်နေပါပြီ။ တရုတ် က အတော်လေး နောက်ကျပါတယ်။ တရုတ်မြို့တော် ဘေကျင်းမှာ တောင် လေထုအရည်အသွေးက ဆိုးဆိုးရွားရွားကျဆင်းလို့ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ သတင်းတွေ အသံ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ဖူးပါတယ်။
အာရှနိုင်ငံတွေမှာလည်း လေထုညစ်ညမ်းမှု လျော့နည်းအောင် ဆာလ်ဖာပါဝင်မှုနည်းတဲ့ ပရီမီယမ်ဒီဇယ်ကားတွေ သုံးနေကြပါပြီ။ စင်ကာပူနိုင်ငံဆိုရင် ၂၀ဝ၅ ခုနှစ်ကတည်းက Ultra Low Sulphur Diesel ကိုသုံးနေပါပြီ။ ရိုးရိုးသာမန်ဒီဇယ်ဆီက ဆာလ်ဖာပါဝင်နှုန်း မြင့်မားနေပါတယ်။ ဒီဇယ် Cetane နံပါတ်လည်း နိမ့်ပါတယ်၊ အင်ဂျင် Performance မကောင်းပါဘူး။ နော်ဇယ်၊ ပလန်ဂျာတွေ၊ ပန့်တွေ ပွန်းစားမှု မြန်စေပါတယ်။ ဆာလ်ဖာများနေတဲ့အတွက် ဒီဇယ်အင်ဂျင်မှာ အင်ဂျင် ဝိုင်တွေ ခဏလေးနဲ့ ညစ်ပတ်ကုန်ပါတယ်။ ဒီဇယ်အိပ်ဇောမှာ မီးခိုးမည်း တွေနဲ့ အမှုန်အမွှားတွေများတဲ့အတွက် လေထုညစ်ညမ်းမှုတွေ မြင့်တက် စေပါတယ်။ ဒီဇယ်မီးခိုးတွေကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ အသက် ရှူလမ်းကြောင်းမှာ ရောဂါတွေ ရစေပါတယ်။
ရိုးရိုးဒီဇယ်ဆီရဲ့ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ ဆာလ်ဖာပါဝင်မှု အလွန် နည်းတဲ့ ULSD ဒီဇယ်ကိုသုံးမယ်၊ ကွန်ပျူတာထိန်းချုပ်မှုနဲ့ အလုပ်လုပ်တဲ့ Common Rail Direct Injection နည်းပညာတွေကို သုံးမယ်။ သန့်ရှင်း တဲ့ ဒီဇယ်နည်းပညာတွေသုံးပြီး ဒီဇယ်အိပ်ဇော အီမစ်ရှင်းတွေကို လျှော့ချ နိုင်မယ်ဆိုရင် ဒီဇယ်မီးခိုးအမှုန်အမွှားတွေ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ပါတယ်။
ရေနံချက်လုပ်ငန်း၊ ရေနံ ဓာတုဗေဒကုမ္ပဏီကြီးတွေက ဆာလ်ဖာ ဓာတ်အနည်းဆုံးပါတဲ့ ULSD ဒီဇယ်ဆီကို Superior Additive ထပ် ပေါင်းဓာတုပစ္စည်းရောစပ်ပြီး အရည်အသွေးမြင့်အောင် ထုတ်လုပ်လာ ကြပါတယ်။ ဒီဇယ်ဆီ အရည်အသွေးကောင်းတဲ့အတွက် ဆီစားနှုန်း သက်သာပြီး အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေလည်း ပွန်းစားမှုသက်သာ စေပါတယ်။
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေက Octane ဆီကို 92 RON နဲ့ 95 RON ဆိုပြီး ရောင်းပါတယ်။ ဒီဇယ်ကျတော့ ရိုးရိုးဒီဇယ်နဲ့ ပရီမီယမ် ဒီဇယ်ဆိုပြီး ခွဲရောင်းပေမဲ့ ပရီမီယမ်ဆီက ဆာလ်ဖာ Level ဘယ်လောက် ရှိတဲ့ ဒီဇယ်လဲဆိုတာ ဖော်ပြလေ့မရှိပါဘူး။ 500 ppm ရှိတဲ့ Standard Grade လား၊ 50 ppm သာပါတဲ့ Low Sulphur Diesel လား၊ 10 ppm သာပါတဲ့ အကောင်းဆုံး Ultra Sulphur Diesel လားဆိုတာကို ဝယ်ယူသူ Customer တွေသိဖို့ လိုပါတယ်။ အခြင်အတွယ်ပြည့်ဝ ကြောင်းနဲ့ အရည်အသွေးစံချိန်မီကြောင်း အာမခံရပါတယ်။ ဒီတာဝန်ဟာ ဆီရောင်းချတဲ့ ကုမ္ပဏီရဲ့တာဝန်ပါ။ ဝယ်ယူသူ ကားပိုင်ရှင်တွေအတွက် လည်း စားသုံးသူအခွင့်အရေး အပြည့်အဝရရှိနိုင်ဖို့ ကာကွယ်ပေးဖို့ အဖွဲ့ အစည်းက လုပ်ပေးရပါမယ်။
စွမ်းအင်ဝန်ကြီးဌာန MPPE ကလည်း စက်သုံးလောင်စာဆီတွေ ပြန်လည်ရောင်းချပေးဖို့ ပြည်ပကုမ္ပဏီကြီးတွေနဲ့ ညှိနှိုင်းနေပါတယ်။ လက်ရှိ ပုဂ္ဂလိကဆီဆိုင်တွေက လက်ဝါးကြီးအုပ်ရောင်းချနေတဲ့ သဘော မျိုးဖြစ်နေတယ်။ MPPE ကသာ ဈေးကွက်ယှဉ်ပြိုင်ပြီး ရောင်းချနိုင်ခဲ့ရင် ဈေးနှုန်းမှန်၊ အရည်အသွေးမှန်တဲ့ ပရီမီယမ်ဒီဇယ်တွေ ဝယ်ယူနိုင်တော့ မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here