ဆာဖာရီဥယျာဉ်အတွင်း ခြသေင့်္တစ်ကောင်က ကားတံခါးကို သွားဖြင့်ကိုက်၍ ဖွင့်ရန် ကြိုးပမ်းခဲ့

643

တောင်အာဖရိကနိုင်ငံ၊ ဆာဖာရီဥယျာဉ်အတွင်းတွင် ခြသေင့်္တစ်ကောင်က ကားတံခါးဖွင့်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်အား မေ ၁ ရက် တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ခြသေင့်္ သည် ကားတံခါးလက်ကိုင်နေရာ ကို သွားဖြင့်ကိုက်၍ ကားတံခါးဖွင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ကားအတွင်းရှိ ခရီးသည်များသည် ခြသေင့်္ မည်သို့ ပြုမူမည်ကို အပျော်သဘောဖြင့် စောင့်ကြည့်နေခဲ့ကြသော်လည်း ကားအတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း သတိပြုမိခဲ့ကြသည်။

ထိုအဖြစ်အပျက်ကို ခင်ပွန်းဖြစ်သူနှင့်အတူ ကားမောင်းနှင်လာသည့် အသက် ၃၆ နှစ်အရွယ် Bronwyn Hattingh က ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ကားတံခါးလက်ကိုင် ဖွင့်လိုက်/ပိတ်လိုက် ဖြစ်နေသည့်အသံကို ကြားနိုင်ကြောင်းနှင့် အဆိုပါ ခြသေင့်္သည် ထိုကဲ့သို့ ကားတံခါး အဖွင့်/အပိတ်ကို ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးပုံရကြောင်း တို့ကိုလည်း Ms.Hattingh က ထုတ်ဖော်ပြောပြခဲ့သည်။ ခြသေင့်္က ကားကို လှည့်ပတ်ကြည့်ရန် ကားအနောက်ဘက်ဆီ ခြေလှမ်းသွားစဉ် ကားမောင်းသူက ကားကို သတိဝီရိယဖြင့် မောင်းထွက်ချိန်၌ ဗီဒီယိုအဆုံးသတ်ခဲ့သည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here